“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, August 20, 2011

တိဗက်တွေအတွက် သုခဘုံက ဘယ်တော့လဲ..

Thursday, 18 August 2011 13:58 သုခသခင် (ပေးပို့ သူ ဗမာ့သွေး)
ဒီအပတ်အတွင်း တိဗက်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးက "ငါတို့ တိဘက်တွေ လွတ်မြောက်မှုကို လိုလားတယ်" " ဒလိုင်းလားမားကို တိဗက်ပြန်ခွင့်ပေးပါ " လို့တောင်းဆိုလျက် ကိုယ့်ကိုယ်ကို မီးလောင်ကျွမ်းစေကာ အသက်စွန့်ခဲ့ပါတယ်။

ဒါဟာ ဒီနှစ်အတွင်း ဒုတိယမြောက် တိဗက် ဘုန်းတော်ကြီးတွေရဲ့ ကိုယ့်ကိုကိုယ် မီးရှို့အသက်စွန့်ကာ တရုတ်ဆီမှ တိဗက်လွတ်မြောက်မှု အတွက် တိုက်ပွဲဝင်လိုက်ခြင်းပါပဲ။ ဒါဟာ တရုတ်ရဲ့ တိဗက်အပေါ် ဆက်လက်ဖိနှိပ်ချုပ်ချယ်မှု အထောက်အထားပါပဲ။ နောက်တိဗက်တွေရဲ့ မဆုတ်မနစ်သော နောက်မတွန့်သော ရွံ့ရွံ့ချွံချွံခုခံမှု သက်သေပါပဲ။

အသံမဲ့နေသော ရဲရင့်တဲ့ တမြေတည်းနေ တရေတည်းသောက် တိဗက်က စွန့်လွှတ်စွန့်စားသူတွေကို ပံ့ပိုးဖို့ဆိုတာ တိဗက်လူမျိုးတွေရဲ့ အလေးထားအပ်တဲ့ တာဝန်ပါ ။

တရုတ်တပ်တွေ ပထမဆုံးတိဗက်ကို ရောက်ရှိတဲ့ ၁၉၅၀ ခုနှစ်တုန်းက တရုတ်တွေက တိဗက်လူမျိုးတွေအတွက် ဆိုရှယ်လစ် သုခဘုံလေးကို ဖန်တီးပေးဖို့ ကတိပေးခဲ့ပါတယ် ။ အခုနှစ်ပေါင်း ၆၀ ကျော် မတရားသဖြင့် အုပ်ချုပ်ပြီးနောက် တိဗက်မှာ သုခဘုံဆိုတာ မတွေ့ရပါဘူး ။ ဆိုရှယ်လစ်စနစ်ဆိုတာ မရှိပါဘူး ၊ ကိုလိုနီစနစ်ပဲ ရှိတာပါ။ သုခဘုံဆိုတာမရှိပါဘူး၊ ကံဆိုးမိုးမှောင် ကျမှုတွေသာ ရှိတာပါ။

တရုတ်ကနေ တိဗက်ကို လမ်းဖောက်ဖို့အတွက် တိဗက်လူမျိုးတွေက ကူညီခဲ့ပါတယ် ။ ယဉ်ကျေးပါတယ်ဆိုတဲ့ တရုတ်စစ်သားတွေဆီက ငွေပြားလေး နည်းနည်းတော့ ရလိုက်ပါရဲ့။ လမ်းတွေဖောက်ပြီးတော့ ၁၉၅၀ အစောပိုင်းမှာ တွင်းထွက်ပစ္စည်းတွေကြွယ်ဝတဲ့ တိဗက်တောင်တန်းတွေဆီ ထရပ်ကားတွေ ရောက်ရှိလာပါတော့တယ်။

နောက် တရုတ်အလုပ်သမားတွေ၊ ဘာအတွက်လာကြတာလဲ။ ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိတဲ့ ရွှေ ၊ ကြေးနီ ၊ ယူရေနီယံစတဲ့ တွင်းထွက်တွေကို သွေးစုတ်အမြတ်ထုတ်ဖို့ပါပဲ ။

တစ်ညတာအတွင်း ပြောင်းလဲမှုတွေကို တွေ့ရပါတယ်။ ယဉ်ကျေးပါတယ်ဆိုတဲ့ တရုတ်လူမျိုးတွေလည်း ပြောင်းလဲသွားပါတယ်။ တိဗက်တွေကို နှိပ်ကွပ်လာပါတယ်။ ရန်မူတဲ့ အပြုအမူတွေ ပေါ်ပေါက်လာပါတယ်။ သူတို့တွေက သေနတ်တကားကားနဲ့ပေါ့၊ တိုက်ခိုက်မှုတွေ ရုတ်ခြည်းစတင်လာတယ်။ သေဆုံးမှုတွေ နောက် အပျက်အစီးတွေ။

အဆုံးမသတ်နိုင်တဲ့ နိုင်ငံရေးဖိနှိပ်မှုတွေ၊ ယဉ်ကျေးမှုရောနှောခံရတာတွေ ၊ စီးပွားရေးအရ ဘေးဖယ်ထုတ်ခံရမှုတွေ နဲ့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုတွေ ကလွဲလို့ တိဗက်လူမျိုးတွေအတွက် ဘာမှ ပိုင်ဆိုင်ခွင့်မရှိခဲ့တာဟာ လက်သင့်မခံနိုင်စရာပါ။

ဘေဂျင်းကနေ လာဆာအထိ ဖောက်လုပ်ထားတဲ့ မီးရထားလမ်းဟာ တိဗက်ရှိ သဘာဝသယံဇာတတွေကို အမြတ်ထုတ်ဖို့နဲ့ တရုတ်လူမျိုးတွေတိဗက်ထဲ တစိမ့်စိမ့် စိမ့်ဝင်လွှမ်းမိုးဖို့ကလွဲပြီး ဘာဖြစ်နိုင်အုံးမှာလဲ။

အခုဆိုရင် ပုဂ္ဂလိကစီးပွားရေးကဏ္ဍရဲ့ ၇၀ ရာခိုင်နှုန်းကို တရုတ်လူမျိုးတွေက ပိုင်ဆိုင်ပြီး လည်ပတ်နေပါပြီ။ အစိုးရ၀န်ထမ်းပေါင်း ၅၀ ရာခိုင်နှုန်းကျော်ကလည်း တရုတ်လူမျိုးတွေပါ။ တိဗက်လူမျိုး အထက်တန်း သို့မဟုတ် တက္ကသိုလ်ဒီဂရီ ရပြီးသူတွေထဲမှာ ၄၀ ရာခိုင်နှုန်းလောက်က အလုပ်လက်မဲ့ပါ။

ဒီနှစ်အစောပိုင်းက တရုတ်ခေါင်းဆောင်ပေါင်းမြောက်မြားစွာ လာဆာကို လာရောက် လည်ပတ်ကြပါတယ်။ သူတို့အပြောကတော့ တိဗက်ရဲ့ အနှစ် ၆၀ မြောက် ငြိမ်းချမ်းတဲ့ တိဗက်လွတ်မြောက်ရေး အထိမ်းအမှတ်ကျင်းပဖို့ဆိုတာပါ။

ဒါပေမဲ့ တကယ့်တကယ်တော့ ဒီအခမ်းအနားဟာ မကြေညာတဲ့ မာရှယ်လော (martial law) အောက်မှာပါ။ အော်တိုမက်တစ်စက်သေနတ်တွေကိုင်ဆောင်ထားတဲ့ စစ်သားတွေက လာဆာမြို့ရဲ့ လမ်းမတွေပေါ်မှာ ကင်းလှည့်လို့ ၊ အချို့လက်ဖြောင့်တပ်သားတွေက ခေါင်မိုးတွေပေါ်မှာ နေရာယူလို့။ တိုးရစ်စ်တွေလည်း ဒီအခမ်းအနားကို သွားရောက်ခွင့် တားမြစ်ထားပါတယ်။

ဇူလိုင် ၆ ရက်နေ့မှာ ကျရောက်တဲ့ တိဗက်ခေါင်းဆောင် ဒလိုင်းလားမားရဲ့၇၆ နှစ်မြောက်မွေးနေ့ကို ကျင်းပခွင့်တားမြစ်တာတွေက တရုတ်ရဲ့ဖိနှိပ်မှုဟာပိုမိုဆိုးရွားလာနေတာကို ပြသရာရောက်ပါတယ် ။

တိဗက်နိုင်ငံရေးခေါင်းဆောင်တွေကတော့ အကြမ်းမဖက်တိုက်ပွဲဆင်နွှဲတုန်း ၊ ဒိုင်ယာလော့ (တွေ့ဆုံဆွေးနွေးရေး) ကတဆင့် ငြိမ်းချမ်းတဲ့ အဖြေရှာဖို့ ကြိုးစားတုန်း။

အလယ်အလတ်လမ်းစဉ်ဖြစ်တဲ့ ဒီငြိမ်းချမ်းတဲ့ မူဝါဒနဲ့ တိဗက်လူမျိုးတွေအတွက် အစစ်အမှန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့၊ တိဗက်ရော တရုတ်လူမျိုးတွေအတွက် အကောင်းဆုံးအဖြေရှာဖို့ ဆက်လက်တိုက်ပွဲဝင်ဖို့လိုပါတယ်။ တရုတ်ကို စူပါပါဝါနိုင်ငံအဖြစ် သိနေကြပြီ။

စစ်တပ်နောက်ကွယ်ကနေကြိုးကိုင်ထားတဲ့ တရုတ်စီးပွားရေးစနစ်ဟာ အလျင်အမြန် တိုးတက်နေပါတယ်။ ဒါပေမဲ့ ၀မ်းနည်းစရာကောင်းတာက ကိုယ်ကျင့်တရားပိုင်း ဆိုင်ရာစံနှုန်းတွေ ကတော့ နောက်မှာ ကျန်ရစ်ခဲ့ပါတယ် ။

တိဗက်လူမျိုးတွေကို သူတို့ရဲ့ ချက်မြှုပ်ရာဒေသမှာ ဒုတိယတန်းစားနိုင်ငံသားတွေ ဖြစ်အောင် စနစ်တကျ ကြံဆောင်နေသရွေ့ တိဗက်တွေရဲ့ရင်ထဲမှာ တရုတ်ရဲ့အုပ်ချုပ်မှုကို ကြံကြံခံနိုင်ဖို့ခွန်အားတွေ ကတည်ရှိနေမှာပါ။

ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးရေးက အစစ်အမှန်တိဗက်လွတ်လပ်ရေး ကိုဦးတည်စေမှာပါ။ တိဗက်တွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီ
...Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */