“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, August 07, 2011

စါးဖားတစ်ကောင် မြွေမြိုခံရခြင်း

မန္တလေးတိုင်း ဒေသကြီး အစိုးရ အဖွဲ့ ရုံးမှ စည်ပင်သာယာရေး ၀န်ကြီး ဖုန်းဇော်ဟန် ယာယီ ထိန်းသိမ်းခံရ

မန္တလေးတိုင်း ဒေသကြီး အစိုးရရုံး မှ မြို့တော်ဝန် ဖုန်းဇော်ဟန် (ယခင် ဗိုလ်မှူးချူပ်ဟောင်း ) သည် ယာယီ ထိန်းသိမ်း ခံထားရကြောင်း
စည်ပင်သာယာ ရုံးမှ နီးစပ်သူတစ်ဦး၏ အပြောစကား အရ သိရသည်...
" ဖမ်းတာမျိုး ဘာမျိုးတော့ မဟုတ်ဘူး ပေါ့ဗျာ...ယာယီလေး အကျယ်ချုပ် သဘောမျိုး ပါပဲ ။သူက လည်းမဟုတ်တာလုပ်တာတွေ များနေတယ် လေ ..ဘယ်လိုဖြစ်မလဲ ဆိုတာက တော့စောင့်ကြည့် ရမှာပေါ့ဗျာ " ဟု ထိုသူက ပင် ဆက်လက်ပြော ဆိုသွားသည်....
"မန်းတလေး မြို့တွင်းမှာ လည်း သူ့အိမ်တွေက များသားဗျ။ ..တိုက်ပေါင်း အလုံး 100 နီးပါး လောက်ရှိမယ် ထင်တာပဲ .အခုဟာ ကလည်း သက်သေတွေ ဘာတွေ ပြည့်စုံ သွားလို့ ယာယီ ထိန်းသိမ်း ခံထားရတာ ဖြစ်လောက်တယ် " ဟု ကျွမ်းကျင်သူ တစ်ဦးက
သုံးသပ်ပြောဆိုသွားသည်
မြို့တော်ဝန် ဦးဖုန်းဇော်ဟန် သည် မကြာသေးမီ ကာလ အတွင်းက လည်းပစ်စာ တစ်စောင်ကြောင့် အဖွဲ့ အစည်း/ အသင်းအဖွဲ့ တစ်ခု မှ
တာဝန်ရှိသူများ အားလုံးကို ၄င်းနှင့် မသက်ဆိုင်ဘဲ စစ်ဆေးခဲ့ သေး သည် ဟု အဆို ပါ စည်ပင်အခွန်ငှာန မှ အတွင်းလူ တစ်ဦး ၏ ပြောစကား အရ
သိရှိရသည်......
" ဘယ်လိုဖြစ်တာလဲတော့ ကျနော်လဲ တိတိကျကျ မသိဘူးဗျ..ဌာနက .ဌာနမှူးတွေက တော့ ပျာယာခတ်ပြီး စစ်ဆေးမေးမြန်းနေတာ ကိုတွေ့ရတာပဲ စုံခုံ သဘောမျိုးပဲ ဗျ .....နည်းနည်း သိနိုင်တဲ့ လူကို စုံစမ်းကြည့်တော့ ပစ်စာလို့ သိရတယ် ဗျ .....သူ(မြို့တော်ဝန်) က စစ်ဆိုလို့ စစ်ဆေးမေးမြန်း
ရတယ်လို့ ပြောတာပါပဲ ဗျာ " အဆိုပါ အတွင်းလူမှ ပြောဆိုသွားပါသည်..။.
နှစ်စဉ် နှစ်တိုင်း (သင်္ကြန်က လတွင်) Bonus သဘောမျိုး စည်ပင်သာယာ မှ.ဌာနမှူး များသည် တစ်နှစ် လျှင် 15 သိန်း နှင့် သိန်း 30 ကြား ရရှိကြ
သည်ဟု သိရှိရသည်...........
" ခုလောလော ဆယ် တော့ ဘယ်လိုဖြစ်တာလဲ ဆိုတာစောင့်ကြည့်ရဦးမှာပဲ ဗျ အချက်အလက်/ သက်သေ အထောက်အထား ပြည့်စုံတယ်ဆိုရင် တော့ ဂျောင်း.......ဂျောင်းဂျာလကိဂျောင်း ပေါ့ဗျာ ...
သက်သေ အထောက်အထား မပြနိုင်ရင်တော့ သတိပေးတဲ့ အဆင့်ပေါ့ဗျာ....ကြားသိရတာတစ်ခုက တော့ ခိုင်မာတယ် ဗျ ..အဲဒါဘာလဲဆိုတော့ ....သူနဲ့ ဗိုလ်ချုပ်တင်ငွေ (ယခုရာထူးမှအနားပေးခံရသူ) က ပူးပေါင်းပြီးလုပ်ကြတာလို့ သူတို့နဲ့ ပတ်သက်နေတဲ့ စီးပွါးရေး လုပ်ငန်းရှင်တစ်ဦးက
ပြောသွားခဲ့တာဗျ " ဟု အစိုးရရုံးမှ အတွင်းလူ တစ်ဦးက သတင်းပေးပို့ခဲ့ပါသည်..........
မန်းကိုကိုကျော်...မန်းတလေးသား.........
http://www.yeyintnge.com/2011/08/blog-post_2142.html

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */