(ပြည်သူတယောက်အမြင်)
ဒီနေ့လက်ရှိ အနေအထားရတော့ ပြည်သူတွေက နင်းပြားတွေပါဘဲ ။ ဥပဒေတွေ မျိုးစုံစွာ ထုတ်ထားပေမယ့် ဥပဒေအထက်က လူတွေရှိနေသေးသရွေ့တော့ ပြည်သူတွေ ဆင်းရဲဒုက္ခရောက်နေရအုံးမှာ။ လက်ရှိ အစိုးရက သူတို့ ထုတ်ထားတဲ့ ဥပဒေတွေကို နေရာတော်တော်များများမှာ သူတို့ကိုယ်တိုင်ပြန်ချိုးဖောက် နေတာတွေများတယ်။
အမှုတခုဖြစ်လို့ ရဲ့စခန်းကိုသွား ရင် ပိုက်ဆံမပေးဘဲ ဘယ်သူမှ အမှုမဖွင့်ပေးပါဘူး။ ရဲချုပ်ကိုယ်တိုင်ပြောထားတဲ့စကားဆိုပြီး ဘယ်သူကလိုက်နာနိုင်လို့လဲ။ ယနေ့မြန်မာနိုင် ၀န်ထမ်းလောကမှာ လာဘ်စားတယ်ဆိုတာ အစဉ်အလာယဉ်ကျေးမှုလိုလို ကို ဖြစ်နေပါပြီ။ ဥပဒေ ကိုထုတ်ထားတဲ့သူတွေ ရဲ့ မတရားမှုတွေကို ဘယ်မှာသွားပြီးတ ရားဆွဲလို့ရမလဲ။ ပြည်သူလူထုအားလုံးသိတဲ့ အချို့အမှုတွေ အခုထိ ပြည်ထဲရေးဝန်ကြီးဌာနက မဖော်ထုတ် ပေးသေး ပါဘူး။ ဒီပဲယင်း အကြမ်းဖက်မှု ၊ ရတနာကုန်သည်မိသား စုလိုက် အသတ်ခံရမှု ။ နောက်တခုဆိုးတာက တရားသူကြီးတွေဆိုတာ ဥပဒေမျက်နှာဘဲကြ ည့်ရတာပါ။ အခုကတော့ ဥပဒေအထက်ကလူကြီး တွေ မျက်နှာကြည့်ပြီး စီရင်ချက်ချလိုက်တဲ့ မတရားမှုတွေ ဟာ ထောင်သောင်းမကတော့ပါဘူး။ ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုကို ပုဂ္ဂိလိက ပိုင်ဆိုင်မှုအဖြ စ် ပြည်သူ့သဘော မပါဘဲ ပြောင်းလဲပေးနေတာ ဟာ အကြီးဆုံး နိုင်ငံတော်ဘဏ္ဍာကို အလွှဲသုံးစားလုပ် မှုကြီးပါ။ ယနေ့ဒါကိုလည်း ဗြောင်ကျကျလုပ်ဆောင်နေတာကို ဘယ်သူဆီမှာ ပြည်သူတွေ တိုင်ကြားလို့ရနိုင်ပါသလဲ။ ....................................................................................
ယနေ့ပြည်သူလူထုကို အထူးပြောကြားလို တာက မတရားတာ ကို မတရားပါဘူး လို့ မပြောရဲတာဟာ အဲဒီမတရားမှုကြီး တွေကို တိတ်ဆိတ်စွာ ထောက်ခံနေတာပါဘဲ ။ အဲဒီလိုထောက်ခံနေသရွေ့လဲ ဥပဒေကို စိတ်ကြိုက်ပြင်ဆ င်နိုင်တဲ့ အစိုးရက က တည်ရှိနေအုံးမှာ ပါဘဲ။Rest of your post
Sunday, July 04, 2010
ပြည်သူ့ အမြင်နှင့် ပြည်သူ့ အသံ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment