“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, July 12, 2010

ကြွက်သေတခု အရင်းပြု၍

နေပြည်တော် ပုလိပ် ရောဂါ ကူးစက်မှု ၀န်ထမ်းများ တုန်လှုပ်
စစ်အစိုးရ ရုံးစိုက်ရာ နေပြည်တော်တွင် ကြွက်မှ ကူးစက် သည့် ပုလိပ်ရောဂါများ လူတွင် စတင်ဖြစ်ပေါ်နေသည် ဟူ သည့်  သတင်းများ ကြောင့် ထိုဒေသ ရှိ အစိုးရ၀န်ထမ်း များ နှင့် ဒေသခံ များ အား လုံးကြောက်ရွံ့ တုန်လှုပ် လျှက် ရှိသည် ဟု သတင်းရရှိသည်။

နေပြည်တော် ဆည်မြောင်း ၀န်ကြီးဌာန ရှိ အကြီးတန်း ၀န်ထမ်း တစ်ဦး က မူ ကျွန်တော်တော့ ဖြစ်နိုင်ရင်ရန်ကုန် ပဲ ပြန်ချင်တယ်။ ကျွန်တော့် အတွက် က အရေးမကြီးပေမယ့် သားသမီးတွေ ကို တော့ ဒီရောဂါမဖြစ်စေချင်ဘူး ဟု သူက Freedom News Group သို့ ပြောသည်။

နေပြည်တော် တွင် ၀န်ထမ်းများ သာမက စစ်အစိုးရ အရာရှိ မိသားစုများ ပါ ရန်ကုန် ၊မန္တလေး နှင့်မေမြို့ စသည့် မြို့ များ သို့ ခေတ္တရှောင်နေ ရန်စီစဉ် ထားသည် ဟု သတင်းရရှိသည်။

နေပြည်တော် ကြွက်ပုလိပ်သတင်း ကြောင့် အစိုးရ၀န်ထမ်း နှင့် ဒေသ ခံများ သာမက စစ်ခေါင်းဆောင်များ ပါ တုန်လှုပ်နေကြသည် ဟု သတင်းရရှိသည်။

ပုလိပ်ရောဂါ နှင့် ပတ်သက် သည့် ကူးစက်ရောဂါ ကာကွယ်မှု သတင်း ကို ဇူလိုင် လ ၇ ရက်နေ့  စစ်အစိုးရအာဘော် သတင်းစာများ တွင် ဖော်ပြထားသည်။

နေပြည်တော်-ရန်ကုန် ကားလမ်းပေါ်တွင် ထောင်သောင်းချီသော ကြွက်ဝမ်းဖြူ များ ပြောင်းရွှေ့ မှုသတင်းထွက်ပြီးနောက် ပလိပ်ရောဂါသတင်း ထွက်ပေါ်လာခြင်း ဖြစ်သည်။

ပုလိပ်ရောဂါ သည် မြန်မာ နိုင်ငံတွင် ဒုတိယ ကမ္ဘာ စစ်မတိုင် ခင်က ကပ်ရောဂါ သဖွယ် ဖြစ်ပွားပြီးနောက်လူအမျောက် အမြား သေဆုံး ခဲ့ရသည်။

http://freedomnewsgroup.com/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */