“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 28, 2011

ဗိုလ်ချုပ်ဈေးအဓိကရုဏ်း


အမှုအခင်းဖြစ်ပွားရာကား၏ ပတ်ပတ်လည်ပုံအား အမှုအခင်းဖြစ်ပွားပြီးနောက်မြင်ရပုံများ......

ယနေ့ (27.8.2011) ညနေ ၅း၁၀ နာရီခန့်အချိန်တွင် ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းတွင် အဓိကရုဏ်းတစ်ခုဖြစ် ပွားခဲ့ပြီး ရာနှင့်ချီသောလူထု အုံကြွမှု တစ်ခုဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါဖြစ်ရပ်မှာ ဗိုလ်ချုပ်အောင်ဆန်းဈေး အနောက်ဖက်တန်းရှိ ယာဉ်အ၀င်လမ်းဘေးရှိ ယာဉ်ရပ်နားရာနေရာတွင် ရပ်နားထားသော မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ နောက်ကြည့်မှန်အား အသက် ၆၀ ခန့်ရှိ အမျိုးသားတစ်ဦး မှ ဘေးမှလာသော ယာဉ်အား ရှောင်ရင်း ၀င်တိုက်မိသဖြင့် ကားပိုင်ရှင် ညီအစ်ကိုနှစ်ဦးမှ လျော်ကြေးတောင်းခံခဲ့ကြသည်။ ထိုအခါ ၀င်တိုက်မိသူ အမျိုးသားမှ ကားနောက်ကြည့်မှန်မှာ ထိခိုက်မှု တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသည့်အတွက် မလျော်ပေးနိုင်ကြောင်းနှင့် မိမိပုခုံးဖြင့် ထိမိသည့် အတွက် တောင်းပန်ပါကြောင်း ပြောကြားမှုကို မော်တော်ယာဉ်အမှတ် ၁က/၇၈၃၁ (Town ace) ၏ယာဉ်ပိုင်ရှင် ညီအစ်ကိုမှ ကျေနပ်မှုမရှိပဲ အထက်ပါ အသက် ၆၀ ခန့်ရှိ အမျိုးသားအား လည်ပင်းညစ်ပြီး မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ရာ ၄င်းအမျိုးသားကြီးမှာ နှာခေါင်းမှ သွေးများအဆက်မပျက်ကျဆင်းလာပြီး သွားလည်းနှစ်ချောင်း ကြိုးသွားခဲ့ပါသည်။ ထိုကဲ့သို့သွေးများ အလိမ်းလိမ်းဖြင့်နာကြင်နေသောကြောင့် အမျိုးသားကြီးက လျော်ပေး မည်ဖြစ်ကြောင်းပြော ဆိုသော် လည်း ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအနက် အကြီးဖြစ်သူက မော်တော်ယာဉ်ပေါ်တွင် အသင့်ယူဆောင် လာသော နှစ်တစ် လက်မ (၂x၁ လက်မ) တုတ်ကို ယာဉ်မောင်းထိုင်ခုံအောက်မှ ဆွဲယူလာကာ အဆိုပါအဖိုးအိုအား လိုက်ရီုက်ခဲ့ပြန်ပါသည်။

ထိုအခါတွင် ဈေးလုံခြုံရေးနှင့် ဈေးသူဈေးသားများက ၀ိုင်းဝန်းဆွဲသဖြင့်ယာဉ်ပိုင်ရှင်မှာ၎င်း၏မော်တော် ယာဉ်သို့ ပြန်လည်ထွက်ခွာလာပြီးရဲတိုင်ကာ အရေးယူ မည်ဖြစ်ကြောင်း အော်ဟစ်ကြိမ်းမောင်း သွားပါသည်။

ထိုအခါမှ အဖြစ်မှန်ကိုသိကြသော ဈေးသူဈေးသားများ မှာ ဒေါသပြင်းထန်စွာ ထွက်ပြီး အထက်ပါ နိုင်ထက်စီးနင်းပြုကျင့်ခဲ့သူယုတ်မာ ရိုင်းဆိုင်းကာ လူမဆန်စွာ၇မ်းကားခဲ့သော ယာဉ်ပိုင်ရှင် ညီအကိုနှစ်ဦးအား ထိရောက်စွာအရေးယူပေးရန် အတွက် ဈေးလုံခြုံရေး နှင့် တာဝန်ကျယာဉ်စောင့်များအား ၀ိုင်းဝန်းပြောဆိုခဲ့သဖြင့်၎င်းတာဝန်ရှိသူများမှလိုအပ်သလိုဆောင်ရွက်ပေးနိုင်ရန် အတွက် မော်တော်ယာဉ် အမှတ် ၁က/၇၈၃၁ အားမော်တော်ယာဉ်အထွက် လမ်းမှ စောင့်နေသော်လည်း မော်တော်ယာဉ်မှာ ထွက်မလာပဲ ဈေးအတွင်း ပတ်ရှောင်နေ သဖြင့် ဈေးသူဈေးသားများနှင့် ဈေးအပြန် ကားပိုင်ရှင်များမှာ အမျက်ဒေါသထွက်ကာ ၀ိုင်းဝန်း ပိတ်ဆို့ဖမ်းဆီး ခဲ့ကြပါသည်။ ထိုသို့ ၀ိုင်းဝန်းပိတ်ဆို့မှုကြောင့် ရာနှင်ချီသော လူအုပ်ကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းဈေးကြီးအတွင်း ဟိုပြေးဒီလွှားဖြင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပါသည်။

နောက်ဆုံးကားကို ပိတ်ဖမ်းမိသောအခါ ယာဉ်ပိုင်ရှင်များမှ ဘယ်သူမှစောက်ဂရုမစိုက်ဘူး သတ္တိရှိတဲ့ကောင် ထွက်ခဲ့ မဆိုင်ရင် မဆိုင်သလိုနေ အစရှိသဖြင့် ရိုင်းပြစွာစော်ကားခဲ့ပြန် သဖြင့် ဈေးသူဈေးသားများမှ မခံမရပ်နိုင်ဖြစ်ပြီး ၀ိုင်းဝန်းအော်ဟစ်ခြင်းများ ဖြစ်ပွားခဲ့ပါသည်။ ထိုအခါဈေးလုံခြုံရေးနှင့် တာဝန်ကျ ယာဉ်ထိန်းရဲများရောက်ရှိလာပြီး အထက်ပါ ယာဉ်ပိုင်ရှင် ညီအစ်ကိုနှစ်ဦးအား ဈေးရုံးခန်းသို့ ခေါ်ဆောင်သွားခဲ့ပါသည်။

အရိုက်ခံရသူ အမျိုးသားကြီးအား ဈေးသူဈေးသားများ ၀ိုင်ဝန်းကာ ရန်ကုန်ဆေးရုံကြီးအရေးပေါ် လူနာဌာနသို့ပို့ဆောင်ပေးခဲ့ကြပါသည်။

အထက်ပါဖြစ်ရပ်တွင် အလွန်တရာယုတ်မာရိုင်းဆိုင်းပြီး လူမဆန်သော လူရမ်းကားညီအကိုနှစ်ဦး အား ဈေးသူဈေးသား များ အားလုံး ကျေနပ်မှုလုံးဝမရှိပဲ စစ်မှန်သော တရားဥပဒေ၏ အဆုံးအမကို ခံယူစေရန်နှင့် နောက်နောင်တွင် ယခုကဲ့သို့ သော မြန်မာ့ယာဉ်ကျေးမှုနှင့်ဆန့်ကျင်သော၊ တရားဥပဒေမဲ့သော၊ မင်းမဲ့စရိုက်ဆန်သော၊ လူသားချင်းစာနာမှုကင်းမဲ့သော လုပ်ရပ်မျိုးကို ပြည်သူပြည်သားများ မခံရစေရန်နှင့် စစ်မှန်သောဒီမိုကရေစီအစိုးရစနစ်အကူးအပြောင်းကာလတွင် ဒီမိုကရေစီ ဗနိးပြကာ အများပြည်သူအား ထိခိုက်စေမည့်လုပ်ရပ်များဖြစ်ပေါ်မလာစေရန် တရားဥပဒေ၏ အဆုံးအဖြတ်ကိုစောင့်မျှော်လျှက် ရှိကြပေသည်။
http://www.facebook.com/notes/shine-win/%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%B1%E1%80%85%E1%80%BA%E1%80%B8%E1%80%A1%E1%80%93%E1%80%AD%E1%80%80%E1%80%9B%E1%80%AF%E1%80%8F%E1%80%B9%E1%80%B8/10150272209004482

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */