Copied from Designer Komyo Facebook Click here to visit.
မင်းကျော်ခိုင် ဇူလိုင် ၁၃၊ ၂၀၁၁ Via Arzarni
ဗိုလ်ချုပ်အောင်ဆန်းကို လူထုက ဘာကြောင့်တမ်းတနေကြသလဲဆိုတော့ သူ့လို ကိုယ်ကျိုးမငဲ့ဘဲ တိုင်းပြည်နဲ့ လူမျိုးအတွက် တကယ့် ခေါင်းဆောင်အရည်အချင်းနဲ့ပြည့်စုံတဲ့ သူလိုခေါင်းဆောင်မျိုး အလိုရှိနေလို့ပဲ။
ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းဆောင်အရည်အချင်းနဲ့ပြည့်စုံတဲ့ လူထုခေါင်းဆောင်ဆိုတာ ငြင်းလို့မရပါဘူး။ သူ ခရီးသွားတဲ့အခါ သူ လူထုနဲ့ထိတွေ့တဲ့အခါတိုင်းမှာ လူထုက သူ့အပေါ် ဘယ်လောက်ချစ်ခင်လေးစားကြတယ်ဆိုတာ စစ်အုပ်စုကတောင် မနာလိုလို့ ဟိုဟာ ပိတ်ပင်၊ ဒီဟာပိတ်ပင်ဆိုတာ အားလုံးအသိပါ။
ကျနော်ပြောချင်တာက ပြည်ပမှာရှိနေတဲ့ ခေါင်းဆောင်ဆိုတဲ့သူတွေကိုပါ။ ပြည်ပမှာ လက်ရှိရှိနေကြတဲ့ တော်လှန်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အများကြီးရှိပေမယ့် အဲဒီအဖွဲ့အစည်းတွေရဲ့ ကိုယ်စားပြုခေါင်းဆောင် ဘယ်သူလဲဆိုရင်တော့ မရှိဘူးလို့ ပြောရမှာပဲ။
ဘာဖြစ်လို့လဲဆိုတော့ ခေါင်းဆောင်အရည်အချင်းနဲ့ ပြည့်စုံတဲ့သူ တယောက်မှမရှိလို့ပဲ။ သူတို့ကိုယ်သူတို့ ခေါင်းဆောင်ဆိုပြီး နေရာအတင်းယူထားကြပေမယ့် လူထုအကျိုး၊ နိုင်ငံအကျိုး ဘာတခုမှမလုပ်ဘဲ မြန်မာပြည်ထဲမှာ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်နေတာ၊ ဘယ်လို လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာဆိုပြီး နိုင်ငံတကာလှည့် ငွေတောင်းပြီး သူတို့မိသားစုတင် မကဘူး၊ ရှိသမျှ ဆွေမျိုးတွေအကုန် ပြည်ပကိုခေါ်ထုတ်ပြီး မနေဘူးတဲ့ အိမ်ကြီးအိမ်ကောင်းတွေနဲ့နေ၊ မစားဘူးတဲ့ စားကောင်း သောက်ကောင်းတွေစား၊ မစီးဘူးတဲ့ ကားကောင်းတွေစီးနဲ့ တော်လှန်ရေး၊ နိုင်ငံရေးတွေနဲ့ ကြီးပွားနေကြပြီလေ။ တော်လှန်ရေးကြီး အဓွန့်ရှည်ပါစေဆိုတဲ့ ကြွေးကြော်သံ ထမအော်သေးတာပဲ ရှိတော့တယ်။
ကျနော်တို့ မြန်မာပြည်နယ်စပ်တလျောက်မှာ ဒုက္ခအခြေအနေအမျိုးမျိုးနဲ့ ရောက်လာကြတဲ့ ကိုယ့်နိုင်ငံသားတွေ အများကြီးရှိပါတယ်။ သူတို့မှာတော့ ရရာအလုပ်လုပ်ပြီး ပြည်တွင်းမှာ ကျန်ခဲ့တဲ့ မိဘဆွေမျိုးသားချင်းတွေဆီကို တတ်နိုင်သလောက် ခြိုးခြံချွေတာပြီး ပြန်ထောက်ပံ့နေကြတာပါ။
တချို့ဆို ပြည့်တန်ဆာအဖြစ် ရောင်းစားခံရလို့ ဘဝပျက်နေတဲ့ အမျိုးသမီးတွေလည်း မနည်းလှဘူး။ အဲဒီလို ဒုက္ခအမျိုးမျိုးနဲ့ ရင်ဆိုင်ရုန်းကန်နေကြတဲ့ ကိုယ့်နိုင်ငံက အမျိုးသား၊ အမျိုးသမီးတွေကို ကူညီရမယ့်အစား၊ စည်းရုံးရမယ့်အစား မတူသလို မတန်သလို ဆက်ဆံနေကြတာ တော်တော်ရင်နာဖို့ ကောင်းတယ်။ ဖြစ်ပုံတခု ပြောပြမယ်။ ပြည်တွင်းက အကြီးဆုံး အတိုက်အခံ အဖွဲ့အစည်းကြီးရဲ့ ပြည်ပမှာဖွဲ့ထားတဲ့ အဖွဲ့ခေါင်းဆောင်ပြောလိုက်တဲ့စကားကိုလည်း ကြည့်အုံး “ငါတို့က မင်းတို့လို ကလေကချေ မဟုတ်ဘူး၊ အဖွဲ့အစည်းက ကွ” တဲ့၊ ဒါ ကျနော့် ကိုယ်တွေ့။
အမှန်ပြောရရင် သူတို့ကမှ ကလေကချေဖြစ်နေတာ။ ဘာအလုပ်မှမလုပ်ဘဲ ပြည်တွင်းက ပြည်သူတွေရဲ့ အခြေအနေတွေကို အသုံးချပြီး နိုင်ငံတကာက ရတဲ့ပိုက်ဆံတွေနဲ့ ညနေတိုင်း ယမကာဝိုင်းနဲ့ ကာမဂုဏ်ခံစားနေကြတဲ့ ဒီခေါင်းဆောင်ဆိုတဲ့လူတွေက တနေ့ တနေ့ နဖူးကချွေး ခြေမ ကျတဲ့အထိလုပ်မှ ထိုင်းဘတ် လေးငါးခြောက်ဆယ်ပဲရတဲ့ ကိုယ့်ပြည်သူတွေကို ဒီလို စကားပြောရက်တာ ခင်ဗျားတို့ စဉ်းစားသာကြည့်တော့။ ဒီခေါင်းဆောင်ဆိုတဲ့လူတွေ ဘယ်အဆင့်အတန်းကို ရောက်သွားတယ်ဆိုတာ ...။
ကျနော်တို့ပြည်သူတွေ အလုပ်ကပြန်လာတိုင်း လမ်းကနေ အဲဒီ ခေါင်းဆောင်ဆိုတဲ့လူတွေနေတဲ့ အိမ်ကြီးတွေကိုကြည့်ပြီး “သြော် ... ငါတို့တိုင်းပြည်အတွက် ငါတို့ပြည်သူတွေ ကောင်းစားဖို့ သူတို့လုပ်နေကြတာပါလား” ဆိုတဲ့ အားကိုးတကြီးနဲ့ ကြည့်ကြည့်သွားကြတဲ့ သူတို့ရဲ့မျက်နှာတွေ အခုထိ ပြန်မြင်နေမိသေးတယ်။
နောက်တခု ရှိသေးတယ်။ ဘန်ကောက်မှာ ခေါင်းဆောင်ကြီးတယောက်ဆီကို ကိုယ့်ရဲဘော်တယောက်က နယ်စပ်ရှေ့တန်းစခန်းကိုပြန်ဖို့ လမ်းစရိတ် ဘတ်တရာတောင်းတော့ မရှိဘူး၊ မင်းဖာသာမင်း ပိုက်ဆံရှာပြီးပြန်တဲ့။
အဲဒီခေါင်းဆောင်ကြီး ဟိုတယ်မှာ ကော်ဖီသောက်တာ ဘတ် ခြောက်ဆယ် ကျတယ်။ ဟိုတယ်က ကော်ဖီလာချတဲ့ကောင်မလေးကို သနားလို့ဆိုပြီး ဘတ်တရာ ဘောက်ဆူးပေးလိုက်တယ်၊ အံ့ရော။
ဗိုလ်ချုပ်အောင်ဆန်းအကြောင်းပြန်ဆက်ရရင် ဗိုလ်ချုပ်ဟာ သေသာသေသွားတယ်၊ ဘာအဆောင်အယောင်မှ မရှိခဲ့ဘူး။ ရုပ်ရှင်ကြည့်တော့လည်း ငါးမူးတန်းက၊ ပဲပြုပ်နဲ့ နံပြားတောင် တခါတရံမှ စားခဲ့ရတာ။ အဝတ်အစားဆိုလည်း သုံးစုံထက် ပိုမရှိခဲ့ဘူး။ အကျင့်စာရိတ္တကြည့်အုံးမလား ဘာမှ ပြောစရာမရှိဘူး။
အဲဒီတော့ ပြည်ပက ခေါင်းဆောင်ကြီးများ ဒီလိုပုံနဲ့သာ ဆက်စခန်းသွားနေရင် တိုင်းပြည်နဲ့ လူမျိုးလည်း ပျောက်ဖို့ပဲရှိတော့တယ်။ နောက်မျိုးဆက်သစ်လူငယ်တွေကိုရော ဘယ်လို ဆိုးမွေ ကောင်းမွေတွေ ပေးနိုင်မှာလဲ။
ကျနော်တို့ တော်လှန်ရေးကြီးလည်း ၂၃ နှစ်တိုင်ခဲ့ပါပြီ။ မွဲပြာကျနေတဲ့ တိုင်းပြည်နဲ့ ကိုယ့်ပြည်သူတွေရဲ့မျက်နှာ၊ အသက်သွေးတွေနဲ့ရင်းပြီး ပေးဆပ်သွားခဲ့တဲ့ ကျနော်တို့ ညီတော်နောင်တော်တို့သွေးတွေလည်း မခြေက်သေးပါဘူး။ နိုင်ငံအနှံ့အပြားက အကျဉ်းထောင်တွေထဲမှာ နှစ်ရှည်အကျဉ်းကျခံနေရတဲ့ ကျနော်တို့ တော်လှန်ရေးရဲဘော်တွေရဲ့မျက်နှာတွေကို ထောက်ကြပါအုံး။
မှားမှန်းသိလို့ အမှန်ကိုပြင်လိုက်ရင် သူတော်ကောင်းစာရင်းဝင်မှာပါ။ မှားမှန်းသိသိကြီးနဲ့ မပြင်ဘဲ ဆက်မှား ဆက်မိုက်နေအုံးမယ်ဆိုရင်တော့ လူယုတ်မာပဲဖြစ်မယ်ဆိုတာ သိစေချင်တယ်။
ရှေ့က တကယ့်ခေါင်းဆောင်ကောင်းရှိရင် နောက်လိုက်ကောင်းတွေအဖြစ်လိုက်ဖို့ အားလုံးက အဆင်သင့်ပါ။
ဒေါ်အောင်ဆန်းစုကြည်ကို လူထုကချစ်တာဟာ ခေါင်းဆောင်ပီသလို့၊ လူထုအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံပြီး လူထုနဲ့တသားထဲရှိလို့။ သူ့ရဲ့ပုဂံဘုရားဖူးခရီးစဉ်မှာ လမ်းဘေးက ထမင်းဆိုင်မှာ ထမင်းဝင်စားတာသာ ကြည့်၊ လူထုချစ်တဲ့ခေါင်းဆောင်ဆိုတာ မဲနဲ့ဝယ်လို့ရတာ မဟုတ်ဘူး၊ လူထုရဲ့ရင်ထဲ၊ နှလုံးသားထဲကလာတဲ့ လေးစားကြည်ညိုမှုပဲ။
အားလုံးကို လူထုချစ်တဲ့ လူထုဘက်တော်သားတွေ ဖြစ်စေချင်ပါတယ်။
တိုက်ဆိုင်သူများရှိခဲ့ရင် ထိုသူများကို ရည်ညွန်းပါတယ်။
၁၂ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်
****
မြန်မာနိုင်ငံသားတွေ အလုပ်ကြိုးစားတာ သူသိတယ်တဲ့။ဘာကြောင့်လဲဆိုတော့ ဆင်းရဲတော့ သူတို့ဒီမှာပဲ ဆက်နေချင်လို့ အလုပ်ကြိုးစားကြတာ။.
by ဗမာပြည်ဖွား ညီနောင်များ on Monday, July 11, 2011 at 2:20am
.
အခုတလော သတင်းစာတွေထဲမှာ နိုင်ငံခြားသား အလုပ်သမားတွေ အကြောင်း ခဏခဏ ဖတ်ရတယ်။
များသောအားဖြင့် နိုင်ငံခြားသား အလုပ်သမားတွေ များလာလို့ စင်္ကာပူနိုင်ငံသားတွေ
အလုပ်ရှားလာတယ် ဘာညာပေါ့။ ဒါကြောင့် အစိုးရကလည်း ပြုတ်မှာစိုးပြီး
ပူးပေါင်းနှိပ်ကွပ်တဲ့ အနေနဲ့ ကုမ္ပဏီတွေက နိုင်ငံခြားသား QUOTA ကို လျှော့ချပစ်တယ်။
အဲဒီတော့ နိုင်ငံခြားသားတွေအတွက် အလုပ်သမား နေထိုင်ခွင့်လျှောက်တာတောင်
ခက်ခဲကုန်တယ်။
ဒါတွေကို မသိချင်ယောင် ဆောင်နေခဲ့ပေမဲ့ အခု အလုပ်ထွက်လိုက်ပြီး နောက်အလုပ်တစ်ခု
ရှာတဲ့အခါ မရေးရမနေနိုင်အောင် ကိုယ်တွေ့အတွေ့အကြုံတစ်ချို့က နှိုးဆော်လာတယ်။
အလုပ်ခေါ်ထားတာတွေ့လို့ ဖုန်းဆက်တဲ့အခါတိုင်း ‘Are you local” လို့
တရုတ်သံဝဲ၀ဲနဲ့ မေးတိုင်း စိတ်ရှည်ရှည်ထားပြီး အလုပ်လုပ်ခွင့် ရှိသူတစ်ယောက်ပါလို့
ရှင်းပြရတာကို မုန်းလာတယ်။ ဒါတောင်မှ တရုတ်လို ပြောတတ်လားလို့ မေးပြီး အဖြေရတာနဲ့
“အိုး ငါတို့က တရုတ်လိုပြောတတ်တဲ့လူ ရှာနေတာပါ” လို့ပြောပြီး ဖုန်းချသွားတယ်။
တခါတလေ သူတို့ စလုံးတွေပဲလိုအပ်ကြောင်း ဗြောင်ပဲ ဖွင့်ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က အလုပ်လာရှာတဲ့ သူငယ်ချင်းဆိုရင် အရည်အချင်းရှိလျက်နဲ့ အလုပ်
မရသွားပါဘူး။ သူပိုင်နိုင် ကျွမ်းကျင်တဲ့ အလုပ်ကြော်ငြာ တစ်ခုမှာ
“နိုင်ငံသားများနှင့် ပီအာများသာ” လို့ရေးထားတယ်။ သူရောက်ကတည်းက ကြော်ငြာထားတာ
သူနေထိုင်ခွင့်နှစ်လပြည့်လို့ ပြန်သွားတဲ့အထိ ဆက်ကြော်ငြာတုန်းပါပဲ။
သူတို့နိုင်ငံက အခွင့်အရေးပေးထားလို့ ကိုယ်လာပြီး အလုပ်လုပ်ရတာတို့၊
ကိုယ့်နိုင်ငံကို နှိမ်ချပြောဆိုလာရင် ကြက်ခေါင်းဆိတ်မခံ ကိုယ့်နိုင်ငံက
ဆင်းရဲသားနိုင်ငံမဟုတ်တဲ့ အကြောင်း နိုင်ငံရေးအခြေအနေ မခွင့်မသာမှုကြောင့်
ဖွံ့ဖြိုးမှုနောက်ကျနေလို့သာ တစ်ခြားနိုင်ငံလာလုပ်ရတဲ့အကြောင်း
ရှင်းပြချင်စိတ်ကုန်လာတယ်။
ဒီမှာ ကျွန်မအတွေ့အကြုံတစ်ခုပြောပြချင်တယ်။ ကျွန်မ ရုံးမှာ အတူလုပ်တဲ့
သက်လတ်ပိုင်း စလုံး လုပ်ဖော်ကိုင်ဖက် မိန်းမတစ်ယောက်ရှိတယ်။ သူ တရုတ်ပြည်ကို
ခရီးသွားဖို့ အချက်အလက်တွေ အင်တာနက်မှာ မရှာတတ်လို့ ကူညီပေးရတယ်။ smart phone
သုံးပြီး သွားချင်တဲ့နေရာတွေ ဘတ်စ်ကားလာမယ့် အချိန်ကြည့်ပြီး အိမ်က
တွက်ချက်ထွက်လို့ ရတယ်လို့ ပြောပြရင် ပါးစပ်အဟောင်းသားနဲ့
… နှိပ်ကွပ်တာမဟုတ်ဘူး ပြောပြတာပါ။
စလုံးတွေ အလုပ်ကောင်းကောင်း မလုပ်လို့ ပညာကောင်းကောင်း မသင်လို့ အလုပ်မရတာ
အခွင့်အရေးမရတာ သူတို့သိပုံမရဘူး။ ဥပမာ ကျွန်မ အရင်အလုပ်တုန်းက
ကျွန်မလုပ်တာ နှစ်လပဲ ရှိသေးတယ်။လစာ တိုးပေးတယ်။ ဘာကြောင့်လဲ မေးကြည့်တော့ ပုံနေတဲ့
အလုပ်တွေ ခဏနဲ့ ရှင်းသွားလို့တဲ့။ အလုပ်တွေက လွယ်လွယ်လေးတွေကို မလုပ်သွားတာပါ။
ဆိုပါတော့။ ပြီးခဲ့တဲ့ သီတင်းပတ်က အလုပ်အင်တာဗျုး တစ်ခုသွားတယ်။ ကျွန်မရဲ့
ဘွဲ့အထောက်အထားတွေ ဘာတွေညာတွေ သယ်ခဲ့ပါဆိုလို့ သယ်သွားတယ်။
သတင်းစာထဲမှာ တွေ့ရာမြင်ရာ လျှောက်ထားတော့ သူတို့လိပ်စာ ပေးထားတာနဲ့
တိုက်ကြည့်တော့မှ ရှေ့နေရုံးကြီး ဖြစ်နေတယ်။ ခေါ်တဲ့သူကလည်း
ခေါ်တယ်ဆိုတော့ အတွေ့အကြုံရလည်း မနည်းပါဘူးဆိုပြီးသွားလိုက်တယ်။ စက်ကက်ကျေး
ဆိုတော့ အလုပ်ရရင် လစာလေးက မဆိုးလောက်ဘူးပေါ့။ ဟိုရောက်တော့ ခဏ
ထိုင်စောင့်ခိုင်းလို့
စောင့်နေရသေးတယ်။ ပြီးတော့ အခန်းနောက်တစ်ခုထဲ ခေါ်သွားပြီး
အင်တာဗျူးတော့တာပဲ။
ကိုယ့်အတွေ့အကြုံ ဘာညာမေးပြေီး အထောက်အထားတွေ ကြည့်ြ့ပီးတော့ အနှီပုဂိုလ် (အသက်
၇၀ခန့် ရှေ့နေကြီး) ကိုယ်က အဆင်ပြေနိုင်တယ်လို့ ဆိုတယ်။ ပြီးတော့မှ
ဘယ်လိုနှိပ်ကွပ်လဲ ဆိုတော့ ကျွန်မက လေးနှစ်တာလောက် စင်္ကာပူနိုင်ငံကြီးမှာ
နေလာပြီးတော့ ဘာကြောင့် စလုံးသံ (local accent) မရှိတာလဲတဲ့တော်။ သူက ကျွန်မ
client တွေနဲ့ စကားပြောတဲ့အခါ နားမလည်နိုင်မှာ စိုးရိမ်တဲ့အကြောင်း ပြောတယ်ရှင့်။
ကျွန်မ အင်္ဂလိပ် မြန်မာနှစ်ဘာသာနဲ့ ထုတ်ဝေတဲ့ မြန်မာပြည်က ဂျာနယ်တိုက်ကြီးမှာ
သတင်းထောက်လုပ်ခဲ့တုန်းက အင်္ဂလိပ်စကားပြောနိုင်ငံတွေက အယ်ဒီတာတွေနဲ့ နေတိုင်းပြောဆို
ရှင်းပြခဲ့တုန်းက အဲဒီလို အပြောမခံခဲ့ရပေမယ့် စင်္ကာပူလို
သူများဘာသာစကား နိုင်ငံဘာသာပြဌာန်းထားတဲ့ နိုင်ငံကလူတွေ ပြောတာခံရတာပဲ။
နောက်တစ်ခု သူကပြောသေးတယ် …မြန်မာနိုင်ငံသားတွေ အလုပ်ကြိုးစားတာ သူသိတယ်တဲ့။
ကျွန်မ ဂုဏ်ယူပြုံး ပြုံးဖို့ ကြိုးစားနေတုန်း သူက “အဲဒါ ဘာကြောင့်လဲဆိုတော့
မင်းတို့နိုင်ငံက ဆင်းရဲတော့ သူတို့ဒီမှာပဲ ဆက်နေချင်လို့ အလုပ်ကြိုးစားကြတာ။
အိမ်မှာဆို အိမ်ဖော်ကို သီရိင်္လကာက ခေါ်ထားတာ။ ဘာကြောင့်လဲဆိုတော့ သူတို့နိုင်ငံက
ဆင်းရဲလို့ သူတို့က အလုပ်ကြိုးစားကြတယ်” လို့ စကားဆက်ပါတယ်။ ကျွန်မကလည်း
ကျွန်မတို့နိုင်ငံဆင်းရဲတာ နိုင်ငံသားတွေကြောင့် မဟုတ်ကြောင်း၊ အစိုးရ
ချုပ်ကိုင်မှုကြောင့်သာ ဖြစ်ကြောင်း အတတ်နိုင်ဆုံး ပြန်ရှင်းပြခဲ့ပါတယ်။
ဒါ… အဲဒီလူမှ မဟုတ်ဘူး ပထမဆုံးအလုပ်ရှာတုန်းကလည်း အဲဒီလို အပြောခံရဖူးတယ်။
ပြီးခဲ့တဲ့ အလုပ်ထဲမှာလည်း ဖုန်းလက်ခံတဲ့အခါ ကျွန်မကို local
မဟုတ်ဘူးဆိုတာသိကြောင်း ပြောခံရဖူးတယ်။ ကျွန်မကလည်း localမဟုတ်ကြောင်း ကျွန်မ
စင်းဂလစ်ရှ် စကားမပြောဖြစ်ကြောင်း ပြန်ပြောဖူးတယ်။
ကိုယ့်မြေ ကိုယ့်ရေကို လူတိုင်းချစ်ကြတယ်။ ကိုယ့်လူမျိုးမှ အကောင်းဆုံးလို့
လူတော်တော်များ ထင်ကြတာကို လက်ခံပါတယ်။ ဒါပေမဲ့ စင်္ကာပူလိုနိုင်ငံက နိုင်ငံခြားသား
အလုပ်သမား အထောက်အပံ့ မရှိရင်မဖြစ်ဘူးဆိုတာ သူတို့သိသင့်တယ်ထင်တာပဲ။
သို့ပေသိ စလုံးအားလုံး မကောင်းဘူးလို့ ၀ါးလုံးသိမ်း မပြောချင်ပါ…
တစ်ချို့ကောင်းတဲ့ လူတွေလည်း အရမ်းကောင်းပါတယ်။ ဥပမာ ကျွန်မ အရင်နေခဲ့တဲ့ အိမ်ဘေးက
အိမ်နီးနားချင်းဆိုရင် မြန်မာပြည်ကို အလုပ်ကိစ္စ ရှိလို့သွားမှာကို ကျွန်မဆီက
လူကြုံပစ္စည်း တပြုံတမ ကြီးကို တကူးတက သယ်ပေးဖူးပါတယ်။ သူတို့လဲ နှလုံးသားရှိတဲ့
ခံစားချက်ရှိတဲ့ လူသားတွေပဲလေ။
ကျွန်မ ယုံကြည်တာပြောရင် လူလူချင်း သဟဇာတမျှဖို့က အရေးကြီးဆုံးလိုပဲ့
ဆိုချင်ပါတယ်…။
ရွှေသန့်
Rest of your post
0 comments:
Post a Comment