“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, September 14, 2011

အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် အဖွဲ့တွင် ဝင်နိုင်ရေး အဆို အတည်ပြု

မျိုးသန့် | အင်္ဂါနေ့၊ စက်တင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၇ မိနစ်(ပေးပို့ သူ - ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ မြန်မာနိုင်ငံ၏ ဆည်ကြီးများ တည်ဆောက်ရေး စီမံကိန်းတွင် "အပြည်ပြည်ဆိုင်ရာ ဆည်ကော်မရှင် ICOLD ၏ အကြံပြုချက်များ ရယူရန်နှင့် ဆည်ကြီးများဆိုင်ရာ ကော်မရှင်တရပ် ဖွဲ့စည်းရေးအဆို ဗဟိုအစိုးရကို တိုက်တွန်းကြောင်း" အဆိုကို အင်္ဂါနေ့ အထက်လွှတ်တော်တွင် ကန့်ကွက်သူမရှိ အတည်ပြုပေးလိုက် သည်။

မြန်မာ ဆောက်လုပ်ရေး တတ်သိပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသ ပညာရှင်များနှင့် ငလျင် ပညာရှင်များ စုပေါင်းထားသည့် MCOLD (Myanmar Commission on Large Dams) အဖွဲ့ ဖွဲ့စည်းရေး ဖြစ်သည်။

လျှပ်စစ်ဒုဝန်ကြီး ဦးမျိုးမြင့်၏ အဆိုကို အမတ် ၄ ဦးက ထောက်ခံ ဆွေးနွေးခဲ့ကြပြီး၊ အစိုးရသစ်၏ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုဝန်ကြီး ဦးခင်သော်မှလည်း ထောက်ခံကြောင်း ဖြည့်စွက်ဆွေးနွေး သွားခဲ့သည်။

ဦးခင်သော်မှ ICOLD (International Commission on Large Dams) သို့ စစ်အစိုးရ လက်ထက်တွင် ဝင်ခွင့်ရရန် ကြိုးစားခဲ့သေးပြီး အခက်အခဲများရှိနေခြင်းကြောင့် ဝင်ခွင့်မရခဲ့ကြောင်း လွှတ်တော်ဆွေးနွေးပွဲတွင် ပြောသွားသည်ဟု အမတ်များက ပြောသည်။ သို့သော် ICOLD သို့ ဝင်ခွင့်ရရန် ကြိုးပမ်းသည့် ခုနှစ်နှင့် မည်သည့် အခက်အခဲကြောင့် ဝင်ခွင့်မရသည်ကို ပြောသွားခြင်းမရှိဟု သိရသည်။

ကြံ့ခိုင်ရေး လွှတ်တော်အမတ် ဦးမျိုးမြင့်၏ အဆိုကို ထောက်ခံသူများဖြစ်သည့် ချင်းပြည်နယ် ချင်းအမျိုးသား တိုးတက်ရေးပါတီ မဲဆန္ဒနယ် ၄ မှ ဦးစတီဗင်သာဘိတ်၊ ရှမ်းပြည်နယ် ရှမ်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီ မဲဆန္ဒနယ် ၂ မှ ဦးစိုင်းကျော်ဇောသန်း၊ ကြံ့ခိုင်ရေးပါတီမှ အမတ်များဖြစ်သည့် မကွေး မဲဆန္ဒနယ် ၆ မှ ဦးစိုးမြင့်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် ၈ မှ ဦးရှုမောင်တို့မှ ICOLD ၏ နည်းပညာနှင့် အကြံပေးချက်များ အကူအညီ ရယူကာ ဆည်များ ဆောက်လုပ်နိုင်ရန် အကြံပြု ဆွေးနွေးသွားသည်။

အထက်လွှတ်တော်က အတည်ပြုပေးလိုက်ပြီး ဖြစ်သော်လည်း ဗဟိုအစိုးရက မည်သည့် အချိန်တွင် အကောင်အထည် ဖေါ်မည်၊ မည်သို့ ဖွဲ့စည်းမည်ကို အမတ်များအနေဖြင့် မသိရှိနိုင်သေးဘဲ ဖြစ်နေသည်။

ICOLD သည် ပြင်သစ်နိုင်ငံတွင် အခြေစိုက်သည့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံပေါင်း ၉ဝ ကျော်ရှိကာ၊ နိုင်ငံတကာမှ ဆည်ဆောက်လုပ်ရေး တတ်သိ ပညာရှင်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ဆောင်နေသူများ၊ မိုးလေဝသပညာရှင်များနှင့် ဖွဲ့စည်းထားသည်။

ICOLD ကို ၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများရှိ ဆည်တည်ဆောက်မှုများတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိရန် အကြံပေးခြင်း၊ ဆည်ကြံ့ခိုင်မှုရှိရန်အကြံပေးခြင်းနှင့် စီးပွားရေးဆိုင်ရာ အကျိုးရလဒ်များ တွက်ချက်ပေးခြင်းတို့ ပြုလုပ်နိုင်ရန် ရည်ရွယ်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ယင်း၏ အင်တာနက် စာမျက်နှာတွင် ဖေါ်ပြထားသည်။



Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */