“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, September 01, 2011

တရုတ်ဗိုလ်ချုပ်ကြီးရဲ့ စပိုင်အကြောင်း ထုတ်ဖော်ချက် အင်တာနက်ပေါ် ပျံ့နှံ့

Tuesday, 30 August 2011 07:44 သုခသခင် (ပေးပို့ သူ-ဗမာ့သွေး)
တရုတ်ဗိုလ်ချုပ်ကြီး တစ်ယောက်ကနေပြီးတော့ စပိုင်ကိစ္စကို ပြောဆိုတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ အင်တာနက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။ ဒီလို စပိုင်နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေဟာ တရုတ်ပြည်အတွက်ဆို အရမ်းကို လျှို့ဝှက်ထားတဲ့ အရာတွေပါ။

ဒီ ဗီဒီယိုထဲမှာတော့ Maj Gen Jin Yinan က ကွန်မြူနစ်ပါတီက အဖွဲ့ဝင်တွေ အကြောင်းကို ဝေဖန်ပြောဆို ထားတာပါ ။ သူက ပါတီဝင်တွေဟာ တဖြည်းဖြည်း ခြစားနေပြီးတော့ နိုင်ငံရဲ့ အရေးကြီးတဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို အခြားနိုင်ငံများသို့ ရောင်းချနေကြကြောင်း သူက ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရကတော့ ဒီကိစ္စရပ်အပေါ် တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားတာတော့ မရှိသေးပါဘူး။ တရုတ်တွေ အတွက်တော့ စပိုင်နဲ့ပတ်သက်တဲ့ ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ ရှိခဲ့ပါတယ် ။ ဒါကြောင့် ဒီအကြောင်းကိစ္စတွေကို ထုတ်ပြောလေ့မရှိပါဘူး ။

ဗီဒီယိုဖိုင်ထဲကို Gen Jim က ဘေဂျင်း အမျိုးသားကာကွယ်ရေး တက္ကသိုလ်မှာ ကျောင်းသားတွေအား ဟောပြောနေတုန်း ရိုက်ထားတာပါ ။ သူက အရင်မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ စပိုင်ကိစ္စအတော်များများကို ဖွင့်ချသွားခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်ရပါတယ် ။

သူက ဆိုးလ်ရှိ တရုတ်သံအမတ်ကိစ္စကိုလည်း ပြောကြားသွားပါသေးတယ်။ အဆိုပါ တရုတ်သံအမတ်ဟာ အရေးပါတဲ့ အချက်အလက်တွေကို တောင်းကိုးရီးယားသို့ ပေးအပ်ခဲ့ပါတယ် ။ သူ့ကို စီးပွားရေးဆိုင်ရာ ရာဇ၀တ်မှုနဲ့ပဲ ဖမ်းဆီးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်အစိုးရအနေနဲ့ သံအမတ်ရဲ့ မှားယွင်းတဲ့ လုပ်ဆောင်ချက်ဟာ ရှက်ဖွယ်လိလိလို့ ထင်မြင်လို့ပါပဲလို့ Gen Jim က ဖွင့်ချပြောဆိုခဲ့ပါတယ်။

သူက အခြားစီနီယာ အရာရှိရဲ့ သူလျှိုကိစ္စတွေကို ဆက်လက်ပြောဆိုခဲ့ပါတယ်။ သူ့အဖေလည်း အရင်မျိုးဆက် တစ်ခုလောက်က သူလျှိုကိစ္စတွေကို ဆောင်ရွက်ဖူးကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဖေကတော့ ကွန်မြူနစ်တွေအတွက် သူလျှိုလုပ်ခဲ့တာဖြစ်ကြောင်းနဲ့ အခုလို ကွန်မြူနစ်ပါတီရဲ့ သတင်းတွေကို သူလျှိုလုပ် ရောင်းစားတာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါသေးတယ်။

ဒီအကြောင်းကို နားထောင်ရသူတွေက တက္ကသိုလ်ကျောင်းသားလေးတွေပါ။ ဒီဟောပြောချက်အတွင်းမှာ သူက ဒီလိုနိုင်ငံကို သစ္စာဖောက်ပြီးတော့ သူလျှိုလုပ်နေသူတွေကို သတိပေးပြောကြားခဲ့ပါသေးတယ် ။

တရုတ်ခေါင်းဆောင်တွေဟာ သူလျှိုနဲ့ ပတ်သက်တာတွေကို ပြောလေ့မရှိတဲ့အတွက် ဒီလို အသေးစိတ် အချက်အလက်တွေ ပေါက်ကြားသွားတာကို ဒေါသအမျက်ခြောင်းခြောင်း ထွက်နေမှာတော့ သေချာပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */