“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 04, 2010

နအဖ စိုက်တာ တပင် ခုတ်တော့ အပင်တရာ


သစ်တောပြုန်းတီးမှုကြောင့် မြေဆီလွှာတိုက်စားကာ မြစ်၊ချောင်းများ ကြမ်းပြင်မြင့်တက် နေသည့်အတွက် လျှပ်တစ်ပြက် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ အလွယ်တကူဖြစ်ပေါ်
သစ်ပင်သစ်တော ပြုန်းတီးမှုများကြောင့် မြေဆီလွှာကို ထိန်းသိမ်းနိုင်စွမ်း နည်းပါးလာပြီး မြေဆီလွှာ တိုက်စားမှု များပြားလာခြင်းကြောင့် မြစ်ချောင်းများတွင် ကြမ်းပြင်မြင့်တက်နေခြင်းက ဆုံးရှုံးမှုများပြားသည့် လျှပ်တစ်ပြက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ကို အလွယ်တကူ ဖြစ် ပေါ်စေလာကြောင်း သိရသည်။


မိုးရာသီကာလအတွင်း မိုးသည်းထန်မှု၊ နေရာကွက် မိုးကြီးမှုများ ဖြစ်ပေါ်ရာတွင် သည်းထန်စွာ ရွာသွန်းကျဆင်းလာသော မိုးရေများကို ထိန်းသိမ်းထားနိုင်သည့် သစ်ပင်သစ်တော ကဲ့သို့သော သဘာဝ အနေအထားများ ပျက်ယွင်းလာသည့် အတွက် လျှပ်တစ်ပြက်ရေလျှံခြင်း၊ ထိုမှတစ်ဆင့် မြေပြိုခြင်းကဲ့သို့သော ဖြစ်စဉ်များ ဖြစ်ပွားလာရသည်ဟု သိရှိရသည်။


ပြီးခဲ့သည့် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သော ဆုံးရှုံး မှုများပြားခဲ့သည့် သဘာဝ ဘေးအန္တရာယ်သည်လည်း မိုးသည်းထန်ရာမှ နတ်မြစ်၊ မယူမြစ်များ၌ လျှပ်တစ်ပြက် ရေလျှံရခြင်း ဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရှိရသည်။


တစ်ကမ္ဘာလုံးတွင် ဖြစ်ပွားလျက်ရှိသော သဘာဝဘေးများကို ထုတ်ပြန်လျက်ရှိသည့် နိုင်ငံတကာ ၀က်ဆိုက်တစ်ခု၌လည်း ဇွန်လအတွင်း ပြင်သစ်နိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှ ရေကြီးမှုများနှင့်အတူ မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် ရေကြီးမှုအား ထုတ်ပြန်ဖော်ပြထားသည်ကို တွေ့ရှိရ သည်။
မိုးရာသီကာလအတွင်း မိုးသည်းထန်သည့် အခါမျိုးတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း မိုးကုတ်စသည့် မြေသားမခိုင်မာသော ဒေသများတွင် မြေပြိုမှုများ ဖြစ်ပွားနိုင်...


''မိုးသည်းထန်တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ ဖြစ်စဉ်တွေထဲမှာ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာစတဲ့ သဘာဝဘေးအန္တရာယ်လည်း ပါဝင်ပါတယ်။ တောင်ကုန်းရှိတဲ့ဒေသတွေ မှာ မိုးသည်းထန်လိုက်တာနဲ့ လျှပ်တစ်ပြက်ရေကြီးလွယ်တယ်။ မြေသားမခိုင်မာတဲ့ ဒေသတွေမှာ မြေပြိုလွယ်တယ်''ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။


မိုးရာသီကာလအတွင်း မိုးသည်းထန်သည့် အခါမျိုးတွင် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကချင် ပြည်နယ်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ မန္တလေးတိုင်း မိုးကုတ်စသည့် မြေသားမခိုင်မာသော ဒေသများတွင် မြေပြိုမှုများ ဖြစ်ပွားနိုင်ကြောင်း သိရှိရသည်။


''သစ်ပင်သစ်တောတွေ ပြုန်းတီးလာပြီး မြစ်ကမ်းဘေးမှာလည်း သစ်ပင်မရှိတော့တာက လျှပ်တစ်ပြက်ရေကြီးတာကို ဖြစ်စေတယ်။ မြစ်ကမ်းပါးပြိုပြီး မြစ်ထဲကိုရောက်၊ မြေဆီလွှာတွေ မြစ်ထဲရောက်တော့ ကြမ်းပြင်ကမြင့်လာတယ်။ မိုးသည်းလိုက်တာနဲ့ လျှပ်တစ်ပြက်ရေကြီးတော့တာပဲ''ဟု ဒေါက်တာ ထွန်းလွင် က ပြောပါသည်။


ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဇူလိုင် လကလည်း နေရာကွက်၍ မိုးသည်းထန်ခြင်းကြောင့် ဥရုချောင်းရေလျှံ ကာ လျှပ်တစ်ပြက်ရေကြီးခြင်းကို တွေ့ကြုံခဲ့ရပြီး ယင်းဖြစ်ရပ်ကြောင့် မြေပြိုမှုဖြစ်ပွားကာ ဖားကန့်မြို့နယ်တွင် အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၁၃ ဦးသေဆုံးခဲ့ရသည်။


ထို့အတူ ၂၀၀၉ ခုနှစ် စက်တင်ဘာလအတွင်းတွင်လည်း နေပြည်တော်ပျဉ်းမနား အရှေ့ဘက် တောင်ပေါ်ရွာအချို့တွင် တောင်ကျချောင်းရေကြောင့် လူနေအိမ်ခြေများပျက်စီး ခြင်း၊ စိုက်ခင်းများ ဆုံးရှုံးခြင်းတို့ရှိ ခဲ့ကြောင်း သိရှိရသည်။


''၂၀၀၉ ခုနှစ်မှာတော့ မိုးကြို ကာလမှာ လွန်ခဲ့တဲ့သုံးနှစ်ကလို မုန်တိုင်းကို မကြုံရပေမယ့် မိုးကြိုးပစ်တာလို၊ လျှပ်တစ်ပြက်ရေကြီးတာ၊ မြေပြိုတာလိုမျိုး သဘာဝဘေးမျိုး ကို ပိုကြုံခဲ့ရပါတယ်''ဟု ဒေါက်တာ ထွန်းလွင်က ဆိုပါသည်။


မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲခြင်း သိသာလာသည့် နောက်ပိုင်းနှစ်များတွင် လေဆင်နှာမောင်း ဖြစ်ပွားမှု၊ လျှပ်တစ်ပြက်ရေကြီးမှု၊ မြေပြိုမှု၊ မိုးကြိုးပစ်၍ ရေကြီးမှုတို့ ဖြစ်ပွားမှုများပြားလာပြီး ယင်းမှာ ရာသီဥတုဖောက်ပြန်မှု၏ သင်္ကေတ ဖြစ်သည်ဟု သိရှိရသည်။


''မြစ်တွေကို ထိန်းသိမ်းမှု လျော့နည်းလာတာ၊ မြစ်ကြောင်းပြောင်းလဲတာ၊ မြစ်ကောလာတာကလည်း မိုးနည်းနည်း သည်းထန်လိုက်တာနဲ့ ရေကြီးရေလျှံတာကို ဖြစ်စေလာပါတယ်''ဟု ဒေါက်တာထွန်းလွင်က သုံးသပ်ပြောကြားသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */