“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, July 26, 2008

ပေးပေး...ပေးပေး...ဒို့ ငွေတွေ ပြန်ပေး

GOOD တယ်ဗျာ..
ရစရာရှိတာ ပြန်ယူရမှာဘဲ..

မုန်တိုင်းကိစ္စနဲ.စပ်လျဉ်း၍ ခိုးဝှက်ထားသော အလှူငွေများပြန်ပေးပါ
တိုင်းရင်းသားအသံ

မြန်မာပြည်၏ငွေလဲလှယ်နှုန်းစနစ်ဆိုးကြောင့် မုန်တိုင်းဒုက္ခသည်များအတွက် လှူထားသော အလှူငွေများ ၂၅ ရာခိုင်နှုန်းပျောက်ဆုံးနေသည့်သတင်းကို ကုလက ဝန်ခံပြောဆိုပြီးနောက် ယင်းပျောက် ဆုံး သွားသောအလှူငွေများကို ပြန်ပေးပါရန် မောင်သန်းရွှေဆီ အကြွေးတောင်းဖို.အလှူရှင်နိုင်ငံအများစု မှ ဥပဒေ ပြုသူများက ပြင်ဆင်နေကြကြောင်း သိရှိရပါသည်၊

အလှူငွေများ FEC နဲ.ဘယ်လောက် လဲလှယ်ထားသလဲ၊ ဘယ်လောက်ဆုံးရှံးသွားသလဲ ဆိုသည့်မေးစရာ မေးခွန်းများ သည် ကုလ၏ငွေရေးကြေးရေးစနစ်ကို ကိုင်တွယ်လုပ်ဆောင်နေသော United Nations Development Program လို.ခေါ်တဲ့ ကုလဖွံ.ဖြိုးရေးစီမံကိန် အား ကုလရုံအခြေစိုက် Inner City Press ကမေးပြန်တော့လဲ ဘာမှအဖြေမပေးနိုင်ဘဲဖြစ်နေတယ်၊

ကုလ၏လူသားချင်းထောက်ပံ့ရေးဆိုင်ရာပေါင်းစပ်ဆောင်ရွက်ရေးရုံ Office for the Coordination of Humanitarians Affairs ( OCHA) ကလဲ အချက်အလက်တွေဘာမှမပေးနိုင်သေးပါ၊ သို.သော်၊ OCHA ၏ပြောရေးဆိုခွင့်ရှိသူ က Inner city press ကို ခေါ်တွေ.ပြီး အလှူငွေ အနည်းငယ် ပျောက်ဆုံး သည့် အကြောင်း ကို John Holmes ကဝန်ခံပြောဆိုပြီး များကြီးဆုံးရှံး သွားတာ မဟုတ်သည့် အကြောင်းကို ရှင်းပြသည်။

၊မြန်မာနိုင်ငံဆိုင်ရာလူသားချင်းထောက်ပံ့ရေးဆိုင်ရာပေါင်းစပ်ဆောင်ရွက်သူ Dan Baker ကလဲ အရင်တုန်း ကပျောက်ဆုံးမှုမရှိဘူးလို. ပြောခဲ့ပြီး အခုကျမှ ပျောက်ဆုံးတစ်ချို.ရှိတယ်လို.ပြောပြန်သည်၊ ဒါပေမဲ့၊ အရေ အတွက် မသိသောထောက်ပံ့ရေးပစ္စည်းတစ်ချို.ဟာ မြန်မာပြည်မှာ ဝယ်ခဲ့တာမဟုတ်ဘူးလို. ပြောနေပေ မဲ့ အရေအတွက်ဘယ်လောက်လဲဆိုတာမပြောပါဘူး၊

လွန်ခဲ့သော သောကြာနေ.တုန်းက နယူယောက်ရှိကုလရုံချုပ်မှာ ရှင်းလင်းပွဲပြုလုပ်နေတုန် ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ၏ပြောရေးဆိုခွင့်ရှိသူ Michele Montas ကိုကုလအနေနဲ. FEC နှင့်ဘယ် လောက်လဲလှယ်ခဲ့သလဲ၊ဘယ်လောက်ဆုံးရှံးခဲ့သလဲနဲ.ပတ်သက်၍ Inner City Press က ဒုတိယ အကြီမ်အဖြစ်တိုက်ရိုက်မေးမြန်ခဲ့ပါသည်၊ မစ် Michele Montas ကလဲ ဂျူလိုင်လ ၂၈ ရက်နေ.အထိစောင့်ပါ ဟု OCHA ရုံအရာရှိ John Holmes ကိုရည်ညွန်းလိုက်ပြန်သည်၊

အလှူငွေအတွက် ဒေါ်လာသန်းပေါင်း ၂၀၀၊ပြီးတော့ သန်းပေါင်း ၃၀၀၊ အဲဒီလို OCHA ရုံအနေနဲ. လိုက်တောင်း နေတာနဲ.ပတ်သက်၍ Inner City Press က လွန်ခဲ့သောနှစ်ပတ်လောက်ကတည် မေးမြန်း စုံစမ်းခဲ့ပါသည်၊ဒါပေမဲ့၊ ရှင်းရှင်းလင်းလင် ဂဏန်းအတိအကျကို အခုအချိန်အထိမရရှိသေးပါ၊ဒီကိစ္စလဲဘဲ၊ အလှူရှင်များ နှင့် အိမ်နီးချင်းနိုင်ငံများမှ ဥပဒေပြုသူများ စောဒကတက်မေးမြန်းစရာရှိသည်၊

နာဂစ်မုန်တိုင်းကာလမတိုင်ခင်ကလဲ မြန်မာနိုင်ငံရှိ ကုလ သမဂ္ဂဆိုင်ရာ ရုံဌာနအများစုက ဒေါ်လာနှင့် အက်ဖ် အီးစီ ငွေလဲလှယ်နှုန်းကြောင့် ၁၅ ရာခိုင်းနှုန်းလောက်ဆုံးရှံးခံနေပြီသာဖြစ်ပါသည်၊ ဒါပေမဲ့။ သတင်းကတော့၊ Inner City Press ဆီရောက်လာပြီး အသေးစားငွေကြေးစီမံကိန်း လို.ခေါ်သည့် ကုလသမဂ္ဂဖွံ.ဖြိုးရေး စီမံကိန်း၏ လုပ်ဆောင်ချက်ဟာ အနိမ့်ဆုံးငွေလဲလှယ်နှုန်းကို လက်ခံထားသဖြင့် ယင်ကိစ္စနဲ.ပတ်သက်၍ ယူအန်ဒီပီ အနေနဲ. တုံ.ပြန်ချက်ပေးဖို.ငြင်းခဲ့သည်၊ ယူအန်ဒီပီက မြန်မာစစ်အစိုးရကို ဒေါ်လာတွေပေးပြီး ပြည် တွင်း သုံး ကျပ်ငွေကိုအနိမ့်ဆုံးလဲလှယ်နှုန်းဖြင့်ရယူပါသည်၊ယူအန်ဒီပီအနေနဲ.ဒေါ်လာနှင့် အက်ဖ် အီစီဘယ်လောက်လဲလှယ်ခဲ့တာ၊ ဘာဈေးနှုန်းနဲ့ လဲခဲ့တာ တွေကို အခုအချိန် အထိ ဘာမှ ထုတ်ပြန်တာမရှိသေးပါ၊

ယင်းကိစ္စနဲ.ပတ်သက်၍ ယူအန်ဒီပီ စီမံခန်.ခွဲမှုတာဝန်ခံ Kemal Davis ကို Inner City Press က မေး လိုက်သည်၊ သူက၊ လမ်အကြားမှာမေးတဲ့မေးခွန်းကို ကျနော် မဖြေဘူးလို. ပြန်ပြော သည်၊ သူကနွေရာသီအကုန်မှာ သတင်းစာရှင်းလင်းပွဲလုပ်ပေးကောင်းလုပ်ပေးနိုင်မည် လို. ထင်ပါရဲ.၊ အများစုက အရမ်း နောက်ကျတယ်လို. သတ်မှတ်တယ်သတဲ့။

ဆီလျော်အောင် မင်းကန်စီ ကဘာသာပြန်ထားသည်။
http://www.tineyintharvoice.blogspot.com/ မှ ကူးယူဖေါ်ပြပါတယ် ကျေးဇူးပါခင်ဗျား။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */