“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, August 24, 2011

တည်ဆဲဥပဒေ တချို့ ပြုပြင်ပြောင်းလဲဖို့ လွှတ်တော်မှာ အဆိုတင်သွင်း

2011-08-22 RFA (ပေးပို့ သူ ဗမာ့သွေး)
ပျဉ်းမနား နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် အစည်းအဝေးတွေကနေ တည်ဆဲ ဥပဒေ တချို့ကို အချိန်အခါနဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ မနေ့က အဆို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
အမြတ်ခွန် ဥပဒေ ရုပ်သိမ်းရေး ဥပဒေ အပါအဝင် ဥပဒေကြမ်း (၅) ခု ပြင်ဆင်ဖို့ လွှတ်တော်မှာ အဆို တင်သွင်းခဲ့တယ်လို့ ရခိုင် ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၁) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောပါတယ်။

ဥပဒေကြမ်း ပြင်ဖို့ ဆွေးနွေးချင်တဲ့ လွှတ်တော် အမတ်တွေ အနေနဲ့ လာမည့် သောကြာနေ့ မတိုင်ခင် လွှတ်တော်ရုံးကို သွားပြီး ဆွေးနွေးခွင့် အတွက် တရားဝင် တင်ပြရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါအပြင် မနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူလွှတ်တော် နှစ်ရပ်လုံးမှာ ယာယီ လုပ်ငန်း ကော်မတီ အများအပြား ဖွဲ့စည်းခဲ့ပါတယ်။ တိုင်းရင်းသား ရေးရာနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီ၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးနဲ့ ပြည်ပရောက် နိုင်ငံသားများ ဆိုင်ရာ ကော်မတီ၊ အမျိုးသား စီမံကိန်းနဲ့ ငွေရေးကြေးရေး ဆိုင်ရာ ကော်မတီ၊ ပညာရေး ကျန်းမာရေးနဲ့ ယဉ်ကျေးမှု ဆိုင်ရာ ကော်မတီ၊ ပြည်သူများရဲ့ တိုင်ကြားစာနဲ့ အသနားခံလွှာ ကော်မတီ စတဲ့ ယာယီ ကော်မတီတွေကို ဖွဲ့ခဲ့တယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။

ဒီကနေ့ ဆက်လက် ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီကနေ ယုံကြည်ချက်ကြောင့် ပြစ်ဒဏ် ကျခံနေရသူတွေ လွှတ်ပေးဖို့ အဆိုကို တင်သွင်းမယ်လို့ သတင်းတွေ ထွက်နေတဲ့ အပေါ်မှာ လွှတ်တော် အမတ်တွေ အနေနဲ့ မျှော်လင့်နေတယ်လို့ သိရပါတယ်။ ဒ့ါအပြင် ဒီအဆိုကို အခြား နိုင်ငံရေး ပါတီတွေနဲ့ ကိုယ်စားလှယ် အမတ်တွေက ၀ိုင်းဝန်း ထောက်ခံမယ်လို့ နေပြည်တော် သတင်းရပ်ကွက် အဆိုအရ သိရပါတယ်။

Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */