“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, August 13, 2011

သုံးလခန့် ကြာသော်လည်း မုဒုံ ဖုန်းလိုင်း ပြတ်တောက်နေဆဲ

ကွန်းချမ်း | သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၅ မိနစ် (ပေးပို့ သူ ဗမာ့သွေး)
ချင်းမိုင် (မဇ္ဈိမ) ။ ။ မွန်ပြည်နယ် မုဒုံမြို့အနီး အော်တိုအိပ်ချိန်းရုံး ဗုံးကွဲပြီး CDMA ဖုန်းတာဝါတိုင် ပျက်စီးခဲ့ရာမှ သုံးလခန့် ကြာပြီ ဖြစ်သော်လည်း ဖုန်းများ ဆက်သွယ်၍ မရသေးကြောင်း ဒေသခံများ၏ အဆိုအရ သိရသည်။

ဖုန်းတာဝါတိုင် ပျက်စီးခြင်းကြောင့် မုဒုံမြို့ မြောက်ဘက် ရိုးဂိုးရွာနှင့် တောင်ဘက် ကလော့သောရွာ မိုင်၂၀ ဧရိယာ အတွင်းတွင် CDMA ဖုန်းလိုင်း ပြတ်တောက်လျက် ရှိသည်။

“ဗုံးထိကတည်းက ခုထိ မပြင်ရသေးတော့ ကျမတို့ မုဒုံတဝိုက်မှာ CDMA ဆို လုံးဝကို သုံးလို့ မရဘူး။ GSM ဖုန်းပဲ ဆက်လို့ရတယ်” ဟု မုဒုံမြို့မှ GSM ဖုန်းပိုင်ရှင် အမျိုးသမီးတဦးက ပြောသည်။

မေလ ၁၄ ရက် နံနက် ၆ နာရီခွဲခန့်တွင် မည်သည့် အဖွဲ့အစည်းဟု မသိရသည့် လက်နက်ကိုင် ၅ ဦးက မုဒုံမြို့အနီး ကျုံဖိုက်ရွာရှိ အော်တိုအိပ်ချိန်းရုံးကို ပစ်ခတ် ဖောက်ခွဲခဲ့ရာမှ လုံခြုံရေး ရဲသားတဦးနှင့် ရုံးဝန်ထမ်းအချို့ ဒဏ်ရာ ရရှိကာ CDMA ဖုန်းတာဝါတိုင်လည်း ပျက်စီးခဲ့သည်။

မွန်ပြည်နယ်အတွင်း GSM စခန်း သုံးခုတွင် GSM ဖုန်းအလုံးရေ ၃၂၀၀ ကျော်နှင့် ပင်လယ်ပြင် ကမ်းနီးကမ်းဝေး CDMA စခန်း ခြောက်ခုတွင် CDMA ဖုန်းအလုံးရေ ၇၀၀၀ ကျော်ကို အသုံးပြုလျက် ရှိကြောင်း ၂၀၁၀ ခုနှစ်ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာက ရေးသားသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */