“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 24, 2011

စစ်မြေပြင်မှ ရွာသူရွာသား ၅၀ဝ ကျော် တောနက်ထဲ ဝင်ရောက်ပုန်းခို

Tuesday, 23 August 2011 16:38 မွေခေါဝ် (ပေးပို့ သူ ဗမာ့သွေး)
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့်မြန်မာစစ်တပ် တို့ကြား တိုက်ပွဲပြင်းထန်လျက်ရှိသော သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ်အတွင်းမှဒေသခံရွာသူ ရွာသား ၅၀ဝ ကျော် တောနက်ထဲသို့ဝင်ရောက်ပုန်း ခိုနေကြရကြောင်း သိရှိရပါသည်။“ရွာမှာတစ်ယောက်မှမကျန်တော့ဘူး။ မြို့မှာဆွေမျိုးရှိတဲ့သူက မြို့တက်နေတယ်။ မရှိတဲ့သူတွေက လမ်းနဲ့ ဝေးတဲ့ တော နက်ထဲ ဝင်ပုန်းကုန်ပြီ။ ဗမာစစ်သားတွေက ရွာသားတွေကို ချောဆွဲပြီး လမ်းပြခိုင်းမှာကို ကြောက် ကြလို့ မနေရဲကြတော့ ဘူး”ဟု ကျေးသီးဒေသခံတစ်ဦးက ပြောပါသည်။

သြဂတ်စ် ၁၄-၁၅ ရက်အတွင်း သျှမ်းတပ်နှင့် မြန်မာစစ်တပ်တို့ အချိန်ကြာမြင့်စွာတိုက်ပွဲအပြင်းအထန်ဖြစ်ပွား ပြီးနောက် ဟိုပန်အခြေစိုက် ခလရ ၁၄၃ တပ်ရင်းက တစ်ရွာ ၅ ယောက်စီ ရွာသားများအား ချောဆွဲပြီး လမ်းပြ ခိုင်းကြောင်း၊ ထို့ ကြောင့် ရွာသားများကြောက်လှန့်ကာ ယခုကဲ့သို့ တောနက်တွင်းသို့ ဝင်ရောက် ပုန်းခိုကြကြာင်း သိရှိရပါသည်

။တောနက်တွင်းသို့ ဝင်ရောက်ပုန်းခိုကြသည့် ရွာသူရွာသားများမှာ ကျေးသီးမြို့နယ် ဝမ့်စေ့ကျေးရွာအုပ်စုမှ အိမ်ခြေ ၈၀ လူ ၃၁၉ ယောက်ရှိ ဝမ့်ဖာလွမ့်၊ ဝမ့်ဖွေးကျေးရွာအုပ်စုမှ အိမ်ခြေ ၂၅ လူ ၁၀ဝ ယောက်ရှိ ဝမ့်ဆန်၊ အိမ်ခြေ ၂၃ လူ ၁၀၆ ယောက်ရှိ ဝမ့်ဟင်လိုင်းနှင့် အိမ်ခြေ ၆ လူ ၃၂ ယောက်ရှိ ဝမ့်နားပိင်းတို့ဖြစ်ကြပြီး သက်ကြီး ရွယ်အို ၅၇ ယောက်၊ လူလတ်ပိုင်း ၃၀ဝ ယောက်နှင့် ၁၈ နှစ်အောက် ၂၀ဝ ယောက် စုစုပေါင်း ၅၅၇ ယောက် တို့ဖြစ်သည်ဟုဆို၏။

“အစာရေဆာငတ်ပြတ်ပြီး ငှက်ဖျားဖြစ်နေကြတယ်။ အများအားဖြင့် သက်ကြီးရွယ်အိုပိုင်းပေါ့။ ဆေးဝါးလဲမရှိ။ တောထဲက ထွက်လာပြီးလဲ ဆေးကုမယ်ဆိုရင်လဲ ဗမာစစ်သားတွေနဲ့ ဆုံမိမှာစိုးလို့ မထွက်လာရဲကြဘူး” ဟု အဆိုပါကျေးသီးဒေသခံ က ဆက်ပြောပါသည်။သြဂတ် ၁၆ ရက်၌လည်း ခလရ ၁၄၃ က ရွာသားအယောက် ၃၀ ခန့် ချောဆွဲပြီး ဌင်းတို့၏ ဒဏ်ရာရတပ်သားများ အား ထမ်းခိုင်းခဲ့သည်။ SSA တို့၏ ပစ်ခတ်မှုကို ခံရမည်စိုးသောကြောင့် ကျောင်းသားများအားသျှမ်းတပ်ဂွင်မှ လွှတ်သည်အထိ အကာအရံပြု ခေါ်ဆောင်သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ဒီဗွီဘီသတင်းစဉ်သို့ ပြောခဲ့သည် ။

တဖက်၌လည်း အင်အားဖြည့်တင်းရန် ကလောအခြေစိုက် ခြေမြန် တပ်မ ၅၅ က ကျေးသီးမြို့တောင်ဘက် ၂၇ မိုင် အကွာ မိုင်းနောင်သို့ ယမန်နေ့ ထပ်မံရောက်ရှိလာကြောင်း၊ မိုင်းနောင်၌ တပ်ရင်း ၅ ရင်း အင်အား ၅၀ဝ ခန့် ရောက်ရှိ နေကြောင်း သိရှိရပါသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */