“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 17, 2011

SSPP/SSA နှင့် အစိုးရတပ်တိုက်ပွဲ ပြင်းထန် မြန်မာ ဒုတပ်ရင်းမှူးတဦးကျ

အင်္ဂါနေ့၊ သြဂုတ်လ 16 ရက် 2011 ခုနှစ် သျှမ်းသံတော်ဆင့် သတင်း - သျှမ်းသံတော်ဆင့်သတင်း(ပေးပို့ သူ-ဗမာ့သွေး)
သျှမ်းပြည်တပ်မတော် SSPP/SSA ထိန်းချုပ်နယ် မြေအတွင်း ဝင်ရောက်လှုပ်ရှားနေသည့် မြန်မာ အစိုးရတပ် နှင့် သျှမ်း တပ်တို့အကြားယခုတပတ် အတွင်း တိုက်ပွဲပြင်းထန်လျက်ရှိရာ တနင်္ဂနွေနေ့ ကျေးသီးမြို့တိုက်ပွဲမှ မြန်မာစစ်တပ် ဒုတပ်ရင်း မှူးတစ်ဦးသေဆုံးကြောင်း သျှမ်းပြည် တပ်မတော် သတင်းရပ်ကွက်ကပြောပါသည်။

“၁၄ ရက် ညက ကျေးသီးမြို့ အရှေ့မြောက်ဘက် ဝမ့်ဖွီးကျေးရွာအုပ်စု မြောက်ဘက် နမ့်ဟဲန်ချောင်း တလျှောက် က တောအုပ်ထဲမှာ တိုက်ပွဲပြင်းထန်တယ်။ သေနတ်သံ တညလုံးကြားရတယ်။နှစ်ဘက်လုံး အကျဆုံး ရှိမှာဘဲ” ဟု မိုင်းရယ် ရောက် ဒေသခံတဦးက ပြောပါသည်။

ဩဂတ်စ် ၁၄ - ၁၅ ရက်နေ့ အတွင်း သျှမ်းပြည်တပ်မတော် ဗိုလ်ကြီးစိုင်းယုံ ဦးဆောင်သည့် အမှတ် ၇၆၉ တပ် ရင်း နှင့် မြန်မာအစိုးရတပ် ဟိုပန်အခြေစိုက် ခလရ ၁၄၃ အင်အား ၆၀ ခန့်တို့ ကျေးသီးမြို့ မြောက် ဘက်ဝမ့်ဖွီး ကျေးရွာအုပ်စု အတွင်း (၁၄ ရက် ည ၇ နာရီမှ ၉ နာရီအထိ ၁ ကြိမ်၊ ညသန်းခေါင်မှ မနက် ၁ နာရီအထိ ၁ ကြိမ်၊ ၁၅ ရက်နေ့ မနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီ အထိ ၁ ကြိမ်) တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ ကြောင်း၊ ထိုတိုက်ပွဲတွင် မြန်မာစစ်တပ် ဒုတပ်ရင်းမှူး ကျဆုံးသဖြင့် တပ်သားထုလည်း ကွဲသွားကြောင်း ဗိုလ်မှူးစိုင်းလ ကဤကဲ့သို့ပြော ပါသည်။

“ပထမဦးဆုံးက ကျနော်တို့တပ်သတင်းကို အစိုးရတပ်က ကြိုသိလို့ လာတိုက်တာ။ကျနော်တို့ဘက်က အင်အား ဖြည့် ပြီး ဝိုင်းပိတ်တိုက်ခိုက်တယ်။ တိုက်ပွဲကသုံးကြိမ်တိတိ ပြင်းပြင်းထန်ထန်ဖြစ်တယ်။ မနေ့ကသူတို့ရဲ့ ဒု တပ်ရင်းမှူး အလောင်းတလောင်း ကျနော်တို့ရတယ်။ မြေပုံအိပ်ရယ်၊ပစ္စတိုသေနတ်တစ် လက်ရယ်ပေါ့။နာမည် က ဗိုလ်မှူးတင်မျိုး ထွန်းတဲ့။ ဒီတပ်က ကိုးကန့်ဘက်ကလာတာ”

အဆိုပါတိုက်ပွဲတွင် မြန်မာအစိုးရတပ်ဘက် ၃ ယောက် သေဆုံး၊ အယောက် ၂၀ ခန့်ဒဏ်ရာရ၍ သျှမ်းပြည် တပ်မတော် ဘက်တွင်မူ ၅ ယောက်ဒဏ်ရာအပြင်းအထန်ရပြီး ၂ ယောက်မှာ အသက်အန္တရာယ်စိုးရိမ်ရ ကြောင်း ဗိုလ်မှူးစိုင်းလ က ဆက်ပြောပြပါသည်။

ယခုတပတ်အတွင်း မြန်မာအစိုးရ တပ် နှင့် သျှမ်းပြည်တပ်မတော်တို့အကြား နေ့စဉ်ရက်ဆက် တိုက်ပွဲ ဖြစ်ပွားနေသော ကြောင့် စစ်မြေပြင်အနီးရှိ ဝမ့်ဖွီးကျေးရွာအုပ်စုဝင် ဝမ့်တဲန့်ရွာသူရွာသား ၆၀ ခန့်မှာ မိမိ အိမ်ခြံဝင်း အတွင်းမအိပ်ရဲဘဲ ကျေးရွာဘုန်းကြီးကျောင်းသို့ သွားရောက်မှီခိုကြရကြောင်း ကြားသိရပါသည်။



Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */