“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 29, 2008

ရွှေဂုံသားမို့ ရဲသလေဗျ

ဒဂုံ တက္ကသိုလ် ကျောင်းသားများ ရဲ့ လှုပ်ရှားမှု

သို့ /
့ပါမောက္ခချုပ် ၊ ဒဂုံတက္ကသိုလ်

်ရက်စွဲ။ ။ 28-7-2008
အကြောင်းအရာ။ ။ ကျောင်းဝင်းအတွင်း မလိုလားအပ်သော စည်းကမ်းများအား အတင်းအကျပ်လိုက် နာခိုင်း နေခြင်း များအား တားဆီးပယ်ဖျက်ပေးပါရန် တင်ပြခြင်း။

အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ကျောင်းဝင်းအတွင်းကျောင်းသားကဒ်မချိတ်ပါက ” နောက် နောင် ကျောင်းသားကဒ်ချိတ်ပါမည်၊ ပါမောက္ခမှခေါ်ယုဆုံး မပြီးဖြစ်ပါ သည် ဟု ကိုယ်တိုင်ရေးသား ခံ ၀န် လက် မှတ် ရေး ထိုးခိုင်းခြင်း၊ အကယ်၍့ ကျောင်းသားကဒ် မချိတ်ဆွဲပါက အဆောင်ထဲသို့ ပေးမ၀င် ခြင်း။ ၄င်းအပြင် ကျောင်း အတွင်း အနက်ရောင်ပါသော အ၀တ်အစား မ၀တ်ရဟု စည်းကမ်း ထုတ်ခြင်း အကယ်လို့ ဝတ် ဆင်မိ ပါက ကျောင်းအတွင်းသို့ ပေးဝင်သော်လည်း အဆောင်အ တွင်း ပေးမ၀င်ပဲ စာသင်ယူခွင့် ကိုပိတ် ပင် တားဖြစ်နေခြင်း။ စသည့် စည်းကမ်းချက်များသည် ကျတော်တို့  တက္ကသိုလ်ကျောင်းသားများအတွက်မလို လားအပ်သော စည်းကမ်းချက်များဖြစ်သည် ဟု ကျတော်တို့အနေဖြင့် သုံးသပ်မိပါ သည်။

သရုပ်ပျက်အ၀တ်အစားများဝတ်ဆင်ခြင်းမပြုရဆိုသည့် စည်းကမ်းကို ကျောင်းသားအများစုမှ လက်ခံ နိုင် ဘွယ်ရာရှိသော်လည်း မြန်မာ့ ရိုးရာ ၀တ်စုံဖြစ်သော ယောလုံချည်၊ ယော ထမီ တို့ ကို အနက်ရောင် ပါသည့် အ တွက် ၀တ်ဆင်ခြင်းမပြု ဟုဆိုသော အချက်မှာ လည်း လက်ခံနိုင်စရာ မရှိပါ။ သို့ အပြင် အဆိုပါ စည်းကမ်းချက်များသည် အေးချမ်းစွာ ပညာ သင် ကြား လိုသော ကျောင်းသားများ အား မကျေမ နပ်ဖြစ်စေခြင်းမှ တဖန် ဆရာနှင့် တပည့် များ အကြား မလိုလား အပ်သော တင်းမာမှု များဖြစ်ပေါ်လာ နိုင်သည်ဟု ထင်မြင်မိပါသည်။သို့ အတွက် တက္ကသိုလ်အဆင့် တွင် ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအတွက် အဆိုပါစည်းကမ်းချက်များ မှာ မလိုလားအပ်သော စည်းကမ်း များဖြစ် နေပြီးကျောင်းသားများ အတွက် လွတ်လပ်စွာ ၀တ်စား ဆင်ယင်ပိုင်ခွင့်ကို ထိပါးနေခြင်းနှင့် ကျောင်း အတွင်းကျောင်းသားကဒ် မချိတ်ပါက အဆောင်တွင်းဝင်ပြီး ပညာသင်ယူခွင့် ပိတ်ပင်ခံရမည် ဆိုသည့် စည်းကမ်းသည်လည်း တက္ကသိုလ်အဆင့်တွင် ပညာသင်ကြားနေသော ကျောင်းသားများ အတွက် ကျောင်းဝင်းအတွင်းလွတ်လပ်စွာ ပညာသင်ယူပိုင် ခွင့် နှင့် လွတ်လပ်စွာ သွားလာပိုင်ခွင့်ကို ထိခိုက်နေပါသဖြင့် ထိုသို့ အတင်းအကျပ် ပြုလုပ်ပြီး မလိုက်နာမနေရ စည်းကမ်းများ ချမှတ်နေခြင်းကို လာမည့် ကျောင်း သီတင်းပါတ်အတွင်း အမြန်ဆုံး တားဆီးပါယ်ဖျက်ပေး ပါရန်တောင်းဆိုအပ်ပါသည်။

ဒဂုံတက္ကသိုလ်ကျောင်းသား/ကျောင်းသူများ
့ (http://www.laminkhin.blogspot.com/) မှ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */