“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, August 29, 2011

ဟန်းဖုန်းအသုံးပြု၍လုပ်ကိုင်သည့် ပြည့်တန်ဆာ လုပ်ငန်းကို ဖော်ထုတ်

မင်းသုနောင်
အတွဲ ၂၇ ၊ အမှတ် ၅၃၀

တာမွေမြို့နယ် ဗျိုင်းကွက်နေ အမျိုးသား တစ်ဦးသည် ပြည့်တန်ဆာလုပ်ကိုင်သည့် အမျိုးသမီးများအား နေအိမ်၌ ထားရှိပြီး ပြည့် တန်ဆာလုပ်ငန်း လုပ်ကိုင်လျက်ရှိကြောင်း တာမွေ ရဲစခန်း မှ ဒုရဲအုပ်နှင့်အဖွဲ့ က သတင်း အရ ဩဂုတ် လ ၇ ရက်နေ့ ညနေ ၆ နာရီ ခန့်တွင် ကြိုတင် မှတ်သားထားသည့် ငွေကျပ် ၅,၀၀၀ တန် လေးရွက်အား သက်သေတစ်ဦးကို ပေးအပ်၍ ၎င်းအမျိုးသားကိုင်သည့် လက်ကိုင်ဖုန်းကိုဆက်သွယ်စေခဲ့သည်။

သက်သေဖြစ်သူမှ ၎င်းထံ ဆက်သွယ်ခဲ့ရာ အငှားယာဉ်ဖြင့် ပြည့်တန်ဆာ လုပ်ကိုင်သူ အမျိုးသမီးနှင့် မေတ္တာညွန့် ရပ်ကွက်ရှိ အုံလွင် လမ်းသို့ ရောက်ရှိလာခဲ့သည်။

သက်သေဖြစ်သူက ကြိုတင်မှတ် သားထားသည့် ငွေကျပ် ၂၀,၀၀၀ ကို ပေးအပ်ကာ ပြည့်တန်ဆာ လုပ်ကိုင်သည့် အမျိုးသမီးက လက်ခံ၍ အုံလွင် လမ်းအတိုင်း လမ်းလျှောက်လာစဉ် အမှုလိုက် ဒုရဲအုပ်နှင့်အဖွဲ့က ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသည့် ပြည့်တန်ဆာ အမျိုးသမီးအား မေးမြန်းရာတွင် ငွေကျပ် ၂၀,၀၀၀ အနက် ၆,၀၀၀ ရရှိကြောင်း ဆိုသည်။

ပြည့်တန်ဆာခေါင်း လုပ်ကိုင်သည့် သန့်ဇော်လင်းဆိုသူ၏ နေအိမ်အား ၀င်ရှောက်ရှာဖွေရာ ၎င်းအား လက်ကိုင်ဖုန်းနှင့်အတူ ပြည့်တန် ဆာလုပ်ကိုင်ရန် ရောက်ရှိနေသည့် အမျိုးသမီး ခြောက်ဦးအား ဖမ်းဆီးရမိခဲ့သည်။

တာမွေမြို့နယ်ရဲစခန်းက (ပ) ၄၅၂/၁၁၊ ပြည့်တန်ဆာအက်ဥပဒေပုဒ်မ ၃(ခ)/ ၅(၁)/၈(၁)/ ၇(၁)(က)အရ အမှုဖွင့် အရေးယူ ထားသည်။
မြန်မာတိုင်း(မ်)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */