“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, September 12, 2011

ခရမ်းမြို့ က မေတ္တာရှင်မလေး


အကြီးကြည့်ရန် ရုပ်ပုံပေါ် ကလစ်နှိပ်ပါ။

ခရမ်းမြို့နယ် NLD လူငယ်အဖွဲ့ဝင် မသင်းသင်းယု ဟာ အမေစုရဲ့ ဆင်းရဲ နွမ်းပါးသော ကလေးများ ပညာရေး ဖွံဖြိုးမှု အစီအစဉ်ကို ၀ိုင်ဝန်း အကောင်အထည် ဖေါ်တဲ့ အနေနဲ့ ဆရာတော် ဦးကောသလ္လ နှင့် ခရမ်းမြို့နယ် NLD လူကြီးများ ၀ိုင်းဝန်း ကူညီမူနဲ့ သူမရဲ့ အိမ်ကလေးမှာ ကလေးငယ် (၇၄) ယောက်ကို အခမဲ့ ပညာ သင်ကြား နေပါတယ်။ မွန်မြတ်တဲ့ သူမရဲ့ စေတနာနဲ့ အမေစုရဲ့ ရည်ရွယ်ချက်ကို အကောင်အထည် ဖေါ်တဲ့ အနေဖြင့် အမေ့ အရိပ်( အခမဲ့) ပညာဒါန ကျောင်းဆိုင်းဘုတ် တင်ပွဲ နဲ့ အလှူငွေ ပေးအပ်ပွဲကို (၁၁.၉.၁၁)နေ့ ခရမ်းမြို့နယ်( ၁၀) ရပ်ကွက်က သူမရဲ့ နေအိမ်မှာ NLD ဖွဲ့ချုပ်ရဲ့ ဦးဆောင်မူနဲ့ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

NLD အဖွဲ့ချုပ်မှ ဆရာ ဦအောင်ကြည်ညွန့် တက်ရောက်ပြီး ဖွင့်လှစ် ပေးခဲ့ပါတယ်။ အမေ့အိမ်( လှိုင်သာယာ ) ပညာ ဒါနကျောင်းမှ အလှူငွေ ၁၀၀၀၀၀ိ/ တစ်သိန်းကျပ် နှင့် ကျောင်းဆိုင်းဘုတ် နှစ်ခု၊ အခြား အလှူရှင် သုံးဦးမှ စုစုပေါင်း အလှူငွေ ၄၆၀၀၀ိ/ ကျပ် ကို ခရမ်းမြို့ အမေ့ အရိပ်(အခမဲ့) ပညာဒါန ကျောင်းလေးကို ပေးအပ် လှူဒါန်း ခဲ့ကြပါတယ်။

အမေစုရဲ့ ဆင်းရဲ နွမ်းပါးသောကလေးများ ပညာရေးဖွံဖြိုးမူအစီအစဉ်ကို အားလုံး သာဓု ခေါ်နိုင်ရန် တင်ပြ လိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ် (၀၉ ၅၁၆၂၀၆၀)
အမေအိမ် ပညာရေး ကော်မတီ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */