“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 19, 2008

ဈေးကောက် အကောက် ကောင်းပါတဲ့ နအဖ..

တလုပ်စားဖူး သူ့ ကျေးဇူးသိပါတယ် ဆိုတဲ့ ဗမာ လူမျိုးစုတွေ နေတဲ့ မြန်မာရွှေပြေကြီးမှာ.ပြောမယုံ ကြုံမှ ဘဲ လက်တွေု သိရပါတယ်.။
ကျနော် ငယ်ငယ်ကတည်းက တဒေါ်လာ က ငွေ ၆ ကျပ်လဲနှုန်း။ တော်တော်ကြီး ကျောင်းပြီး အိမ် ထောင်ကျ ခလေး ရတော့ လည်းဒီဈေး ဘဲခင်ဗျ။

ကျနော် ငယ်ငယ် မုံ့ ဖိုးတမတ်ဘဲရပါတယ်။ ကျောင်းမှာမုံ့ ဟင်းခါး တစ်ပွဲ ၁၅ ပြား။ ကျောက် ကျောတခွက် ၁၀ ပြား ဘ၀က.. ၆ ကျပ်ဟာ.. တစ်ဒေါ်လာ တန်ဖိုးဘဲဗျ။
မုံ့ ဟင်းခါးတပွဲ ၁ ကျပ်..ဖြစ်လာလည်း ၆ ကျပ်ဘဲဗျို့ ။ မုံ့  ဟင်းခါးတပွဲ ၆၀၀ ကျပ်၊ ၁၀၀၀ ကျော်လည်း ဒေါ်လာ ဈေး များ တက်ခဲလေချင်းဗျာ။ .မုံဟင်းခါးနဲ့ ဗမာငွေတွေသာ ဈေးတက်လာ..
ဒီဒေါ်လာက ဈေးမတက်လာဘူးဗျ..တခြားနိုင်ငံတွေ တက်လည်း..ဗမာပြည်က ဒီအတိုင်းဘဲ တက်ဖူး တက်ဖူးတဲ့

အင်း..ဒီ ကမ္ဘာပေါ်မှာ အမေရိကန် နဲ့ ကျုပ်တို့  ဗမာပြည်ကြီး..၂ နိုင်ငံဘဲရှိ ကြည့်။ ဗမာငွေတွေသာ ဈေးတက်တက်လာပြီး.. ဒေါ်လာငွေက ဈေးမတက်တာ... အဟီး.. ဒါဆို ဗမာ တွေ အလုပ်လုပ် စရာမလိုဘူး။ အမေရိကန်တွေဘဲ သေအောင် ခါးချိုးလုပ်ကြ။ ဒါကိုကြည့်ရင် ကျူပ်တို့ ဗမာတွေ တော်တာပေါ့ ဝုတ်ဖူးလား.. ( ခိုးတဲ့နေရာ..လိမ်ကျစ်ကောက်တဲ့ နေရာတွေ မှာ . ကိုယ့်ပေါင် ကိုယ် လှန်ထောင်း ရတာ အမှန်ကျ တော်တော်တော့ နာသားဗျ..ဟန် ကိုယ့်ဖို့ကတော့ ပြုံးထားရတာပေါ့..မချိပြုံးလေး.)

စီးပွါးရေးဆို တော်မှတော်.. တပြည်လုံး ခွါရောင်းတာလည်း ကုန်နေပြီ။ ဒီတခါ အိုဇုန်းလွှာပေါက်လို့ က ဗမာ့ လက်ချက်ဘဲ ဘဲ။ အခု လည်းကြည့်။ ပြည်သူတွေ ဒုက္ခရောက်လို့ လာလှူနေတဲ့ အလှူရှင်တွေ လာလှူတဲ့ ငွေ.. မျက်စောင်းထိုး လုယက်လို့ ကိုမဆုံးဘူး ။ မရ ဒသကချိုင်တဲ့အမျိုး..ကဲကြည့် ခုတော့ မသထာရေစာတွေ စားပြီး စစ်ယူနီဖောင်းရှပ်အကျီင်္ လည်း ကြာလေကြာလေ ဗိုက်ကြီးသည် အကျီင်္ ဒီဇိုင်းဖြစ်နေပါပြီဗျို့ ။ ရင်ဘတ်မှာ ပူနေတဲ့ ဗိုက်ဖို့ နေရာ..အတွန့် အတွန့်  တွေ တတ်ရတော့မယ်။

ဒီလောက်ခိုးရ တော်ရောပေါ့ဗျာ. မရှိလို့လုပ်စားတာ အေးအေး ဆေးဆေးပေါ့။ ပြိတ္တာစားလေး စားမှ ပေါ့ဗျ..ဖြေးဖြေးဆေးဆေး. မြုံစိ မြုံစိလေးလေ။


မြန်မာဒုက္ခသည်တွေ ကူညီနေတဲ့ ကုလသမဂ္ဂအဖွဲ့ ဘာကြောင့် အရှုံးပေါ်ရသလဲ
(သတင်းသုံးသပ်ချက်)
ပီတာအောင်/ ၁၈ ဇူလိုင် ၂၀၀၈


မြန်မာနိုင်ငံတွင် မုန်တိုင်းကျပြီးစ၌ ကုလသမဂ္ဂ တောင်းခံငွေ ဒေါ်လာ သန်း (၂၀၀) ရှိသည့် အတွက် အဆိုပါ ငွေပမာဏနှင့် တွက်လျှင် ကုလသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာစစ်အစိုးရ ငွေလဲ နှုန်းကြောင့် ဒေါ်လာ သန်း (၄၀) ကျော် နစ်နာမည်ဖြစ်သည်။

နိုင်ငံတကာ လှူဒါန်းငွေ စုစုပေါင်း၏ (၅) ပုံ (၁) ပုံ စစ်အစိုးရလက်ထဲ ပျောက်သွားသည့်အတွက် အလှူရှင်များဘက်ကလည်း ငြိုငြင်မည့် အလားအလာရှိ၏။ ကုလသမဂ္ဂ နောက်ဆုံးမေတ္တာရပ်ခံ ထားသည့် ဒေါ်လာ သန်း (၄၈၀) နှင့်တွက်လျှင် ကုလသမဂ္ဂအဖွဲ့အနေဖြင့် မြန်မာစစ်အစိုးရ ငွေလဲနှုန်းကြောင့် ဒေါ်လာ သန်း (၁၀၀) ကျော် ဆုံးရှုံးတော့မည်။

မုန်တိုင်းအကူပေးရေးအတွက် ကုလသမဂ္ဂထံမှ ဒေါ်လာ (၂၉) သန်း ရထားသည့် Save the Children နိုင်ငံတကာ အန်ဂျီအိုအဖွဲ့အား မြန်မာနိုင်ငံ၌ မည်သည့်ငွေလဲနှုန်းဖြင့် မည်သို့ လဲလှယ် ကြောင်း Inner City Press က မေးမြန်းရာတွင် အဆိုပါအဖွဲ့မှ Rudy Von Bernuth က လန်ဒန် ရုံးကို မေးပါဟုသာ ပြန်လည်ဖြေကြားနိုင်ခဲ့သည်။

လူသားချင်းစာနာမှု အကူအညီပေးနေသည့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို) မှ Eric Laroche အား မြန်မာနိုင်ငံ၌ ဒဗလျူအိတ်ခ်ျအို၏ ငွေလဲလှယ်ပုံ နည်းလမ်းအား ရှင်းပြရန် မေးမြန်း ရာ Eric Laroche က (၈) စက္ကန့်ခန့် ငြိမ်သက်သွားပြီးမှ “ဒီမေးခွန်းဟာ အင်မတန်ခက်တဲ့ မေးခွန်းဖြစ်ပါတယ်။ ဖြေဖို့ ပိုလို့တောင် ခက်ပါသေးတယ်။ ဒါကို ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ရတာပေါ့” ဟု ဖြေ၏။

ကုလသမဂ္ဂ အေဂျင်စီများအနေဖြင့် စစ်အစိုးရ၏ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ် (အမ်အက်ဖ် တီဘီ) မှတဆင့် ငွေလွှဲပြီး အက်ဖ်အီးစီဖြင့် ထုတ်ယူကာ ပေါက်ဈေးအတိုင်း ရောင်း၍ အသုံးပြု ကြကြောင်း၊ အချို့အန်ဂျီအိုများ အမ်အက်ဖ်တီဘီဘဏ်မှတဆင့် ငွေထုတ်သည့်နည်းအပြင် တရား မ၀င် ဟွန်ဒီငွေလွှဲသည့်နည်းကိုလည်း အသုံးပြုကြကြောင်း ရန်ကုန်မြို့ရှိ နိုင်ငံခြားငွေလဲလှယ် သည့် လုပ်ငန်းနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက “ယူအန်ပဲဖြစ်ဖြစ်၊ အိုင်အန်ဂျီအိုပဲဖြစ်ဖြစ် အမ်အက်ဖ်တီဘီကိုဝင်တယ်။ အဲဒီကထုတ်ရင် အက်ဖ်အီးစီအနေနဲ့ပဲ ထွက်သွားတယ်။ ထွက်ပြီးရင် အပြင်ဈေးကွက်မှာ ရောင်းရတာပေါ့” ဟု ပြောသည်။

လတ်တလော ရန်ကုန်ဈေးကွက်၌ အက်ဖ်အီးစီ အသုံးပြုသူနည်းပြီး အရောင်းများ နေသဖြင့် အက်ဖ်အီးစီဈေးကျဆင်းနေကြောင်း၊ ယမန်နေ့ အက်ဖ်အီးစီပေါက်ဈေး (၁) ဒေါ်လာ အရောင်း ဈေးကျပ် (၉၀၀) ရှိပြီး ထို့ထက်အောက် ဆင်းမည့်အနေအထားရှိကြောင်း ၎င်းက ဆက်လက် ပြောသည်။ အမေရိကန်ဒေါ်လာ ပေါက်ဈေးမှာ (၁) ဒေါ်လာလျှင် (၁,၁၈၀) ကျပ်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားမှ ဒေါ်လာပေးပြီး ရန်ကုန်တွင် မြန်မာကျပ်ငွေ ယူမည်ဆိုပါက အမေရိကန် (၁) ဒေါ် လာလျှင် (၁,၁၅၅ ) ကျပ်နှုန်း ပေါက်ဈေးရှိသည်ဟု ထိုင်းနိုင်ငံ ဟွန်ဒီဈေးကွက်မှ သိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားငွေ လဲလှယ်သည့်စနစ် တမျိုးတည်းရှိပါက အကောင်းဆုံးဖြစ်သော်လည်း မြန်မာနိုင်ငံ၌ အက်ဖ်အီးစီဖြင့် လဲလှယ်သည့်စနစ် ဖျက်သိမ်းမည့်အရိပ်အယောင် မတွေ့ရသေးဟု စီးပွားရေးပညာရှင် ဒေါက်တာခင်မောင်ညို (ဘောဂဗေဒ) က ပြောသည်။

၎င်းက “ ဒီတိုင်းပြည်မှာ ဒီစနစ်ကြီးကို မဖြတ်သန်းဘဲနဲ့ ဘယ်လိုမှမရဘူး။ ကြာပြီလေ ပြင်ဆင်သင့် တယ်ဆိုတာ။ ဘေးကနေ ထိုင်ပြောလို့တော့ ရတယ်လေ။ တကယ့်တကယ်မှာ ဒီဟာကိုပြင်ဖို့ ဟာက ငွေလဲနှုန်းတခုတည်းသွားဖို့ ဆိုတဲ့ဟာက မှတ်မိသလောက် အနည်းဆုံး နှစ် (၂၀၊ ၃၀) လောက်ရှိပြီ ပြောနေတာ။ ဒါပေမယ့် မလုပ်နိုင်ကြဘူး။ မလုပ်နိုင်သေးလို့ကို မလုပ်တာ။ ဘာ ကြောင့်လဲဆိုတော့ တိုင်းပြည်ရဲ့စီးပွားရေးပဲ။ တိုင်းပြည်မှာ နိုင်ငံခြားငွေက သိပ်ပြီးပေါများနေ တာမဟုတ်ဘူး။ အလျှံအပယ်ဖြစ်နေတာမဟုတ်ဘူး။ ကုန်သွယ်မှုတွေ မှန်နေတယ်၊ ရင်းနှီးမြှုပ်နှံ မှုတွေ မှန်နေတယ်ဆိုရင် ဒီဟာတခုတည်းရှိရင် အကောင်းဆုံးပဲ။ ဒါကြီးက တကယ်တမ်းကျတော့ အလုပ်ရှုပ်တာပဲ အဖတ်တင်တယ်။ ဘယ်သူမှလည်း ဒီဟာကြီးကို မလိုချင်ပါဘူး။ မလွှဲသာလို့သာ ဒီအတိုင်းပဲ ဆက်သွားနေတာလို့ ဆရာတော့ အဲသလိုပဲ နားလည်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ၌ နိုင်ငံခြားငွေနှင့် မြန်မာကျပ်ငွေ လဲလှယ်ရာတွင် အကြမ်းအားဖြင့် စနစ်သုံးမျိုးရှိ သည်။ တဒေါ်လာ (၆) ကျပ်နှုန်းက အစိုးရစက်ရုံများ၊ အစိုးရဌာနများနှင့် စစ်ဗိုလ်များ အခွင့်သာ စေသည့်နှုန်းဟု မြန်မာစီးပွားရေးပညာရှင်တချို့က ယူဆသည်။ တဒေါ်လာရရန် မြန်မာငွေနည်း နည်း ပေးရသည့်အတွက် အစိုးရစက်ရုံများအတွက် ကုန်ကြမ်းများများ ၀ယ်သွင်းနိုင်သည့် သဘောဖြစ်သည်။ သာမန်ပြည်သူများအတွက် ပြင်ပမှောင်ခို ဒေါ်လာဈေးကွက်နှုန်းနှင့် ကုလ သမဂ္ဂနှင့် နိုင်ငံခြားလုပ်ငန်းရှင်များအတွက် အချိန်အခါလိုက်ပြီး သတ်မှတ်သည့် ငွေလဲနှုန်းတို့ ဖြစ်သည်။

စီးပွားရေးပညာရှင်တဦးကမူ ငွေလဲနှုန်း အမျိုးမျိုးဖြစ်နေခြင်းကြောင့် ကုလသမဂ္ဂအဖွဲ့ မည်သို့ နစ်နာသည်ကို ယခုကဲ့သို့ ရှင်းပြသည်။

“ဥပမာ-နာဂစ်မုန်တိုင်းကိစ္စ ကူနေတဲ့ ကုလအဖွဲ့ စီမံကိန်းအတွက် တဒေါ်လာကို (၃၂၈) ကျပ်နဲ့ ငွေလဲနှုန်း သတ်မှတ်ပေးတယ်ဆိုပါစို့။ စီမံကိန်း ကုန်ကျငွေကို (၃၂၈) နဲ့စားပြီး ရတဲ့ဒေါ်လာကို MFTB ကို လွှဲရတယ်။ ဘဏ်က ဒေါ်လာနဲ့ညီမျှတဲ့ အက်ဖ်အီးစီ ထုတ်ပေးပါတယ်။ ဒါပေမယ့် စီမံကိန်းနဲ့ မဆိုင်တဲ့အချက်တွေ ရှိလာပါတယ်။ ဆိုပါစို့ ၀န်ကြီ်းဌာနက တဒေါ်လာကို (၃၁၀) နဲ့တွက်ပြီး (၃၂၈) ကျပ်နဲ့ ခြားနားချက်ကို ၀န်ကြီးဌာန သက်သာချောင်ချိရေးရန်ပုံငွေဆုပြီး ဖြတ် ပြန်ပါတယ်။ ဒါက စာရင်းရှိသေးတယ်။ ပိုဆိုးတာက (၃၂၈) ကျပ်နဲ့ ဖြတ်ထားတဲ့ အက်ဖ်အီးစီကို အပြင်ဈေးကွက်သွားရောင်းလို့ (၃၇၀) ရတယ်ဆိုရင် ခြားနားတဲ့ငွေဟာ စစ်ဗိုလ်တွေရဲ့ အိပ်ထဲ ရောက်ကုန်တယ်။ (၃၂၈) ကျပ် လဲနှုန်းနဲ့ (၃၇၀) လဲနှုန်း (၂) ခု ကွာဟချက်ကြောင့် ဒေါ်လာ တသိန်းတန် စီမံကိန်းတခုကနေ ဗိုလ်ချုပ်တွေ ကျပ် (၄) သန်းကျော် ပွသွားတာမျိုး ရှိပါတယ်။ နာဂစ်ကူနေတဲ့ ကုလအဖွဲ့တွေ ဒေါ်လာ သိန်းပေါင်း ဘယ်လောက်နစ်နာမလဲ စဉ်းစားကြည့်ပေါ့” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ငွေလဲနှုန်း စနစ်မျိုးစုံရှိနေပြီး ဆိပ်ကမ်း၌ အကောက်ခွန် ဂျူတီဆောင်ရာ၌ (၁) ဒေါ်လာလျှင် (၄၅၀) ကျပ်၊ နယ်စပ်ကုန်သွယ်မှုတွင် တဒေါ်လာ (၁,၂၀၀) ကျပ်ခန့်ရှိပြီး တရား
ဝင်ဈေးမှာ တဒေါ်လာ (၆) ကျပ် ကျော်ကျော်သာရှိသည်။ ထို့ကြောင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုတွင် အမြဲပြဿနာပေါ်လေ့ရှိသည်။ ထိုအချက်က မြန်မာငွေကို တန်ဖိုးချပေးသင့်သည်ဟု နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများက ယူဆသော်လည်း စစ်အစိုးရကမူ အက်ဖ်အီးစီအစား ထိုးသည့်နည်းဖြင့်သာ ဖြေရှင်းနိုင်သေးသည်။

နာဂစ်မုန်တိုင်းကို အကြောင်းပြု၍ မြန်မာနိုင်ငံသို့ နိုင်ငံတကာအစိုးရများနှင့် ပုဂ္ဂလိကတို့မှ လှူဒါန်း သည့် နိုင်ငံခြားငွေများ ၀င်ရောက်လျက်ရှိပြီး ကုလသမဂ္ဂကလည်း ထပ်မံလှူဒါန်းကြရန် ကမ္ဘာ့နိုင်ငံ များကို ဆော်သြလျက်ရှိသည်။

မြန်မာနိုင်ငံ၌ ဆိုင်ကလုန်းနာဂစ်ဘေး ပြန်လည်ထူထောင်ရေးတွင် အသုံးပြုရန် အမေရိကန် ဒေါ်လာ (၄၈၂) သန်း ရရှိအောင် ရှာဖွေနေရသည်ဟု ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။ သို့သော် မြန်မာစစ်အစိုးရ ငွေလဲနှုန်း မတည်ငြိမ်သည့်အတွက် အလှူရှင်နိုင်ငံများ ပေးသည့်ငွေသာ ယခုလို မြန်မာဗိုလ်ချုပ်များလက် ရောက်နေလျှင် သမင်မွေးရင်း ကျားစားရင်း ကိန်းဖြစ်နိုင်သည့် အတွက် ကုလသမဂ္ဂလိုသည့်ငွေကို အလှူရှင်များ ပေးပါ့မလားဆိုသည်မှာ မသေချာပေ။ သေချာ သည်ကတော့ နာဂစ်မုန်တိုင်းကြောင့် မြန်မာစစ်ဗိုလ်ချုပ်များ ပို၍ ချမ်းသာလာသည်ဆိုသည့် အချက်ဖြစ်သည်။ ။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */