မြေသြဇာ ရဲဘော်များမှ ရောက်လေရာအရပ်တိုင်း နေရာတိုင်း အချိန်တိုင်းမှာ အာဏာရှင်ကို တိုက်ထုတ်နေ ပါတယ်။ ၀ိုင်းဝန်း ကူညီ ပံ့ပိုးပေးကြပါ။ ရသည့်နည်း ရသည့်လက်နက်ဖြင့် တိုက်ပွဲဝင်သွားမည်ဆိုတာ ကို ယခု ၁၉ ဇူလှိုင်ကဗျာဖြင့် အာဇာနည် အပေါင်းအား တိုင်တည်ရင်းဖြင့် တဆင့်ဖြန့်ဝေပေးကြပါခင်ဗျာ။
လူထုတရပ်လုံး အတွက် စတေးခံ အကောင်းဆုံးမြေသြဇာ။
ဖက်ဆစ်လက်သစ်များအတွက်
သန်း (၅၀)ကျော်လူထုဟာ
ရွှေ ရောင်အနာဂတ်အတွက် မျှော်လင့်နေတာ
မောင် မောင်ခေါ်တုန်း ဗျာထူးဖို့
အေး ချမ်းစွာမျှော်လင့်နေတာ
ရွှေ ရောင်လွှမ်းတဲ့ တိုင်းပြည်ဖြစ်ဖို့
မန်း မှုတ်လို့ရရင် မှုတ်ချင်ပါရဲ့`
မြင့် မားခဲ့တဲ့မြန်မာပြည်
ဆွေ စဉ်မျိုးဆက် ဒို့တစ်သက်
ခွေး ဖက်ဆစ်လက်တဆုတ်စာ တစ်စုကြောင့်
စိတ် ရင်းစေတနာ အရိုးခံနဲ့ဒို့ပြည်သူနဲ့ဒို့နောင်တော်တွေ
ဓါတ် စာကျွေးသလို စတေးပေးခဲ့ရတာ--
ခြင်းအတူတူပဲ မို့
တစ်ခွန်းထဲသော စကားပြောလိုက်မယ်။
မင်းတို့ စစ်အာဏာရှင် လက်တဆုတ်စာ တစု
အလှည့်ကျရင် မနွဲ့ကြနဲ့။
ဒို့ပြည်သူတွေ ဒဏ်ခတ်မယ်
သန်းရွှေ အပါအ၀င် နောက်လိုက် တစ်သိုက်
သတိသာထား နေကြပေတော့။
လူထု တရပ်လုံးအတွက် စတေးခံ
အ ကောင်း ဆုံး မြေ သြ ဇာ (BM-1)
Wednesday, July 09, 2008
ခွေးစိတ်ဓါတ် ကဗျာ
Subscribe to:
Post Comments (Atom)

0 comments:
Post a Comment