သရပါရသစာပေ မဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာခေါ်ယူခြင်း အလုပ်ခေါ်ကြော်ငြာက လက်ရှိအလုပ် လုပ်ကိုင်နေသော အမျိုးသမီး အယ်ဒီတာများအပြင် အယ်ဒီတာများအားလုံး၏ စာရိတ္တနှင့်ကျင့်ဝတ် သိက္ခာကို ကျဆင်းထိပါးစေသည့် သဘော သက်ရောက်ခဲ့ကြောင်း စာပေလောကအတွင်းရှိ အယ်ဒီတာများ အပါအ၀င် ဂျာနယ်လစ်များကပါ သုံးသပ်ပြောဆိုခဲ့ကြပါသည်။
ဇွန်လ ၂၈ ရက်နေ့ထုတ် အချစ်ဂျာနယ် အတွဲ(၆)အမှတ်(၇၀) စာမျက်နှာ ၂၃ တွင်ပါဝင်ခဲ့သော သရပါရသ စာပေမဂ္ဂဇင်း၏ အမျိုးသမီး အယ်ဒီတာ အလုပ်ခေါ်ကြော်ငြာတွင် လျှောက်ထားလိုသူများ အနေဖြင့် '' (၁)ရုပ်ရည်ပြေပြစ်ရမည်၊ (၂)မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုတတ်ရမည် (၃)အိမ် ထောင်မရှိသူဖြစ်ရမည် (၄)မည်သည့် ဂျာနယ်၊မဂ္ဂဇင်းတိုက်တွင်မှ အလုပ်လုပ်ဖူးသူ မဖြစ်စေရ၊ (၅) ၁၀တန်း အောင်ရန်မလို၊ (၆) အသက် ၂၀ နှစ်မှ ၂၈ နှစ်အတွင်း ဖြစ်ရမည်'' စသည့် အချက်များသာပါဝင်ခဲ့ပြီး လျှောက်ထားလိုသူများ အနေဖြင့် သရ၀ဏ်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ဖြန့်ချိရေးသို့ လူကိုယ်တိုင်လာ ရောက်လျှောက်ထားရမည်ဟု ဖော်ပြပါရှိထားခဲ့သည်။
မဂ္ဂဇင်းတစ်စောင်၌ အယ်ဒီတာတစ်ဦး၏ အရည်အသွေးသည် စာဖတ်နိုင်အား၊ ခြုံငုံသုံးသပ်နိုင်သော အမြင်ရှိမှု၊ ပိုင်းခြားဝေဖန်တတ်မှု၊ အသိအမြင်ဗဟုသုတ အတွေးအခေါ် ကြွယ်ဝမှု၊ အသက်အရွယ်အလိုက် အတွေ့အကြုံရင့်ကျက်မှုနှင့် ဘက်စုံ နှံ့စပ်မှုစသော အချက်များ အပေါ် အခြေခံ ရွေးချယ်ခန့်ထားလေ့ ရှိသော်လည်း သရပါ ရသစာပေမဂ္ဂဇင်း၏ အမျိုးသမီးအယ်ဒီတာ အလုပ်ခေါ်ကြော်ငြာစာ တွင်မူ ထိုကဲ့သို့အချက်များ ပြည့်စုံရန် ဖော်ပြထားခဲ့ခြင်းမရှိသည့် အပြင် လက်ရှိလုပ်ကိုင်နေသော အယ်ဒီတာများ၏ အရည်အသွေး၊ တန်ဖိုးနှင့် အရည်အချင်းဆိုင်ရာ စံနှုန်းများကို ကျဆင်းစေခဲ့သည့် ကြော်ငြာသာဖြစ်သည်ဟု သုံးသပ်မှုများ ထွက်ပေါ်ခဲ့ပါသည်။
''ဒီကြော်ငြာကိုမြင်တော့ စိတ်ထဲ ဘ၀င်မကျမိဘူး။ ပညာအရည်အချင်းရော အတွေ့အကြုံပါဘာမှ ကန့်သတ်ထားတာမရှိဘဲနဲ့ အယ်ဒီတာဆိုတာ မဖြစ်နိုင်ဘူး။ အခုခေတ်က ၁၀ တန်းဆိုတာ အနိမ့်ဆုံးပညာ အရည်အချင်းပဲ။ ၁၀ တန်းဆိုရင်တောင် ကလေးပဲရှိသေးတာ။ ဘာသိဦးမှာလဲ။ အခု အယ်ဒီတာခေါ်တာ။ အယ်ဒီတာ ဆိုတဲ့အတွက် စာဖတ်နာဖို့၊ ပညာတတ်ဖို့ အရင်လိုတယ်။ ဒီခေတ်မှာက အင်္ဂလိပ်စာ ကျွမ်းကျင်ဖို့လည်း လိုအပ်တယ်။ အိမ်ထောင် ရှိတာ၊ မရှိတာ၊ ရုပ်ချောတာ၊ ရုပ် မချောတာက အယ်ဒီတာအတွက် အရေးမကြီးဘူး။ စာဖတ်နာဖို့နဲ့ အရာရာကို ချင့်ချိန်နိုင်စွမ်းရှိတဲ့ အတွေ့အကြုံ၊ ပညာအရည်အချင်း ရှိဖို့က အခြေခံအနေနဲ့ လိုအပ်တယ်။ ကျွန်မတို့ ခေတ်တုန်းကလည်း ပညာအရည်အချင်းနဲ့ အတွေ့အကြုံ၊ အသက်အရွယ်ကို ဦးစားပေးပြီးမှ အယ်ဒီတာလို့ သတ်မှတ်ခန့်ထားတာပါ''ဟု တိုင်းရင်းမေဂျာနယ်၌ နှစ်ပေါင်း ၃၀ ကျော်ကြာ အမျိုးသမီး အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့သူ ဒေါ်ခင်သန်းဌေးက ပြောပြပါသည်။
သရပါမဂ္ဂဇင်း၏ အယ်ဒီတာ အလုပ်ခေါ် ကြော်ငြာစာသည် ထိုမဂ္ဂဇင်း အယ်ဒီတာအဖွဲ့၏ သဘောထား ရှုထောင့်သာ ဖြစ်သော်လည်း အယ်ဒီတာတစ်ဦး၏အမြင်မူ စိတ်ပျက်မိကြောင်း မဂ္ဂဇင်းလောက၌ နှစ်ပေါင်း ၃၀ ကျော်ကြာ အတွေ့အကြုံရှိခဲ့သူ ရွှေအမြုတေမဂ္ဂဇင်း အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းက ပြောဆိုခဲ့ပါသည်။
''ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ကာလတစ်လျှောက် အယ်ဒီတာအလုပ်ခေါ် ကြော်ငြာကို ဒီလိုသတ်မှတ်ချက်နဲ့ ခေါ်တာ ဒါပထမဆုံးအကြိမ်ပါပဲ။ တစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။ စိတ်ထဲမှာတော့ ဘ၀င်မကျ ဖြစ်မိတယ်။ သူ့ရဲ့သတ်မှတ်ချက်တွေကို ကျွန်တော်ဖတ်ကြည့်တယ်။ ရုပ်ရည်ပြေပြစ်ရမယ် ဆိုတာကတော့ ထားပါတော့။ နောက် မြန်မာစကားကို ယဉ်ကျေးသိမ်မွေ့စွာ ပြောရမယ်။ ဒါလည်း ဘာမှမဖြစ်သေးပါဘူး။ အိမ်ထောင် ရှိတယ်၊ မရှိဘူးဆိုတာကတော့ အယ်ဒီတာအလုပ်နဲ့ ဘာမှမဆိုင်ပါဘူး။ ၁၀ တန်းအောင်ထားဖို့တော့ လိုအပ်ပါတယ်။ သူတို့ကတော့ ဘယ်လို ရည်ရွယ်ချက်မျိုးနဲ့ ၁၀တန်းမအောင်လည်း ရတယ်လို့ သတ်မှတ်သလဲတော့ မသိပါဘူး။ အသက်ကန့်သတ်ချက် ကတော့ New Blood ဖြစ်ချင်တယ်လို့ ထင်ပါတယ်။ ဒီလိုခေါ်ဆိုမှုက သူတို့အာဘော်ဖြစ်နေလို့ ဘာမှမပြောလိုပေမယ့် အယ်ဒီတာတစ်ယောက် အမြင်က ပြောရင်တော့ စိတ်ပျက်မိပါတယ်''ဟု ဦးမျိုးမြင့်ညိမ်း က ပြောပြပါသည်။
-------------------------------------------------------------------------------------------------------------
အယ်ဒီတာတစ်ဦး၏ အရည်အသွေးသည် စာဖတ်နိုင်အား၊ ခြုံငုံသုံးသပ်နိုင်သော အမြင်ရှိမှု၊ ပိုင်းခြားဝေဖန်တတ်မှု၊ အသိအမြင်ဗဟုသုတ အတွေးအခေါ် ကြွယ်ဝမှု၊ အသက်အရွယ်အလိုက် အတွေ့အကြုံရင့်ကျက်မှုနှင့် ဘက်စုံ နှံ့စပ်မှုစသော အချက်များအပေါ် အခြေခံ ရွေးချယ်ခန့်ထားလေ့ ရှိ.....
-------------------------------------------------------------------------------------------------------------
''မဂ္ဂဇင်းအယ်ဒီတာ ဆိုတဲ့ အတွက် မဂ္ဂဇင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတို့၊ စာဖတ်ဝါသနာပါပြီး အခြေခံရှိတာတို့၊ စာပေနယ်နဲ့ ပတ်သက်ပြီး ရှေ့မီနောက်မီဖြစ်နိုင်တာ တို့ စတဲ့အချက်တွေနဲ့ ပြည့်စုံနေမှ ရတာပါ။ ပညာရေးနဲ့ စာပေအတွေ့အကြုံကို ပေါင်းစပ်မှရမှာဆိုတာကြောင့်လည်း ၁၀ တန်းမအောင်လည်း ရတယ်ဆိုတာမျိုးကတော့ မသင့်တော်ပါဘူး။ ရုပ်ရည်ပြေပြစ်တာ၊ မပြေပြစ်တာတို့၊ အိမ်ထောင်ရှိ တာ၊ မရှိတာတို့၊ အသက် ကန့်သတ်ချက်ရှိတာ၊ မရှိတာတို့ကတော့ အယ်ဒီတာအလုပ်နဲ့ ဘာမှမဆိုင်ပါ ဘူး။ ရုပ်ရှင်မင်းသမီး ၀င်ရွေးတာမှ မဟုတ်တာဘဲဗျာ။ ရုပ်ရှင်မင်းသမီး ရွေးတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုခေါ်တဲ့ အမျိုးသမီးအယ်ဒီတာ အလုပ်ကြော်ငြာကတော့ အယ်ဒီတာ အလုပ်နဲ့မဆိုင်သလို ဖြစ်နေပါတယ်'' ဟု ပန်းအလင်္ကာ စာပေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် မောင်သွေးချွန်က ပြောပြပါသည်။
''မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ သူ့ဦးတည်ချက်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ ရှိကြပါတယ်။ အလှအပလား၊ ကျန်းမာရေးလား၊ ရသလား၊ သတင်း လား၊ နိုင်ငံရေးလား၊ အားကစားလား စသဖြင့်ပေါ့။ ဒါမှ ကိုယ်သွားမယ့်ဦးတည်ချက်နဲ့ ကိုက်ညီတဲ့စာ တွေကို ထည့်ရတာဖြစ်တယ်။ ကျွန်မ သဘောအနေနဲ့ 'အယ်ဒီတာ' ဆိုတဲ့ နေရာကို ရွေးမယ်ဆိုရင်ရှေ့မီနောက်မီတဲ့လူ ဖြစ်စေချင်တယ်။ နောက်ပြီး ဗဟုသုကြွယ်ဝတဲ့သူ၊ စာဖတ်နာတဲ့သူ၊ အမှားအမှန်ကို ချင့်ချိန်တတ်တဲ့သူ၊ ဘက်မလိုက်တဲ့သူ ဖြစ်ရင်တော့ အကောင်းဆုံးပါ''ဟု အယ်ဒီတာရွေးချယ်မှု အပိုင်းနှင့် ဆက်စပ်ပြီး သရဖူ မဂ္ဂဇင်းမှ ဒေါ်နန်းအိအိဇာက ပြောပြ ခဲ့ပါသည်။
''အခုခေတ်မှာ စာပေလောကကို အပျော်သဘောနဲ့ ၀င်လာတဲ့သူ တွေရှိလာတော့ အဲဒီလူတွေက Ethics ဆိုတာတွေလည်း မရှိကြဘဲ သူတို့လုပ်ဆောင်မှုတွေက တခြားတစ်ဖက်နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေအောင် လုပ်မိတတ်ကြတာမျိုးလည်း တွေ့နေ မြင်နေရပါတယ်။ အယ်ဒီတာကို အလုပ်ခေါ်တာ ဒီလိုအချက်တွေနဲ့တော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ စာပေအတွေ့အကြုံ၊ စာပေအပေါ် စိတ်ဝင်စားမှု၊ ၀ါသနာပါမှု ဒီအချက်တွေက အခြေခံအချက်တွေ အဖြစ်ပါဝင်ရမှာ ဖြစ်ပါတယ်''ဟု ဦးမျိုးမြင့်ညိမ်းက လည်း ပြောပြခဲ့ပါသည်။
ယခုကြော်ငြာသည် စာပေလောကအတွင်း အယ်ဒီတာများ၏ အရည်အသွေးပိုင်းနှင့် ကျင့်ဝတ်သိက္ခာ ပိုင်းကိုကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်အပြင် အခြားသော ရသစာပေ မဂ္ဂဇင်း ထုတ်ဝေသူများကိုလည်း သိက္ခာကျဆင်းစေရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း သုံးသပ်ကြပါသည်။ ထို့အပြင် ယခုကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အဆိုပါကိစ္စရပ် အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး အခြားတစ်ဖက်တွင်လည်း အယ်ဒီတာများ၏ အရည်အချင်းနှင့် ကျင့်ဝတ်သိက္ခာများကို အယ်ဒီတာ အဖွဲ့သာမက ထုတ်ဝေသူများသိရှိနိုင်အောင် လုပ်ဆောင်ရန် လိုအပ် ကြောင်း အယ်ဒီတာများက ပြောဆိုခဲ့ပါသည်။
''မဂ္ဂဇင်းအယ်ဒီတာ ဆိုတဲ့ အတွက် မဂ္ဂဇင်းနဲ့ ပတ်သက်တဲ့ အတွေ့အကြုံတို့၊ စာဖတ်ဝါသနာပါပြီး အခြေခံရှိတာတို့၊ စာပေနယ်နဲ့ ပတ်သက်ပြီး ရှေ့မီနောက်မီဖြစ်နိုင်တာ တို့ စတဲ့အချက်တွေနဲ့ ပြည့်စုံနေမှ ရတာပါ။ ပညာရေးနဲ့ စာပေအတွေ့အကြုံကို ပေါင်းစပ်မှရမှာဆိုတာကြောင့်လည်း ၁၀ တန်းမအောင်လည်း ရတယ်ဆိုတာမျိုးကတော့ မသင့်တော်ပါဘူး။ ရုပ်ရည်ပြေပြစ်တာ၊ မပြေပြစ်တာတို့၊ အိမ်ထောင်ရှိ တာ၊ မရှိတာတို့၊ အသက် ကန့်သတ်ချက်ရှိတာ၊ မရှိတာတို့ကတော့ အယ်ဒီတာအလုပ်နဲ့ ဘာမှမဆိုင်ပါ ဘူး။ ရုပ်ရှင်မင်းသမီး ၀င်ရွေးတာမှ မဟုတ်တာဘဲဗျာ။ ရုပ်ရှင်မင်းသမီး ရွေးတယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုခေါ်တဲ့ အမျိုးသမီးအယ်ဒီတာ အလုပ်ကြော်ငြာကတော့ အယ်ဒီတာ အလုပ်နဲ့မဆိုင်သလို ဖြစ်နေပါတယ်'' ဟု ပန်းအလင်္ကာ စာပေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် မောင်သွေးချွန်က ပြောပြပါသည်။
''မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ သူ့ဦးတည်ချက်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ ရှိကြပါတယ်။ အလှအပလား၊ ကျန်းမာရေးလား၊ ရသလား၊ သတင်းလား၊ နိုင်ငံရေးလား၊ အားကစားလား စသဖြင့်ပေါ့။ ဒါမှ ကိုယ်သွားမယ့်ဦးတည်ချက်နဲ့ ကိုက်ညီတဲ့စာ တွေကို ထည့်ရတာဖြစ်တယ်။ ကျွန်မ သဘောအနေနဲ့ 'အယ်ဒီတာ' ဆိုတဲ့ နေရာကို ရွေးမယ်ဆိုရင်ရှေ့မီနောက်မီတဲ့လူ ဖြစ်စေချင်တယ်။ နောက်ပြီး ဗဟုသုကြွယ်ဝတဲ့သူ၊ စာဖတ်နာတဲ့သူ၊ အမှားအမှန်ကို ချင့်ချိန်တတ်တဲ့သူ၊ ဘက်မလိုက်တဲ့သူ ဖြစ်ရင်တော့ အကောင်းဆုံးပါ''ဟု အယ်ဒီတာရွေးချယ်မှုအပိုင်းနှင့် ဆက်စပ်ပြီး သရဖူ မဂ္ဂဇင်းမှ ဒေါ်နန်းအိအိဇာက ပြောပြ ခဲ့ပါသည်။
''အခုခေတ်မှာ စာပေလောကကို အပျော်သဘောနဲ့ ၀င်လာတဲ့သူ တွေရှိလာတော့ အဲဒီလူတွေက Ethics ဆိုတာတွေလည်း မရှိကြဘဲ သူတို့လုပ်ဆောင်မှုတွေက တခြားတစ်ဖက်နဲ့ ပတ်ဝန်းကျင်ကို ထိခိုက်စေအောင် လုပ်မိတတ်ကြတာမျိုးလည်း တွေ့နေ မြင်နေရပါတယ်။ အယ်ဒီတာကို အလုပ်ခေါ်တာ ဒီလိုအချက်တွေနဲ့တော့ မဖြစ်သင့်ဘူးလို့ ထင်တယ်။ စာပေအတွေ့အကြုံ၊ စာပေအပေါ် စိတ်ဝင်စားမှု၊ ၀ါသနာပါမှု ဒီအချက်တွေက အခြေခံအချက်တွေ အဖြစ်ပါဝင်ရမှာ ဖြစ်ပါတယ်''ဟု ဦးမျိုးမြင့်ညိမ်းက လည်း ပြောပြခဲ့ပါသည်။
ယခုကြော်ငြာသည် စာပေလောကအတွင်း အယ်ဒီတာများ၏ အရည်အသွေးပိုင်းနှင့် ကျင့်ဝတ်သိက္ခာ ပိုင်းကိုကျဆင်းအောင် လုပ်ဆောင်ခဲ့သည့်အပြင် အခြားသော ရသစာပေ မဂ္ဂဇင်း ထုတ်ဝေသူများကိုလည်း သိက္ခာကျဆင်းစေရန် လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်ကြောင်း သုံးသပ်ကြပါသည်။ ထို့အပြင် ယခုကိစ္စရပ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အဆိုပါကိစ္စရပ် အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သင့်ပြီး အခြားတစ်ဖက်တွင်လည်း အယ်ဒီတာများ၏ အရည်အချင်းနှင့် ကျင့်ဝတ်သိက္ခာများကို အယ်ဒီတာ အဖွဲ့သာမက ထုတ်ဝေသူများသိရှိနိုင်အောင် လုပ်ဆောင်ရန် လိုအပ် ကြောင်း အယ်ဒီတာများက ပြောဆိုခဲ့ပါသည်။
http://swenaing.blogspot.com/2010/07/new-blood.html#more
Thursday, July 01, 2010
ပညာမပါရင် နေပစေ..အ၀ှါ ပါရင် ရမယ်ဆိုတဲ့အလုပ်တဲ့..(ဘာမဂ္ဂဇင်း အယ်ဒီတာမို့ ပါလိမ့်?)
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment