“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, July 15, 2011

သနားစရာကောင်းသော ကလေးငယ်များ ဈေးကောင်းရနေ


by Myit Makha Mediagroup
ဝင့်သင်ဇာကျော် (မြစ်မခ)

တောင်ဒဂုံမြို့နယ် ၊ လှိုင်သာယာမြို့နယ် နှင့် ရွှေပြည်သာမြှိုနယ်တို့လို အခြေခံလူတန်းစားများ နေထိုင်ရာ မြို့နယ် အချို့တွင် အသက် ၄လအရွယ် ၊ ၅လအရွယ် ၊ ၆နှစ် အရွယ် နှင့် ၊ ၇နှစ်အရွယ် ၀န်းကျင်ရှိ ပိန်လီနေသော ကလေးငယ်များကို တစ်ရက်လျှင် ငှားရမ်းခ ငါးထောင် ပေးပြီး လူစည်းကားရာနေများတွင် တောင်းရမ်းခိုင်းခြင်း မျိုးများ ရှိနေကြောင်း သိရသည်။

လက်၊ ခြေထောက်များတွင်မီးလောင်ဒဏ်ရာ ၊ ပိန်လီနေသော ခန္ဒာကိုယ်၊ ညစ်ပတ်ပြီး ပေတီပေစုတ်ဖြစ်နေသော ပုံစံမျိုးဆိုလျှင် အဆိုပါ ကလေးငယ်ကို ဈေးကောင်းပေး၍ ငှားပြီး လူကြီးများမှ တစ်နေ့တာ စားဝတ်နေရေးအတွက် အလေအလွင့်ကလေး ငယ်များကို ဗန်းပြကာ တောင်းရမ်းနေကြကြောင်း တောင်ဒဂုံမြို့နယ်မှ မျက်မြင်ကိုယ်တွေ့ တွေ့သူတစ်ဦးက ပြောသည်။

“ ကျွန်တော်တို့ တောင်ဒဂုံမှာ ရှိတဲ့ အမှိုက်ပုံနားမှာ မိသားစုတွေ တန်စီးပြီးနေကြတယ် အဲ့မှာဆိုရင် ကလေးအကြီး အသေးပေါ် မူတည်ပြီး ကလေးတွေကိုငှားပြီး တစ်ရက်ကို ဘယ်လောက်ပေးမယ်ဆိုပြီးငှားတယ် ပြီးတော့ တောင်းရမ်းခိုင်း နေတာကိုကျွန်တော် လည်း အမှတ်မထင်တွေ့မိတာပေါ့ ကျွန်တော်တောင် စိတ်မကောင်းတော်တော် ဖြစ်သွားတယ်” ဟု တောင်ဒဂုံမြို့နယ်နေ အသက် ၃၀ ၀န်းကျင်ရှိ ကိုညီညီက ပြောသည်။

ကလေးငယ်တွေရဲ့ စာရိတ္တမဏ္ဍိုင်ကို အချိန်မှီပြုပြင်ပေးသင့်

အမှိုက်ကောက်ခြင်းဖြင့် စားဝတ်နေရေးဖြေရှင်းနေရသော ကလေးငယ်များသည် မိဘ၏ ခိုင်းစေချက်ဖြင့် သံတို သံစများ ၊ ပလပ်စတစ်များ ကောက်နေရသောကြောင့် ပညာရေးမှာ နှောင့်နှေးသွားရပြီး စာရိတ္တမဏ္ဍိုင်များ ပျက်စီးကာ ခိုး၊ ၀ှက် ၊လုယူခြင်းမျိုး ရှိနေကြောင်းသိရသည်။

ကလေးငယ်အများစုသည် ကြုံရာကြာပမ်း အလုပ်များကို လုပ်ကိုင်ကာ ပိုက်ဆံရသည်နှင့် စာရိတ္တများ လည်း အလိုလို ပျက်စီး ယိုယွင်းလာခြင်းမျိုးရှိကြောင်း လှိုင်သာယာမြို့နေသူ တစ်ဦးက ပြောသည်။

“ ကလေးတွေက စာသင်ပြီးကြီးပြင်းရမယ့် အရွယ်မှာ မကြီးပြင်းရဘဲ အလုပ်လုပ်ပြီး ကြီးပြင်းလာရသော စည်းကမ်းဆိုတာ လည်းမသိ လူ့ကျင့်ဝတ်ဆိုတာလည်း မသိ တော့ သူတို့ရဲ့ စိတ်ဓာတ်တွေက ကြမ်းတမ်းလာတာပေါ့ အဲ့တော့ သူများ ပစ္စည်းခိုးမယ် ၊ ၀ှက်မယ် ၊ လိမ်ပြောမယ် ၊ ဓားပြတိုက်မယ် လူဆိုး ၊ သူခိုးလေးတွေဖြစ်လာနိုင်တယ် ဒါကြောင့် သူတို့ရဲ့ စာရိတ္တ မဏ္ဍိုင်ကို အချိန်မီ ပြုပြင်ပေးသင့်တယ်” ဟု လှိုင်သာယာနေ ကျောင်းဆရာတစ်ဦးက ပြောသည်။

ကျောင်းတတ်ချင်တယ် သူငယ်ချင်းတွေနဲ့ကစားချင်တယ်

လှိုင်သာယာမြို့နယ်အတွင်းရှိ အမှိုက်ပုံအချို့တွင် ရောင်းရနိုင်ဖွယ်ရှိသော ပစ္စည်းများကို လိုက်လံကောက်နေသော အသက် ၆နှစ် အရွယ်ကလေးငယ်မှာ နေ့လည်စာ ၊ ညနေစာဟူ၍ တစ်နေ့တာအတွက် စားဝတ်နေရေး ဖြေရှင်းနေရသော်လည်း အများ နည်းတူ ကျောင်းတက်ချင်ကြောင်း အမှိုက်ကောက်ခြင်းကို ငြီးငွေ့နေပုံဟန်ဖြင့် မျက်မှောင်ကြုတ်ကာ ပြောပြခဲ့သည်။

“ သား ဒီလှိုင်သာယာဘက်မှာ ကော်ဘူးတို့ ပလပ်စတစ်ဘူးတို့ ၊ ပြန်ရောင်းလို့ရမယ့်ဟာ လေးတွေ ကောက်ပါတယ် သား က ကျောင်းမနေရသေးဘူး ဒါပေမဲ့ ကျောင်းတတ်နေတဲ့ ကျွန်တော့်လိုအရွယ်မြင်ရင် ကျွန်တော်လည်း သူတို့လို ကျောင်း တတ်ချင်တယ် သူငယ်ချင်းတွေနဲ့ဆော့ချင်တယ်” ဟု လက်တစ်ဖက်မှ ပစ္စည်းအတိုအတွာများ ထည့်ထားသော စာလာအိတ် အဖြူကို ဆွဲကိုင်ကာ ကျန်တစ်ဖက်ဖြင့် နှာခေါင်းကိုပွတ်သက်ရင်း ပြောသည်။

အဆိုပါ ကလေးသည် မွေးချင်း မောင်နှမ နှစ်ယောက်ရှိပြီး အကြီးဆုံး အကိုဖြစ်သောကြောင့် ညီမအငယ်လေးနှင့် မိခင်ကို ရှာဖွေကျွေးမွေးရန်အတွက် အလုပ်လုပ်ရကြောင်း သိရသည်။

“သားက အကြီးဆုံးပေါ့ ညီမလေးက လသားဘဲရှိသေးတယ် အဖေက မရှိတော့ဘူး သားကဘဲ အမေနဲ့ ညီမလေးကို ရှာကျွေး ရတာပေါ့ တစ်ခါတစ်ခါဆို သားလမ်းဘေး ပလပ်ဖောင်းမှာဘဲအိပ်တယ် နေ့လည်စာမစားဘူး ညနေအိမ်ပြန်ချိန်ကြမှ အမေနဲ့ ညီမလေးနဲ့မှ အတူတူ စားတာ”ဟု အကိုကြီး အဖရာကဲ့သို့ မိသားစုကို ကျွေးမွေးစောင့်ရှောက်နေပုံကို ပြောပြခဲ့သည်။

အမှိုက်ကောက်ခြင်းဖြင့် တစ်နေ့ ရောင်းရငွေမှာ သုံးထောင် ၊လေးထောင်သာ ရရှိပြီး တစ်ချို့နေ့များတွင် တစ်ရာတောင် မရသော နေ့များရှိသောကြောင့် စားရေးတွင်လည်း အခက်အခဲရှိနေကြောင်း သိခဲ့ရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */