“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 23, 2008

အပျိုလိုချင်သော ခေါင်းညိမ့်တတ်တဲ့ ပုတ်သင်ညိုများ

ကုမ္ပဏီဝန်ထမ်း အပျိုမများ ဦးစားပေးခန့်
ဇူလိုင် ၂၂။ ရဲအောင်သော်

ပုဂ္ဂလိက ကုမ္ပဏီများတွင် ၀န်ထမ်းသစ် ရွေးချယ်ခန့်ထားရာတွင် ၀င်ငွေများများ မလိုသော အဝေးသင် ကျောင်း သူနှင့် ၁၀ တန်းပြီး ကျောင်းဆက်မတက်တော့သော မိန်းကလေးများကို ဦးစားပေးပြီး ရွေးခန့်ကြောင်း သိရ သည်။

အလုပ်လျှောက်ထားသူများကို ရွေးချယ်ရာတွင် မိဘအိမ်တွင် နေထိုင်သော အပျိုမိန်းကလေးများကို ဦးစားပေး ခန့်ကြသည်။ ထိုမိန်းကလေးများမှာ လစာကောင်းကောင်း မကောင်းကောင်း မိဘအိမ်မှာ ဆက်နေပြီး မိဘ ထမင်း စားသောက်နေလို့ ရသဖြင့် မုန့်ဖိုးလောက် လခဖြင့် အလုပ်ခန့်၍ ရခြင်းကြောင့် ဖြစ်သည်။

ထင်ရှားသော သင်္ဘောဆေး ကုမ္ပဏီတခုက ဒီဇိုင်းပညာရှင် နေရာအတွက် ၀န်ထမ်းခေါ်ယူရာတွင် လျှောက်ထားသူများထဲမှ မိန်းကလေးတဦးကို လခ ၃၀၀၀၀ ကျပ်ဖြင့် ခန့်ထားရာတွင် အင်တာဗျူးသူက “ယောက်ျားလေးဆို ဒီလောက်တတ်ရင် ဒီလောက်လခနဲ့ မလုပ်ဘူးဗျ”ဟု ပြောကြားသည်။ ဈေးပေါသော ၀န်ထမ်းကို လခနည်း နည်းနှင့် ခန့်ချင်သည့် အလုပ်ရှင်များမှာ ယောက်ျားလေးထက် မိဘကို မှီခိုနေထိုင်သော အပျိုမိန်း ကလေးများကို ဦးစားပေး ခန့်ထားကြခြင်း ဖြစ်သည်။

“ယောက်ျားလေးက ဆေးလိပ်ဖိုး၊ လက်ဖက်ရည်ဖိုး သုံးစရာတွေ ပိုရှိတယ်။ အိမ်ထောင်သည် ကောင်မ လေးတွေကျတော့ သူ့အိမ်ထောင်နဲ့သူ ဖြစ်လာရင် လူလွတ်ထက် ပိုက်ဆံပိုလိုချင်တယ်။ လခများများ မပေးနိုင် တဲ့ အလုပ်မှာ ကြာကြာမလုပ်ဘူး။ ဗိုက်ခွင့်ယူတာတို့ ဘာတို့လဲ ရှိတယ်။ အဲဒါကြောင့် အသက်ငယ်ငယ် မိဘမှီခို တုန်း ကောင်မလေးတွေကို ဦးစားပေးခန့်တာ”ဟု ပုဂ္ဂလိက ၀န်ထမ်းအရာရှိတဦးထံမှ သိရသည်။

အရောင်းကိုယ်စားလှယ်၊ မားကက်တင်း အလုပ်များတွင်လည်း မိန်းကလေး ဦးစားပေး ခန့်ထားကြသည်။ ၀င်ငွေ ငါးသောင်းနှင့်အထက် အလုပ်များတွင်မူ မိန်းကလေးကို ပိုမို ဦးစားပေးခြင်း သိပ်မကြားရပါ။

မိန်းကလေးများကို ဦးစားပေး အလုပ်ခန့်ခြင်းနှင့် ပတ်သက်ပြီး ကွယ်လွန်သူ ကာတွန်းမောင်ဝဏ္ဏက “၀န် ထမ်းမိန်းကလေး အလိုရှိသည်။ ငယ်ရမည်၊ တောင့်ရ ဖြောင့်ရမည်။ ယောက်ျားလာလျှောက်လျှင် ဆွဲထိုး ခံရမည်”ဟု ကာတွန်း ရေးဆွဲခဲ့သည်။
http://www.hittaing.org/news/

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */