“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 09, 2011

ကချင်မြို့တော် မြစ်ကြီးနားတွင် မြန်မာအစိုးရဆန့်ကျင် ပိုစတာများ ကပ်

Published on Monday, 08 August 2011 07:00 Written by KNG
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ သြဂုတ် ၅ ရက်တွင် ကျောင်းသားများလက်ရေးဖြင့် မြန်မာအစိုးရဆန့်ကျင် A-4 စာရွက် ၁၆၀၀ ကျော် လိုက်လံဖြန့်ကျဲခြင်း၊ ကပ်ခြင်းများပြုလုပ်ခဲ့သည်ဟု ကျောင်းသားများပြောသည်။

စာရွက်တွင် “ငြိမ်းချမ်းရေးချက်ချင်းပေး၊ ပြည်သူကိုမသတ်နဲ့၊ ပြည်သူကိုကာကွယ်ပေး၊ အကြမ်းဖက် လုပ်ရပ်များရပ်တန်းကရပ်၊ ပြည်သူ့ပစ္စည်းကိုမဖျက်ဆီးနဲ့” စသည့်အချက်များ ဖော်ပြထားသည်။

“ပြည်သူ့ဆန္ဒ” ဟု စာရွက်အောက်တွင် ရေးထားသော အစိုးရဆန့်ကျင် ပိုစတာများကို မြစ်ကြီးမြို့၏ အဓိက (၉) ရပ်ကွက်တွင် ဖြန့်ဝေခဲ့ကြောင်း ကျောင်းသားများ ပြောသည်။

သြဂုတ်လ ၈ ရက်နေ့သည် ကျောင်းသားများစတင်ခဲ့သည့် မြန်မာပြည်တွင် အကြီးဆုံး ၈ လေးလုံး ဒီမိုကရေစီ လူထုအုံကြွမှုကြီး၏ ၂၃ နှစ်ပြည့်နေ့ ဖြစ်သည်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */