“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, July 12, 2010

ရွှေအင်းလေး မှကြိုဆိုပါ၏။

ဒိုင်နိုဆော အကြောင်းတွေ ပုံသာပြနိုင်တော့သလို ဒိုင်နိုဆောတွေသမိုင်းလည်း စာအဖြစ် စကားအဖြစ် သာ လေ့လာမြင့်တွေ့ ခွင့်ရကြတာ တကမ္ဘာလုံးပါ။ အင်းလေးတဲ့  ရိုးသားတဲ့ တောင်ပေါ်မြေ ကန်ရေတွေအပြည့်နဲ့  ရိုးရာဓလေ့  ကမ္ဘာကို ထင်ဟပ်စေတဲ့ မြေ ဒီအင်းလေးကန် ခမ်းခြောက်နေပြီတဲ့  နောက်အနှစ်တဆယ် ဆိုဘယ်လို ဆိုတာ မတွေးဝံ့ လောက်အောင် အင်းလေးရေပြင်ဟာ ပျက်စီးနေပါပြီ။ နောင်ဆို အင်းလေးကန်မှာ ရွှေအင်းသားတို့  ခြေဖြင့်လှေလှော်ခဲ့ ကြောင်း သမိုင်းစာမျက်နှာမှာဘဲ တွေ့ ရတော့မှာ ပါ။ ရွှေအင်းသားတို့ တိုင်းရင်းသားတွေအတွက် အင်းလေးရေ ပျောက်ရင် ရိုးရာဓလေ့လည်း ပျောက်ရတော့မှာပေါ့။ ကမ္ဘာတ၀န်းမှာ ဒီရာသီဥတုဒါဏ်ကို နေရာတိုင်းခံစားရပါတယ်။ ခလိုင်းမိတ်ချိန်း Climate change ဆိုတဲ့  ကမ္ဘာရာသီအပြောင်းအလဲ အောက်မှာ တကမ္ဘာလုံး ဒီဒဏ်ကို ခံနေကြရနေတယ်။ ဗွီဒီယို အပိုင်း ၁ မှာ ဆိုသလို စတုရန်းမိုင်ပေါင်း ၆၀ ကျော် ကနေ ၂၀၀၈ နွေရာသီမှာ မိုင် ၄၀ ပတ်လည် သာကျန်ပြီး ၂၀၁၀ ဒီ နွေရာသီမှာ စတုရန်းမိုင် ၂၇ သာ ကျန်ပါတော့တယ် အထင်ကရ တန်ခိုးကြီးတဲ့ ဖောင်တော်ဦး စေတီတော်ဟာလည်း မြေပက်ကြားအက်တွေကြားမှာ သောင်တင်နေတဲ့ လှေတွေနဲ့ အတူ ပေါ်နေတာ စိတ်မကောင်းစွာ ဖူးမျှော်နေရပါတော့တယ်။ ဗီဒီယို အပိုင်း ၅ ပိုင်း ဆက်လက်ရှုစားကြပါ စိတ်ဝင်စားစရာကောင်းတဲ့  ဓလေ့ လေ့ လာနိုင်ကြပါစေ။ (အာဇာနည်ဝိုင်းတော်သား)
အင်းသီး (The Floating Tomatoes ) part 1

အင်းသီး (The Floating Tomatoes ) part 2


အင်းသီး (The Floating Tomatoes ) part 3


အင်းသီး (The Floating Tomatoes ) part 4

အင်းသီး (The Floating Tomatoes ) part 5

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */