“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, August 26, 2011

ကြွေကြတော့မယ့် ပန်းတပွင့် ( ၀ါ ) ဧရာဝတီ







(ပေးပို့ သူ ဗမာ့သွေး)

သူ့ ခန္တာဟာ ကောက်ကွေ့တဲ့ မျဉ်းတစ်ကြောင်းဆိုရင်
သူ့ဦးခေါင်းက အလွန်လှပတဲ့ မြစ်ဆုံဒေသပေါ့….
သွေးကြောတွေ ယှက်နွယ်နေပုံလေးက
နူးညံ့ပျော့ပြောင်းလှပေမယ့်
သူ့ခြေထောက်က ဗမာပြည်ရဲ့ ဆန်အိုးကြီးကို
မရွဲ့စောင်းအောင် သယ်ပိုးထားသူလေ…….။

သူ့အလှလား…
နန်းအဆက်ဆက်တိုင်းမှာ
အလှဘုရင်မဘွဲ့ခံ
စာဖွဲ့ပြဖို့ ကြိုးစားသူတိုင်း
ကြည်နူးစွာ ယစ်မှုးခဲ့ကြပေမယ့်
ပြည့်စုံအောင် မဖော်ပြနိုင်ဘဲ
ချီးကြူးသွားခဲ့ကြတယ်…..။

သူ့အလုပ်လား
တောတောင်တွေ စိမ်းလန်းနေအောင်
သစ်ပင်တွေကို နေ့စဉ် ရေလောင်း
ပြည်သူလူထု အပေါင်းကို ရေဝေ
လေးလံလှတဲ့ ကုန်စည်များကို ထမ်းရွှက်

မြန်မာနိုင်ငံ အထက်နဲ့အောက်
မရပ်မနား လမ်းလျှောက်
တိုင်းပြည်အကျိုးကို နေ့စဉ် သယ်ပိုး
သူ့ရဲ့အလုပ်ကြိုးစားမှု
ဘယ်သူက ယှဉ်ပြိုင်နိုင်မှာလည်း …..။

အခုတော့ ရာဇ၀င်ရိုင်းပြီ

အာဏာကို ဘုရားလို ကိုးကွယ်
လိုအပ်ရင် မိဘလည်း သတ်မယ် ဆိုတဲ့
လူမိစ္ဆာတွေရဲ့ ယုတ်မာ ပက်စက်မှု
ခြွေချခံရတော့မယ့် အလှဆုံးပန်းတပွင့်
သံဃာသွေးတောင်မြေခစေခဲ့တဲ့ သူတိုရင်ထဲက
ပျောက်ဆုံးနေတဲ့ ကိုယ်ချင်းစာ တရား
သူတို့ စိတ်ထားကို သက်သေပြသွားတဲ့ နာဂစ်
ရေခန်းသွားတဲ့ အင်းလေးအိုင်
သောက်စရာ ရေတောင်မရှိတဲ့
ဒုက္ခနွံထဲက ပြည်သူလူထုဘဝ
တွေးမိရင်းက မျက်ရည်ကျဆင်း
လွတ်မြောက်လိုခြင်းတွေနဲ့
တောင့်တနေတဲ့ လူထု ဆန္ဒ
ပြည့်ဝစေဖို့ တောင်းဆုချွေကာ
ပြည်သူတွေရဲ့ ကြေကွဲမျက်ဝန်း ကို ငေးစိုက်ကြည်ရင်း……
စတေးခံရမယ့် ရက်တွေကို စောင့်စားကာ
နောက်ဆုံးအချိန်ထိ စီးဆင်းနေမယ့်……………ဧရာဝတီ ။

http://www.facebook.com/note.php?note_id=261289287222059

ပြောချင်တာ လေးများရှိရင် ဒီလင့်ကိုသာ နှိပ်ပြီး လာရင်ဖွင့်ကြပါလို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ.။
ခင်မင်လေးစားလျှက်
ဗမာ့သွေး

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */