ပြီးခဲ့တဲ့ မေလအတွင်းက မြန်မာပြည်တွင် ဆိုးရွားစွာ တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုက်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်ခဲ့ကြတဲ့ လေဘေးသင့် မြန်မာပြည်သူများအတွက် ဂျပန်ရောက် မြန်မာလူငယ်များမှစုပူးပေါင်း၍ ပြည်တွင်းမှ နံမည်ကျော်အဆိုတော်များကိုဖိတ်ကြားကာ ရန်ပုံငွေ ဂီတဖော်ဖြေပွဲတစ်ခုကို ဇူလှိုင်လ(၂၇)ရက်နေ့က တိုကျို၊ အိခဲဘုကုရိုမှာရှိတဲ့ ခိုကိုင်းဒိုးခမ်းမဆောင်မှာ ကျင်းပပြုလုပ်သွားခဲ့ကြပါတယ်။
အဲဒီရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို မြန်မာပြည်တွင်းမှ အဆိုတော်များဖြစ်တဲ့ ခင်မောင်တိုး၊ Rဇာနည်၊ မေခလာ၊ ရတနာနှင့် အဆိုတော်သစ် မေစံပါယ်ညိုတို့ကဖျော်ဖြေတင်ဆက်ပေးခဲ့ပြီး တေးဂီတမှူးအဖြစ် စန္ဒရားလှထွဋ်၏သား ဂီတမှူးမြတ်မင်းက တီးခတ်ဖျော်ဖြေပေးသွားခဲ့ပါတယ်။
ဖျော်ဖြေပွဲ ပထပပိုင်းအစီအစဉ်အပြီးမှာ ခင်မောင်တိုး၊ Rဇာနည်နှင့် ဇနီး၊ မေခလာ၊ ရတနာနှင့် အဆိုတော်သစ် မေစံပါယ်ညိုတို့ က ပရိတ်သတ်ထဲသို့ဆင်း၍ အလှုငွေများကို ကိုယ်တိုင်ဆင်းကောက်ခဲ့ကြပြီး
ဒုတိယပိုင်းဖျော်ဖြေမူပွဲအစီအစဉ် နောက်ဆုံးမှာ နာဂစ်လေဘေးသင့် မြန်မာပြည်သူတွေအတွက် ကောက်ခံရရှိတဲ့ ဂျပန်ယန်းငွေ ၃၅၂၄၃၁(သုံးသိန်းငါးသောင်းနှစ်ထောင်လေးရာသုံးဆယ့်တစ်)ယန်း ကို ဂျပန်ရောက် မြန်မာတွေကိုယ်စား တာဝန်ရှိတဦးမှ အဆိုတော်များသို့ ပေးအပ်လှုဒါန်းခဲ့ရာ အဆိုတော်မေခလာမှ လက်ခံရယူခဲ့ပြီး ယခုလို လေဘေးသင့်ဒုက္ခသည်တွေအတွက် လှုဒါန်းတဲ့အတွက်ကျေးဇူးတင်ရှိကြောင်းနှင့် ယခုလက်ခံရရှိတဲ့ အလှုငွေများကို မုန်တိုင်းသင့်ဒုက္ခသည်တွေဆီအရောက် သွားရောက်လှုဒါန်းပေးသွားမှာ ဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။
ပွဲအပြီးမှာတော့ အဆိုတော်တွေရဲ့ စီးရီးအခွေတွေကို ကိုယ်တိုင်လက်မှတ်ထိုး ရောင်းချပေးခဲ့ပြီး ယခုပြုလုပ်သွားတဲ့ နာဂစ်မုန်တိုင်းသင့် ဒုက္ခသည်တွေအတွက် ရံပုံငွေပွဲဟာ လေဘေးသင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် အကျိုးရှိသလို ဂျပန်ရောက်မြန်မာတွေလည်း ကုသိုလ်လည်းရ မြန်မာပြည်အလွမ်းပြေ အဆိုတော်တွေရဲ့ ဖျော်ဖြေမှုကိုလည်း အားရပါးရကြည့် ရှူခံစားနိုင်ကြတာမို့ တကယ့်ကိုကောင်းမွန်တဲ့ပွဲတပွဲဖြစ်တယ်လို့ ထင်မြင်ရကြောင်း ပရိတ်သတ်ထဲမှ ပြောဆိုသွားတာကို လည်းကြားသိရသလို အဲဒီဖျော်ဖြေပွဲကို ဂျပန်ရောက်မြန်မာ ပရိတ်သတ် ၂၈၀ကျော်ခန့် တက်ရောက်အားပေးသွားခဲ့ကြပါတယ်။
သတင်း ကျော်ကျော်နိုင်
၂၈ရက်၊ ဇူလှိုင်၊ ၂၀၀၈
Monday, July 28, 2008
ဂျပန်က နာဂစ် လေဘေးဒုက္ခသည်များ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment