“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, July 28, 2008

လက်ချင်းချိတ်ဖို့ လိုပါပြီ

ဗိုလ်ထက်မင်း

ဗိုလ်သန်းရွှေဟာ တပ်မ (၈၈) တပ်မမှူးအဖြစ် ကျိုင်းတုံမှာ ရှေ့တန်းတာဝန် ထမ်းဆောင်ခဲ့စဉ်က Golf ရိုက် နည်း ကို ဗိုလ်မှူးဝင်းလှိုင် (ယခု အငြိမ်းစားဗိုလ်ချုပ် ၀င်းလှိုင်) ထံမှ သင်ယူခဲ့ရပြီး စစ်ရေး စစ်ရာမှာလည်း ထက် မြက် ခဲ့သူမဟုတ်ကြောင်း သိရှိရပါတယ်။ ဗိုလ်သင်တန်းကျောင်း၊ ဗိုလ်လောင်း အပတ်စဉ် (၉) မှာ B.C အမှတ် (ကြည်း - ၆၇၁၀) နဲ့ နောက်ဆုံး ဗိုလ်လောင်းအဆင့်ဖြင့် ဆင်းလာ ခဲ့သူတဦးဖြစ်ပါတယ်။ သူနဲ့ တပတ်စဉ် ဆင်း တွေက တန်းစီလိုက်ရင် သူ့နောက်မှာ မြက်ခင်းပြင်သာ ရှိတော့ကြောင်း နောက်ပြောင်ခဲ့ကြပါတယ်။

ဗကပတိုက်လို့ မိုင်းယောင်းမြို့  ကျခဲ့စဉ်က ချင်း သနက (၃) တပ်ရင်း လက်နက်ခဲယမ်း ဆုံးရှုံးသွား တဲ့အပြင် ရဲမေများ မုဒိမ်းကျင့်ခံရလို့ သူ့မှာ တာဝန်ရှိတာမို့ ဦးနေ၀င်းအား ဖားရပါတော့တယ်။ ဗိုလ်သန်းရွှေ ကျိုင်းတုံမှာ တာဝန်ကျတော့ မှောင်ခိုခေတ်ကောင်းတဲ့ အချိန်ဖြစ်နေလို့ လေယာဉ် လက်မှတ်တွေကို မှောင်ခိုဈေးဖြင့် ရောင်းချခြင်း၊ စစ်ယာဉ်တန်းတွေ ကျိုင်းတုံ-တောင်ကြီး၊ ကျိုင်းတုံ-တာချီလိတ် အတက်အဆင်း လမ်း ကြောင်း များမှ မှောင်ခို ကယ်ရီခများ ရရှိခြင်းတို့ဖြင့် ပြည်သူလူထုကို လည်မျိုညစ်ကာ ပြည်သူလူထု ကျမျက်ရည်များမှ ရရှိသော ၀င်ငွေများစွာကို ကျိုင်းတုံသို့ စစ်ဆေးရန် ရောက်လာတဲ့ ဗိုလ်နေ၀င်းအား ဒလဟော ပံ့ပိုး ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

တပ်မတော်မှာ “တော်သုံးတော်” ရှိတဲ့ အထဲက အဖားတော်သူ စာရင်းမှာ ပါဝင်အောင် ကြိုးစား နိုင်ခဲ့ပြီး အ နောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးမှတဆင့် သူ့ထက် စီနီယာကျတဲ့ ဗိုလ်ချုပ် ချစ်ဆွေ၊ ဗိုလ်ချုပ် စိန်အောင်တို့ကို ဖြတ်ကျော်ကာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့ပါတယ်။

န၀တ စတင်ဖွဲ့စည်းခါစက ဗိုလ်စောမောင်နဲ့ ဗိုလ်ခင်ညွန့်တို့သာ နိုင်ငံရေးကဏ္ဍမှာ လှုပ်ရှားနေကြပြီး ဗိုလ် သန်းရွှေကတော့ န၀တ အဖွဲ့ဝင်ဘ၀နဲ့ ဗိုလ်မောင်လှနဲ့ အတူ စစ်ရေးစစ်ရာကိုသာ ကွပ်ကဲနေ ခဲ့ရပါတယ်။ ဗိုလ် သန်းရွှေကို ဗိုလ်စောမောင်က “ကိုသန်းရွှေ စာဖတ်တာ သိပ်မတွေ့ရဘူး၊ လေ့လာဖို့ ကောင်းတယ်” လို့ ဝေဖန်ခဲ့ဖူးပါတယ်။ အဲဒီနောက် အတွင်းရေးမှူး (၂) ဗိုလ်တင်ဦးက အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွန့်နဲ့ တိုင်ပင် ညှိနှိုင်းပြီး န၀တအဖွဲ့ဝင်ဖြစ်နေတဲ့ ဗိုလ်သန်းရွှေကို ဒု-ဥက္ကဋ္ဌရာထူးပေးဖို့ ဗိုလ်စောမောင်ထံ တင်ပြပေးခဲ့ရာက နေရာရလာခဲ့ပါတယ်။

ဗိုလ်သန်းရွှေဟာ ရုရှနိုင်ငံမှာ စိတ်ဓာတ်စစ်ဆင်ရေး သင်တန်းတက်ခဲ့ပြီး (ကကပြည်) မှ လာခဲ့သူပီပီ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ပြည်သူလူထု စည်းရုံးရေးကို တစိုက်မတ်မတ် လုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်စော မောင်နဲ့ ဗိုလ်နေ၀င်း တို့ကို နမူနာယူပြီး ပြည်သူလူထုကို ကိုယ်တိုင် တိုက်ရိုက်ပြောဆိုခဲ့ခြင်း မပြုဘဲ နောက်ကွယ်က ကြိုးကိုင်ခဲ့ရာမှာ နည်းပရိယာယ် ကြွယ်ဝလှပါတယ်။

ဗိုလ်မောင်အေးကတော့ စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးမှူးဘ၀နဲ့ နစ်မြုပ်နေပြီ DSA အပတ်စဉ် (၁) (ကြည်း - ၇၈၇၅) ဖြင့် ဆင်းလာခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ဇနီးဟာ စစ်သူနာပြုအရာရှိက လာသူ ဖြစ်ပြီး တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီး သူရကျော်ထင်ရဲ့ ဆွေမျိုးတော်သူ စစ်သူနာပြု အရာရှိအကြီးအကဲ အမျိုးသမီးကြီးကတဆင့် ချဉ်းကပ်စည်းရုံးကာ နေရာရအောင်တိုးဝင်ခဲ့ပါတယ်။

ဗိုလ်နေ၀င်းက DSA ကို နေရာပေးဖို့ စီစဉ်ရန် လိုအပ်တယ်လို့ နှုတ်မိန့်ထွက်ခဲ့ရာက အလိုက်အထိုက် သင့်သွား ပြီး တပ်မတော်ရဲ့ လူခင်ရင် မူပြင်တယ်ဆိုတဲ့ ဆိုရိုးစကားနဲ့အညီ တပ်ရဲ့အစဉ်အလာ အတိုင်း မဟုတ်ဘဲ ဗိုလ်မောင်အေးဟာ တပ်မ (၇၇) တပ်မမှူး ရာထူးကို ရရှိခဲ့ပါတယ်။ န၀တ ဖွဲ့စည်း ချိန်မှာ သူဟာ အရှေ့ပိုင်း တိုင်း စစ်ဌာနချုပ် တိုင်းမှူးဖြစ်နေပြီ ဖြစ်ပါတယ်။

ဗိုလ်မောင်အေးဟာ သူ့ထက် ရာထူးစောစွာ တက်ပြီး တပတ်စဉ်တည်း ဆင်းခဲ့သူ စစ်ရေးထူးချွန်လို့ ရှေ့က ပြေးနေတဲ့ ဗိုလ်ချုပ်ဥာဏ်လင်းနဲ့ ဗိုလ်မှူးကြီး လှမော်တို့ထက် နောက်ပိုင်းမှာတော့ ဗိုလ်မောင် အေးက ဖြတ် တက်သွားခဲ့ပါတယ်။ မြန်မာ့တပ်မတော်မှာ ရာထူးတက်ရေးအတွက် အရာရှိတွေရဲ့ ဇနီးမယားတွေဟာလည်း အရေး ပါတယ်ဆိုတာ တွေ့ရပါတယ်။ န၀တလက်ထက်က တက်လာသူ တွေထဲမှာ သူတို့နှစ်ဦးသာ ရှိတော့လို့ မြန်မာ့နိင်ငံရေး ပြုပြင်ပြောင်းလဲဖို့ တဖက်တလမ်းက ဘာတွေ လုပ်သင့်သလဲဆိုတာ တင်ပြလိုပါတယ်။

“ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားသော်၊ နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုတဲ့ စကားပုံဟာ အဟိတ်တိရစ္ဆာန်အသိဥာဏ်မရှိတဲ့ နွားသတ္တ၀ါတွေရဲ့ စရိုက်၊ သဘာဝ၊ သဘော တရားကို ဖြော်ပထားတာ ဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်မှာရှိတဲ့ အရာရှိ ကြီးငယ်တွေဟာ လူသားစင်စစ်တွေ ဖြစ်ကြပါလျက် အ သိဥာဏ်၊ ပညာ၊ တွေးခေါ်မြော်မြင်မှုတွေလည်း ရှိကြပါလျက် နွားတွေလိုပဲ ရှေ့ဆောင်နွားလား ညွှန်ကြား ပြောဆိုရာကိုသာ လိုက်နေကြပါတယ်။

စစ်တပ်က တချို့အရာရှိတွေအနေနဲ့ မြန်မာပြည်သူလူထုဟာ ဒုက္ခဆင်းရဲ နွံထဲ ရောက်နေတာ၊ တိုင်းပြည်ဟာ အဖက်ဖက်က ပျက်စီးယိုယွင်းနေတာကို သိပေမယ့် ဘယ်သူသေသေ၊ ငတေမာ ရင်ပြီးရောဆိုတဲ့ စိတ်ဓာတ်ထားနေကြပါတယ်။ တချို့ အရာရှိတွေကတော့ နိုင်ငံရေး ပြုပြင်ပြောင်း လဲမှု အမှန်တကယ် လို အပ်နေပြီဆိုတာကို သိကြပါတယ်။

တပ်မတော်အတွင်း၊ အောက်ခြေမှာ ရဲဘော်တွေဟာ သောက်စရာ ရေခွက်တောင် မရှိဘဲ “ခွက် ပျောက်” နေ လို့ စစ်ပြေးတွေ တနေ့တခြား များနေတာကို ကြည့်ပြီး စိတ်ပျက်နေကြပါတယ်။
၂၀၀၆ ခုနှစ် စက်တင်ဘာလ (၂၇) ရက် (ကကကြည်း) ဒုတိယ စစ်ဆင်ရေး လေးလပတ်အစည်းအဝေး မှတ်တမ်းအရ တပ်မတခုစာ စစ်သည်အင်အား (၇,၀၀၀) ခန့်ဟာ ထွက်ပြေးနေကြကြောင်း ဖော်ပြထားတာတွေ့ ရပါတယ်။

ဒါကြောင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ အမှန်တကယ် လိုအပ်နေတာကို သိတဲ့ တပ်မတော်သား တွေအနေနဲ့ ပြည်သူဘက် ရပ်တည်ဖို့ ဆိုရာမှာ အခြေအနေ မပေးလို့ဆိုတာ သိရှိနားလည်ပြီး အခြေ အနေပေးလာအောင် ဖန်တီးကြဖို့ အရေးကြီးပါတယ်။ တပ်မတော်အတွင်း ရဲဘော်အဆင့်ကစပြီး ထိုးဖောက်စည်းရုံးဖို့ လိုအပ်ပါတယ်။

စစ်အာဏာရှင်တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုအောက်မှာ လူထုလှုပ်ရှားမှုဆိုတာ အများကြီး ကန့်သတ်ချက် ရှိပါ တယ်။ နအဖရဲ့ Heartland theory အရ ၀န်ထမ်းအများစုကို ကြပ်ပြေးသို့ သီးခြားခွဲထုတ်ထားတာမို့ သူတို့ရဲ့ အင်အားကိုလည်း မရရှိတော့တာကြောင့် လူထုလှုပ်ရှားမှုဟာ အရှိန်အဟုန် တန့်နေပါတယ်။ တပ် မတော်အတွင်း လူမှန်နေရာမှန် ဖြစ်ဖို့၊ ပြည်သူလူထုနဲ့ တပ်မတော် တစိတ်တ၀မ်းထဲဖြစ်ဖို့ ဆောင်ရွက်ရေးဟာ တိုင်းချစ် ပြည်ချစ်စိတ်ရှိတဲ့ ပုဂ္ဂိုလ်တိုင်း၊ အင်အားစုတိုင်းရဲ့ အရေးအကြီးဆုံး တာဝန်ဖြစ်ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တွေရဲ့ နိုင်ငံရေး ထောင်ချောက်ထဲမှာ ရောက်ရှိနေတဲ့ အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသား ငြိမ်းချမ်းရေး လက်နက်ကိုင် အဖွဲ့အစည်းများကို အခြေအနေမှန်ကို စည်းရုံးပြောပြဖို့ လိုပါတယ်။

နအဖကို အရူးမီးဝိုင်းဖြစ်အောင်၊ တုန်လှုပ်ချောက်ချားအောင် မလုပ်နိုင်သေးသမျှ ကာလပတ်လုံး ဒီမိုကရေစီ ရရှိဖို့ဆိုတာဟာ အိပ်မက်တောင် မက်လို့မရတာကြောင့် ဒီမိုကရေစီဘက်တော်သားတွေ အားလုံး စည်း စည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဟန်ချက်ညီ လက်ချင်းချိတ်ကြဖို့ အရေးကြီးနေ ပါတယ်။

မျိုးဆက်သစ်တွေ၊ သားစဉ်မြေးဆက်တွေ စစ်အာဏာရှင် စနစ်ဆိုးအောက်က လွတ်မြောက်ဖို့၊ မြင့်မြတ် တဲ့သူ တွေ၊ မှန်ကန်တဲ့သူတွေ၊ တရားမျှတမှုကို ချစ်မြတ်နိုးတဲ့သူတွေ နအဖရဲ့ အကျဉ်း ထောင်တွေထဲ ရောက် နေ တာ လွတ်မြောက်ဖို့၊ ဒီမိုကရေစီ ဘက်တော်သားတွေအားလုံးအနေနဲ့ တိုက်ပွဲပုံစံကို ပြောင်းဖို့ လိုအပ် ပါတယ်။

ဘုရားသားတွေ၊ ကျောင်းသားတွေဟာ အမြင့်မားဆုံး စိတ်ဓာတ်နဲ့ တိုက်ပွဲဝင်ခဲ့ကြ၊ တာဝန်ကျေပွန်ခဲ့ ကြပြီးဖြစ်လို့ တိုက်ပွဲပုံစံပြောင်းကာ အားလုံး စည်းလုံးညီညွတ်စွာ ပြည်တွင်းပြည်ပ ဟန်ချက်ညီ လက်ချင်းချိတ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
http://www.khitpyaing.org/articles/july_08/22-7-08_bohtetmin.php မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */