“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 24, 2011

ညောင်ရွှေ ရေမြုပ်

သန်းထိုက်ဦး Tuesday, 23 August 2011 16:06 (ပေးပို့ သူ ဗမာ့သွေး)
မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ညောင်ရွှေမြို့တွင် ယနေ့ နံနက်မှ စတင်၍ လယ်ကွင်းနှင့် လူနေအိမ် အများအပြား ရေနစ်မြုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရာနှင့်ချီသော မိသားစုများသည် ညောင်ရွှေမြို့ရှိ “ရန်ကုန်” ဘုန်းတော်ကြီးကျောင်း၊ နီးစပ်ရာ ဆွေမျိုးများထံတွင် ယာယီ နေထိုင် နေကြသည်ဟု သိရသည်။

“ဘုန်းကြီးကျောင်းမှာ နေတဲ့ လူတွေကိုတော့ ပါရမီသွေးလှူရှင် အသင်းက ထမင်းထုတ် ၆၅၀ နဲ့ ဆန် ၂ အိတ် လှူပေးတာ တွေ့ ရတယ်” ဟု အင်း အမျိုးသား ပါတီဝင် ဦးဝင်းငြိမ်းက ဧရာဝတီသို့ ပြောသည်။

ယင်းမြို့တွင် ၈ ရပ်ကွက်ရှိ၍ တမြို့လုံး နီးပါး ရေနစ်မြုပ်နေပြီး ကမ်းသာ ရပ်ကွက်နှင့် ၀င်း ရပ်ကွက်တို့တွင် အဆိုးဆုံးဖြစ်ကြောင်း သူက ဆိုသည်။

“ဘေးပတ်ဝန်းကျင်မှာ မိုးကောင်းနေတော့ ရေဆက်တက်နေတယ်။ ဒါပေမယ့် ဒီနေ့မှာ တောင်ကြီး၊ ညောင်ရွှေ၊ ရပ်စောက်နဲ့ ကလော မြို့နယ်တွေမှာ မိုးမရွာဘူး။ နောက် တရက်၊ နှစ်ရက်ဆိုရင် ရေပြန်ကျ သွားနိုင်ပါတယ်” ဟု ဦးဝင်းငြိမ်းက ဆက်ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ယင်းမြို့တွင် ၃ နှစ် သို့မဟုတ် ၄ နှစ် တကြိမ် ရေကြီးလေ့ရှိပြီး ယခင် ရေကြီးတာထက် နည်နည်း ပိုဆိုးသည်ဟု ဆိုသည်။

ဧက ထောင်ကျော်ရှိသော လယ်ကွင်းများ ရေနစ်မြုပ်မှုနှင့် ပတ်သက်၍ လတ်တလော ဆုံးရှုံးမှု တန်းဖိုကို မသိရသေးကြောင်း၊ ရေကျသွားမှ သိနိုင်မည်ဖြစ်ကြောင်း ဦးဝင်းငြိမ်းက ရှင်းပြသည်။

“လယ်တွေကတော့ အခုမှ ရေမြုပ်စပဲ ရှိသေးတယ်။ ၇၀ ရာခိုင်နှုန်းလောက်ကတော့ ရိတ်ပြီးပြီ။ ကျန်းတဲ့ ၂၅ ရာခိုင်နှုန်းကတော့ မရိတ်ရသေးဘူး။ လေး၊ ငါးရက်နေမှ သိရမယ်” ဟု ပြောသည်။

ယင်းမြို့နယ်ရှိ မူလတန်း ကျောင်းများမှ ကလေးများ၏ ကျန်းမာရေးအတွက် စိုးရိမ်သဖြင့် ဆရာ၊ ဆရာမများက ယာယီ ပိတ်ထားကြောင်း သိရသည်။

မိုးလေ၀သ တိုင်းထွာချက် အရ လွန်ခဲ့သော ၂၄ နာရီအတွင်း မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် တိုင်းနှင့် ပြည်နယ် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

ရခိုင် ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့် အတင့်မှ လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်း ကျရောက်စဉ် တနာရီ ၃၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။

ယခုလဆန်းပိုင်းကလည်း ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့ရှိ မြို့ကြီးများနှင့် ကျေးရွာဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */