“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 04, 2010

ဗိုလ်ချုပ်ပြောတာမှန်သလိုလို

စစ်တွေမြို့တွင် လမ်းဘေး ပြည့်တန်ဆာများ ပေါများလာ
Filed under သတင်း မိုးမိုးကျော် (Arakan Review)ဇူလိုင် (၀၂)၊ ၂၀၁၀။

ရခိုင်ပြည်၊ မြို့တော် စစ်တွေတွင် ယခုနှစ်အတွင်း လမ်းဘေး ပြည့်တန်ဆာများ သိသိသာသာ ပေါများလာသည့် အတွက်ကြောင့် မြို့နယ် လူငယ် လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားလာရကြောင်း ဒေသခံ လူကြီး တစ်ဦးက Arakan Review သို့ ပြောကြားခဲ့သည်။

“စစ်တွေမှာ အခု လမ်းဘေး ပြည့်တန်ဆာတွေ အများအပြားကို နေရာ အနှံ့မှာ တွေ့နေရတယ်။ အထူးသဖြင့် ည (၇) နာရီခွဲ ၀န်းကျင်လောက်ဆိုရင်ပေါ့။ အဲဒါတွေဟာ တက္ကသိုလ် ကျောင်းသားတွေနဲ့ အရွယ်မရောက်သေးတဲ့ လူငယ်လေးတွေရဲ့ အကျင့်စာရိတ္တကို တဖြည်းဖြည်းနဲ့ ပျက်စီးလာစေနိုင်တယ်။ ဒါကို အာဏာပိုင်တွေက ပြင်းပြင်းထန်ထန်အရေးယူ ဆောင်ရွက် သင့်တယ်” ဟု သူက ပြောသည်။

အဆိုပါ လမ်းဘေး ပြည့်တန်ဆာများသည် လမ်းမကြီးရှိ ပြည်သူ့ ဆေးရုံးဝင်း အနီးတ၀ိုက်နှင့် ရှုခင်းသာလမ်း၊ ရေတပ်စခန်း အနီးတ၀ိုက် စသည့် လမ်းမီးများ မရှိသည့် နေရာ ဒေသများကို မှောင်ရိပ်ခိုကာ လှုပ်ရှားလေ့ရှိကြောင်း သိရသည်။

ယခုကဲ့သို့ လမ်းဘေး ပြည့်တန်ဆာများ ပေါများလာသည့် အတွက်ကြောင့် ယခင်က စစ်တွေမြို့ မင်းကြီး ကျောက်တန်းအနီးရှိ နေ၀င်စ အချိန်တွင် အပန်းဖြေ လမ်းလျှောက် ထွက်လေ့ရှိ ကြသော ဒေသခံ ကျောင်းသူ မိန်းကလေးများကိုပါ ပြည့်တန်ဆာများ အဖြစ် အထင်လွှဲမှားသည့် အကြည့်များဖြင့် စနောက်လာကြသည့် အတွက် ကျောင်း သူများမှာ ညမှောင်လျှင် ယင်းနေရာများသို့ ဖြတ်သန်းသွားလာခြင်းများ မပြုဝံ့သည်အထိ ဖြစ်လာကြောင်း သိရသည်။

ယင်း ပြည့်တန်ဆာများအား ဒေသခံ ရဲများက ရှင်းလင်းခြင်းများ လုံးဝ မပြုလုပ်သည့် အပြင် သူတို့နှင့် တရင်းတနှီး ဇနီး သားမယား ကဲ့သို့ပင် ပြောဆိုနေထိုင် ဆက်ဆံနေကြကြောင်း စစ်တွေမြို့ ဒေသခံ တစ်ဦးက ပြောသည်။

” လုံခြုံရေး ကင်းလှည့်တဲ့ ရဲတွေနဲ့ အတူသွား အတူလာတာတွေကို ကျနော် မြင်ဖူးတယ်။ ပြီးတော့ အဲဒီ ကောင်မတွေက ရဲတွေနဲ့ တွေ့ရင် နောက်ပြောင်ကြသေးတယ်။ ရဲတွေက သူတို့ ကို တွေ့ရင်တောင် ဘာတစ်ခုမှ မပြောဘူးဗျာ၊ ဒီအတိုင်း ပြုံးပြသွားတာပဲ” ဟု သူက ပြောပြခဲ့ သည်။

စစ်တွေမြို့တွင် သိသာစွာ ပေါများလာသည့် လမ်းဘေးပြည့်တန်ဆာများမှာ ဒေသခံ စစ်တွေမြို့မှ မဟုတ်ပဲ ကျောက်ဖြူ၊ သံတွဲ ဒေသများမှ အများဆုံးဖြစ်ကာ နေရပ်ဇာတိကို မဖော်ပြလိုသော သူများလည်း ရှိကြောင်း သိရသည်။

ရခိုင်လူမျိုးများသည် ပြည့်တန်ဆာ လုပ်ငန်းအား အရွံ့မုန်းဆုံးဖြစ်ပြီး ယခုကဲ့သို့ ပေါများလာရခြင်းသည် မရှိဆင်းရဲပြီး အမှီအခို မရှိသည့် သူများထက် ရခိုင်ပြည်ရှိ မဖွံ့ဖြိုး မတိုးတက်သေးသော ကျေးရွာ၊ ရပ်ကွက်များတွင် နေထိုင်ပြီး ပညာအသိဥာဏ် နည်းပါးသော မိန်းကလေးများအား နအဖ တပ်မတော်မှ စစ်သားများ စွန့်ပစ်ခြင်းကို ခံရပြီး အဆိုပါ ဘ၀သို့ ရောက်ရှိလာသည်က ပိုမိုများပြားကြောင်း ဒေသခံများက ဝေဖန် သုံးသပ်ကြသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */