“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Thursday, July 08, 2010

ဗမာပြည်ရဲ့လွတ်လပ်မှု ဆိုသည်မှာ

ဘောလုံးပွဲ ပြခွင့်မရသဖြင့် ဆိုင်ပိုင်ရှင်များစိတ်ပျက် မျိုးဝင်းဇော် / ၀၇ ဇူလိုင် ၂၀၁၀
ကမ္ဘာ့ဖလား ဘောလုံးပွဲ နောက်ဆုံးပွဲစဉ် (၄) ပွဲ ပြသချိန်သည် မြန်မာစံတော်ချိန် နံနက် (၁) နာရီဖြစ်ပြီး ယင်းအချိန်တွင် ရန်ကုန်မြို့ရှိ စားသောက်ဆိုင်များနှင့် ကဖေးဆိုင်တို့ ဖွင့်လှစ်ခွင့်မရသည့်အတွက် ဆိုင်ရှင်များနှင့် မြို့ခံများပါ စိတ်ပျက်နေကြသည်။

ရန်ကုန်မြို့ အာရှတော်ဝင် အထူးကုဆေးရုံအနီး စားသောက်ဆိုင် ဖွင့်ထားသူတဦးက “ဒီကမ္ဘာ့ဖလားပွဲအတွက်ဆိုပြီး ကျနော်တို့ဆိုင်မှာ ပရိုဂျက်တာ (၂) လုံး ထပ်ဝယ်ပြီး တပ်ထားတယ်။ နောက် တီဗွီက (၄) လုံး၊ ရှေ့ပိုင်း ည (၈း၃ဝ) ပွဲစဉ်တွေ ရှိတဲ့ တလျှောက်လုံး ဆိုင်မှာ ခုံလွတ်မရှိ၊ ကားပါကင်ထိုးစရာ နေရာမရှိ၊ အရမ်းရောင်းကောင်းတယ်” ဟု ပြောသည်။

“အခု ဆီမီးဖိုင်နယ်၊ တတိယလုပွဲ၊ ဗိုလ်လုပွဲ အားလုံး နံနက် (၁) နာရီချည်းပဲ။ ဆိုင်လာတဲ့သူတွေ အားလုံးက ဆိုင်ဖွင့်ပေးပါ၊ လာကြည့်မယ် ပြောကြတယ်။ ကျနော်တို့လို စားသောက်ဆိုင် (၅-၆) ဆိုင်ပေါင်းပြီး မရက (မြို့နယ်ရုံး) မှာ သွားပြီး အသနားခံ တင်ပြတယ်။ ဒါပေမယ့် လုံးဝခွင့်မပြုဘူး။ ည (၁၁) နာရီထိုးရင် ဆိုင်ကိုပိတ်ပဲ။ စီးပွားရေး အခွင့်အလမ်းတခု လက်လွတ်ဆုံးရှုံးရတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ရန်ကုန်မြို့ရှိ စားသောက်ဆိုင်အများစုသည် ကမ္ဘာ့ဖလားပွဲကာလ ရောင်းအားကောင်းစေရန်အတွက် ဆိုင်တိုင်းလိုလို လက်မ (၄ဝ) အထက် အယ်လ်စီဒီ တီဗွီ၊ အယ်လ်အီးဒီ တီဗွီ၊ ပလပ်စမာ တီဗွီများနှင့် ပရိုဂျက်တာများကို ဝယ်ယူ တပ်ဆင်ခဲ့ကြပြီး ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တလျှောက် ညနေ (၆) နာရီနှင့် ည (၈း၃ဝ) ပွဲချိန်ရှိသည့်နေ့တိုင်း စားသောက်ဆိုင်အားလုံး စည်ကားခဲ့သည်။

ဘောလုံးပွဲကို ဝါသနာအရ ကြည့်သူများနှင့် လောင်းကစား လုပ်သူများပါ သူငယ်ချင်း အပေါင်းအသင်းများနှင့်အတူ စားသောက်ဆိုင်၊ ကဖေးဆိုင်၊ လက်ဖက်ရည်ဆိုင်တို့တွင် ကြည့်ရှုသူများပြားသည်။

စားသောက်ဆိုင်တို့တွင် ကမ္ဘာ့ဖလား ဘောလုံးပွဲ ကြည့်ခွင့်မရသည့်အတွက် ဘော်လုံးဝါသနာရှင်တဦးက “မြန်မာနိုင်ငံဟာ စစ်ဖြစ်နေတဲ့ နိုင်ငံမဟုတ်ဘူး၊ ရန်ကုန်မြို့ကလည်း မငြိမ်းချမ်းတဲ့ နေရာတခု မဟုတ်ဘူး။ ဒါပေမယ့် စစ်တပ်က အုပ်ချုပ်ထားပြီး ည (၁၁) နာရီ ဆိုင်အားလုံး ပိတ်ဆို ပိတ်ကြရတယ်။ ည (၉) နာရီ ပိတ်ဖို့ အမိန့်ထုတ်ရင်လည်း ပိတ်ကြရတယ်။ ရန်ကုန် ညဘက်ဟာ စည်ကားမှု မရှိတော့ဘူး။ သူများနိုင်ငံတွေမှာတော့ နေရာတိုင်းမှာ တီဗွီစခရင် အကြီးကြီးတွေနဲ့ ပြနေပြီး လူတွေလည်း စုဝေး ကြည့်ရှုခွင့်ရကြတယ်” ဟု ပြောသည်။

စစ်အစိုးရ အာဏာပိုင်တို့သည် စားသောက်ဆိုင်များကို ယခုကဲ့သို့ ပိတ်ခိုင်းနေသော်လည်း နိုက်ကလပ်၊ အနှိပ်ခန်းနှင့် ကာရာအိုကေခန်းများကိုမူ ညလုံးပေါက် ဖွင့်လှစ်ခွင့်ပြုထားသည်။ Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */