“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, August 30, 2011

သဘာဝပတ်ဝန်းကျင်အပေါ် များစွာ သက်ရောက်စေမည့် စီမံကိန်းကြီးများတွင် အကျိုးအမြတ်ကို မည်သူ ရရှိမည်၊ လူမှုစီးပွားရေးကို မည်သို့ ပြန်လည် နေရာချထားမည် ဆိုသည်မှ

သဘာဝပတ်ဝန်းကျင်အပေါ် များစွာ သက်ရောက်စေမည့် စီမံကိန်းကြီးများ ပြုလုပ်ရာတွင် ယင်းမှ အကျိုးအမြတ်ကို မည်သူ ရရှိမည်၊ လူမှုစီးပွားရေးကို မည်သို့ ပြန်လည်နေရာချ ထားမည် ဆိုသည်မှာ အဓိက အချက် ဖြစ်နေကြောင်း သိရှိရသည်။

''အရင်းအမြစ်တွေကို အသုံးချပြီး ရလာတဲ့ အကျိုးအမြတ်ကို ပြည်သူတွေ ရမလား၊ ဘယ်သူရမလဲ ဆိုတာက အရေးကြီးပါ တယ်။ ပြီးတော့ အဲဒီဒေသ၀န်းကျင်က လူထုကို ပြန်လည်နေရာချထားဖို့၊ အသက်မွေးဝမ်းကျောင်းတွေ ပြန်လည်အခြေကျ ဖို့၊ မြစ်ချောင်း သဘာဝပတ်ဝန်းကျင်ကို စီမံခန့်ခွဲနိုင်ဖို့က အရေးကြီးပါတယ်''ဟု ဆည်တည်ဆောက်ရေး လုပ်ငန်းများ ကို လေ့လာ ခဲ့သည့် အပြည်ပြည်ဆိုင်ရာ အစိုးရ မဟုတ်သော အဖွဲ့အစည်းတစ်ခုမှ ပညာရှင်က ဆိုပါသည်။

ကမ္ဘာတစ်ဝန်း ယခုအခါတွင် မြစ်အနည်းငယ်သာ မူလ အနေအထား သဘာဝအတိုင်း ပင်လယ်အတွင်းသို့ စီးဝင်ခွင့် ရရှိကြပြီး သဘာဝအတိုင်း စီးဝင်ခွင့် မရရှိတော့သည့် မြစ်များတွင် လူများ ဖန်တီး တည်ဆောက်ထားသည့် ဆည်များ ရှိနေကြသည်။

''ရေအားလျှပ်စစ် စီမံကိန်းနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံမှာတောင် အငြင်းပွားမှုတွေ ရှိနေပါတယ်။ မြစ်တွေရဲ့ စီးဆင်းပုံနဲ့ လူထု အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တာကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အဖွဲ့တွေက ကန့်ကွက်တယ်။ နောက်ပိုင်း ကမ္ဘောဒီး ယား၊ မြန်မာတို့လို နိုင်ငံတွေမှာ စီမံကိန်းတွေလုပ်ဖို့ အပြောင်းအလဲလုပ် ရွေးချယ်လာကြပါတယ်''ဟု ၎င်းက ပြောပါသည်။

သဘာ၀၀န်းကျင်ကို သက်ရောက်စေမည့် စီမံကိန်းများ လုပ်ဆောင်ရာတွင် ကောင်းကျိုးဆိုးကျိုးကို ကြိုတင် လေ့လာ ဆန်းစစ် သည့် Environmental Impact Assessment (EIA) ပြုလုပ်ခြင်းများ နိုင်ငံများစွာတွင် လုပ်ဆောင်ခဲ့ကြသည်။

အကယ်၍ ဆိုးကျိုးများ ပေါ်ပေါက်နိုင်သည် ဆိုပါက အစိုးရအနေဖြင့် မပြုလုပ်မီ ပြင်ဆင် စဉ်းစားမှုများ ပြုလုပ်ရန်လည်း EIA က ပြဆိုခဲ့သည်။

''လာအိုမှာ ထိုင်းက ဆည်ဆောက်ဖို့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကမ်းလှမ်းတယ်။ လာအို အစိုးရက စီမံကိန်း လက်မခံခင် လေ့လာ ဆန်းစစ် တဲ့အခါ ငါးလုပ်ငန်းကို ထိခိုက်စေမယ် ဆိုတာ၊ မြစ်စီးဆင်းပုံကို ထိခိုက်စေမယ်ဆိုတာ တွေ့ရှိတယ်။ အစိုးရက ငါးလုပ်ငန်း က ပြည်သူတွေ အတွက် ဘယ်လို အကျိုးရှိတယ် ဆိုတာကို နားလည်တယ်။ နောက်ဆုံးတော့ ဒီဆည်ကို ဆောက် လုပ် ဖို့ ရပ်ဆိုင်းထားမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်''ဟု ဆက်လက် ပြောပြသည်။

''ဧရာဝတီမြစ်ဆုံမှာ ဆောက်မယ့် ရေအားလျှပ်စစ် စီမံကိန်းကြီးနဲ့ ပတ်သက်လို့တော့ အင်တာနက်ကတစ်ဆင့် သိရှိထားခဲ့တာတွေ ရှိတယ်။ မေးခွန်းတွေလည်း အများကြီး ရှိနေကြတာ တွေ့ရတယ်။ လေ့လာမှုတွေ ထပ်လုပ်ဖို့ လိုဦးမယ်လို့ မြင်ပါတယ်။ EIA လုပ်ခဲ့တယ် ဆိုပေမယ့် ကချင်ပြည်နယ်တွင်းနဲ့ ပတ်သက်လို့ လူထုကို၊ သဘာ၀၀န်းကျင်ကို ဘယ်လောက် သက်ရောက်စေ မယ်ဆိုတာ မပါဘူး ထင်ပါတယ်။ ငါးလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ဘယ်လို သက်ရောက်နိုင်တယ် ဆိုတာ လည်း ထပ်ပြီး လေ့လာဖို့ လိုမယ်လို့ ထင်ပါတယ်''ဟု ၎င်းက သုံးသပ်ပြသည်။
Via eleven media group

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */