“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 23, 2008

ဒို့ အားလုံးလိုအပ်နေတဲ့ အရာ

(အ တု အ ယောင်) စည်း ကမ်း ပြည့် ၀ သော ဒီ မို က ရေ စီ ကို အ စား ထိုး မဲ့ စိတ် ချမ်း သာ မှု ပြည့် ၀သော ဒီ မို က ရေ စီ ( အ စစ် ) ကို သာ ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

မူ ရင်း အ ဓိပ္ပါယ် ကို ပျက် အောင် လုပ် လေ့ ရှိ သော မြန် မာ စစ် ခေါင်း ဆောင် များ ကြောင့် အူ ကြောင် ကြောင် ဖြစ် ခဲ့ ရ သော အ ဓိပ္ပါယ် များ ၊ အ နှစ် သာ ရ ပျောက် ရ သော စံ နစ် အ မည် များ ထဲ တွင် ယ နေ့  ကမ္ဘာ တွင် လူ သား တိုင်း တောင့် တ နေ သော ဒီ မို က ရေ စီ စံ နစ် လည်း တစ် ခု အ ပါ အ ၀င် ဖြစ် နေ ပါ ပြီ ။

မြန် မာ ပြည် အ တွင်း နေ ထိုင် ကြ သော တိုင်း ရင်း သား ပြည် သူ အ များ စု မှာ ဗ ဟု သု တ လေ့ လာ မှု အ ပိုင်း တွင် ခေတ် အ ဆက် ဆက် အာ ဏာ ရှင် အ မျိုး မျိုး ၏ အ မှောင် ချ ပိတ် ဆို့  ထား သော စံ နစ် များ အောက် တွင် အင် အား ချိ နဲ့  ခေါင်း ပါး ခဲ့ ရ သည် ။

မူ လ အ ဓိ ပ္ပါယ် ဒီ မို က ရေ စီ ကို ဘာ မှန်း မ သိ တော့ ။ For the people, by the people ဆို တာ ဘာ ပါ လိမ့် လို စဉ်း စား ခွင့် ပင် မ ရ လိုက် ပဲ ၊ အ လစ် ချောင်း ရိုက် ခံ လိုက် ရ သော စည်း ကမ်း ပြည့် ၀ သော ဒီ မို က ရေ စီ ဆို တဲ့ စ ကား လုံး ကြီး ၏ ရိုက် ချက် ကြောင့် ၊ မူ ရင်း ဒီ မို က ရေ စီ ကို စည်း ကမ်း မဲ့ ၊ စည်း မ ရှိ ကမ်း မရှိ ၊ ပ ရမ်း ပတာ ဒီ မို က ရေ စီ ဟု ပင် ထင် စ ရာ ရှိ နေ ပေ သည် ။

အ ခု မှ အ စ က ပြန် မ ရှင်း ချင် တော့ ပါ ။ ရှိ ပါ စေ တော့ ( မူ ရင်းဒီ မို က ရေ စီ ) ရယ်။
ဒီ တော့ ရောက် တဲ့ နေ ရာ က စ လိုက် ကြ ပါ စို့  ခေတ် လူ သား တို့  ရေ ။
( စည်း ကမ်း ပြည့် ၀ သော ဒီ မို က ရေ စီ ) ဒီ နေ ရာ ကို ရောက် နေ တော့ ဒီ က ပဲ စ ပါ စို့  ။
စည်း ကမ်း ။ ။ ဒီ စ ကား က စ ပြီး ရှင်း ရ တော့ မယ် ။ စည်း ကမ်း တွေ က အ များ သား ပဲ ။
ကျောင်း မှာ က ကျောင်း စည်း ကမ်း ၊ အိမ် မှာ က အိမ် စည်း ကမ်း ၊ ရုံး မှာ က ရုံး စည်း ကမ်း တ ရား ကျောင်း မှာ က တ ရား ကျောင်း စည်း ကမ်း ၊ စစ် တပ် မှာ က စစ် စည်း ကမ်း ၊ လမ်း ပေါ် မှာ က လမ်း စည်း ကမ်း ၊ ယာဉ် မောင်း တော့ ယာဉ် စည်း ကမ်း ၊ ------------------
စည်း ကမ်း တွေ က ဘာ ကြောင့် ထုတ် ထား တာ လဲ ? အ များ မ ဆင်း ရဲ ရ လေ အောင် ၊ အ များ ချမ်း သာ အောင် ၊ ဒါ့ ထက် ရှင်း အောင် ပြော ရ ရင် အများ စိတ် ချမ်း သာ အောင် ။
အ များ ဆို တာ ဘယ် အ များ လဲ ? ( လူ ) အ များ ။ ( လူ သား စစ် စစ် ) အ များ အ တွက် ။
လူ သား စစ် စစ် အ များ အ တွက် စိတ် ချမ်း သာ အောင် ရည် ရွယ် ပြီး ထုတ် မဲ့ စည်း ကမ်း တွေ ကို လူ သား စစ် စစ် ဖြစ် သူ တွေ က ၊ လူ သား ဆန် ဆန် တွေး ခေါ် ဆင် ခြင် ပြီး ရေး ဆွဲ မှ သာ ၊ သ ဘာ ၀ ကျ မှာ ၊ သင့် လျှော် မှာ ဖြစ် ပါ တယ် ။

( လူ ) ဆို တာ ကို ထပ် ရှင်း ဖို့  ဖြစ် လာ ပြန် ပြီ ။ ဗု ဒ္ဓ သာ သ နာ အ လွန် ထွန်း ကား ခဲ့ တဲ့ ၊ သီ ဟိုဠ် ခေတ် က လူ သတ် မှတ် ပုံ လေး နဲ နဲ ပြော ရ အုံး မယ် ။ ဘု ရား ၊ တ ရား ၊ သံ ဃာ ၊ ရ တ နာ သုံး ပါး ကို ယုံ ကြည် ကိုး ကွယ် သူ ကို ၊ လူ တစ် ၀က် ( ၅၀%) လူ ဖြစ် ပြီ လို့  အ သိ အ မှတ် ပြု ကြ တယ် ။ ရ တ နာ သုံး ပါး အ ပြင် ငါး ပါး သီ လ ပါ စောင့် ထိန်း သူ အ ဆင့် ကို မှ သာ လျှင် လူ တစ် ယောက် (၁၀၀%) လူ ဖြစ် တယ် လို့  ၊ သတ် မှတ် ကြ တယ် ။

အ ချုပ် ပြော ရ ရင် ( ရ တ နာ သုံး ပါး ယုံ ကြည် ကိုး ကွယ် ပြီး ငါး ပါး သီ လ စောင့် မှ ) လူ ၊ အဲ ဒီ လို သတ် မှတ် ခဲ့ ကြ တယ် ။ ကု သိုလ် တွေ အ ညွန့်  တစ် လူ လူ ဆို တာ ပေါ့ ။
မြန် မာ ပြည် မှာ မြန် မာ့ နည်း မြန် မာ့ ဟန် နဲ့  တည် ဆောက် မဲ့ စည်း ကမ်း ပြည့် ၀ သော ဒီ မို က ရေ စီ နိုင် ငံ တော် ကြီး အ တွက် စည်း ကမ်း တွေ ကို ရေး ဆွဲ တဲ့ သူ တွေ က ဘယ် လို သူ တွေ လဲ? လူ တွေ အ များ ချမ်း သာ အောင် စည်း ကမ်း တွေ ရေး ဆွဲ မဲ့ သူ တွေ က လူ တွေ ကော ဟုတ် ရဲ့  လား ? စီ စစ် ကြည့် ကြ ပါ အုံး ။ လူ ၁၀၀% က ဘယ် နှစ် ယောက် ၊ လူ ၅၀% က ဘယ် နှစ် ယောက် ။ လူ မ ဖြစ် သေး တာ က ဘယ် နှစ် ယောက် ? ၀ှီး---- မော တယ် ။ ဘာ ဆက် လုပ် ရ မ လဲ ? လူ ရှာ ရ တာ ခက် လိုက် တာ ။ ရှား မှ ရှား ပဲ ။

ရှား မှ ရှား လူ သား တွေ ကို မ ရှာ တော့ ပါ ဘူး ။ စည်း ကမ်း က တော့ ထုတ် နေ ကြ တာ ပဲ ။ ပို ပြီး တိ ကျ အောင် ပြော ရ ရင် ဥ ပ ဒေ ပေါ့ ဗျာ ။ ဒါ ထက် ဆိုး တော့ အ မိန့်  ပေါ့ ။ ကြောက် တောင် လာ ပြီ ။ အ မိန့်  တွေ ။ အ မိန့်  တွေ ။ အ မိန့်  တွေ ။ အ မိန့်  တွေxxxxx မ ကြောက် တဲ့ သူ တွေ ရှိ တယ် ။စည်း ကမ်း ရှိ ဖို့  ပြော ပြော နေ ကြ တဲ့ စည်း ကမ်း ထုတ် သူ နှင့် သူ ၏ သား သ မီး များ ပေါ့ ဗျာ။ သူ တို့  က မ ကြောက် ဘူး ။ လုံး ၀ ပဲ ။လုံး ၀ ပဲ။

စည်း ကမ်း ကို ၊ စည်း ကမ်း ထုတ် သူ နှင့် သူ ၏ သား သ မီး များ က အ များ ဆုံး ချိုး ဖေါက် ကြ ပါ တယ် ။ အဲ ဒီ အ တွက် လူ စစ် စစ်၊ အ များ မ ချမ်း သာ ၊ စိတ် ဆင်း ရဲ နေ ကြ ရ တာ က တော့ ၊ အာ ဇာ နည် တို့  ရဲ့  ၊ ယ နေ့  မြန် မာ ပြည် ကြီး ပါ ခင် ဗျာ ။ စည်း ကမ်း ပြည့် ၀ သော ဒီ မို က ရေ စီ ဆို ပဲ ။ နောက် တစ် ချီ လာ ပြန် ပြီ ဟေ့ ။

ယုံ တယ် နော် xxxx စည်း ကမ်း ထုတ် သူ များ ၊ စည်း ကမ်း ရှိ ကြ ပါ လို့  အ များ ဆုံး ပြော နေ သူ များ ၊ သူ တို့  က ပဲ စည်း ကမ်း ကို အ များ ဆုံး ချိုး ဖေါက် ကြ မဲ့ ဒီ မို က ရေ စီ ၊ အဲ ဒီ စံ နစ် ကြီး ပဲ ဖြစ် မယ် ဆို တာ ယုံ ကြ တယ် နော် အာ ဇာ နည် တို့  ရေ ။ ယုံ ရဲ့  လား?

တော် ပါ တော့ ဒီ စည်း ကမ်း ။ လူ စစ် စစ် တွေ ဆင်း ရဲ ရ မဲ့ စည်း ကမ်း ။ တော် ပါ တော့ ။
အ တု အ ယောင် စည်း ကမ်း ပြည့် ၀ သော ဒီ မို က ရေ စီ ကို အ နား ပေး လိုက် ကြ ရ အောင် ။
နား လိုက် ပါ ဦး xxxxx စည်း ကမ်း ပြည့် ၀ သော သော ဒီ မို က ရေ စီ ။
စ ကား လုံး ပြောင်း လိုက် ကြ စို့  အာ ဇာ နည် အ ပေါင်း တို့  ။

စိတ် ချမ်း သာ မှု ပြည့် ၀ သော ဒီ မို က ရေ စီ ။ စိတ် ချမ်း သာ မှု ပြည့် ၀ သော ဒီ မို က ရေ စီ လို့  ဆို လိုက် က တည်း က လူ တွေ လက် ခံ ကျင့် သုံး နိုင် တဲ့ ၊ ဂုဏ် သိ က္ခာ ရှိ သော စည်း ကမ်း များ က ပါ ပြီး သား ဖြစ် နေ ပြီ ဆို တာ ရှင်း ပြ နေ ဖို့  မ လို တော့ ဘူး ထင် ပါ တယ် ။ လူ ပီ သ သူ တို့  ရဲ့  ၊ လူ ဆန် တဲ့ ၊ မွေး ရာ ပါ လူ့  အ ခွင့် အ ရေး တွေ ကို စောင့် ရှောက် မဲ့ စည်း ကမ်း တွေ က ရှိ နေ ပြီး သား ဖြစ် ရ မှာ ပါ ။ ဒါ မှ လည်း စိတ် ချမ်း သာ မှု ပြည့် ၀ ကြ မှာ ပေါ့ ။လူ သား တို့  ချမ်း သာ ရေး ကို ရှေး ရှု တဲ့ ၊ စိတ် ချမ်း သာ မှု ပြည့် ၀ သော ဒီ မို က ရေစီ နိုင် ငံ ကို ၊ လူ သား ၁၀၀% မ စစ် သူ များ မ ဖေါ် ဆောင် နိုင် ပါ ။ ကု သိုလ် စိတ် အ ညွန့်  တစ် လူ လူ နှင့် လူ စစ် စစ် ဖြစ် ဖို့  လို သည် ။ လူ စစ် မှ လူ လူ ချင်း စာ နာ ထောက် ထား တတ် ၊ ကြင် နာ တတ် ပေ မည် ၊ မေ တ္တာ ထား နိုင် ကြ ပေ မည် ။

ကျွန်ုပ် တို့  မျှော် မှန်း သော ဒီ မို က ရေ စီ သည် စိတ် ချမ်း သာ မှု ပြည့် ၀ သော ဒီ မို က ရေ စီ သာ ဖြစ် သည် ။ စည်း ကမ်း ထုတ် သူ များ ကို ကြိုက် သ လို ထင် တိုင်း ကြဲ စည်း ကမ်း မဲ့ ခွင့် ပေး ထား သော၊ လူ အ များ စိတ် ဆင်း ရဲ နေ ကြ ရ မည့် အ တု အ ယောင် ၊ စ ကား လုံး သာ ရှိ ပြီး အ နှစ် မဲ့ နေ သည့် ၊ စည်း ကမ်း ပြည့် ၀ သော ဒီ မို က ရေ စီ မ ဟုတ် ။
မြန် မာ တွေ အ တွက် မြန် မာ့ နည်း မြန် မာ့ ဟန် နဲ့  ထပ် ပြော လိုက် မယ် ။

( စိတ် ချမ်း သာ မှု ပြည့် ၀ သော ဒီ မို က ရေ စီ) ကို သာ ။ စိတ် ချမ်း သာ ရန် အ ဓိ က ။ ယ ခု ဆောင်း ပါး ဖြင့် မြန် မာ တွေ နား လည် လွယ် မဲ့ ဒီ မို က ရေ စီ အ ဓိ ပ္ပါယ် လေး ကို ပြောင်း ဖွင့် လိုက် ကြ ရ အောင် ။ ( စိတ် မ ချမ်း သာ ရင် ဒီ မို က ရေ စီ မ စစ် ၊။ စိတ် ချမ်း သာ လေ ၊ဒီ မို က ရေ စီ စစ် လေ ။ စိတ် အ ချမ်း သာ ဆုံး ဆို ရင် ဒီ မို က ရေ စီ အ စစ် ဆုံး) ။ မြန် မာ့ နည်း မြန် မာ့ ဟန် နဲ့  ဒီ လို လေး ပဲ ၊ ဒီ မို က ရေ စီ ကို အ ဓိ ပ္ပါယ် သတ် မှတ် လိုက် ကြ ပါ စို့  အာ ဇာ နည် အ ပေါင်း တို့  ရေ ။

ကြောက် စိတ် ၊ စိုး ရိမ် စိတ် များ ဖြင့် အ သက် ရှင် နေ ရ သော မြန် မာ ပြည် သူ ပြည် သား အ ပေါင်း တို့  ၊ လူ ပီ သ သော လူ သား စစ် စစ် ခေါင်း ဆောင် ကောင်း နှင့် တွေ့ ခွင့် ရ ပြီး ၊ နေ ထိုင် ရ သော တို တောင်း လှ သည့် ခ ဏ တာ ဘ၀ လေး များ အ တွင်း ဂုဏ် သိက္ခာ ရှိ ရှိ ကြောက် ရွံ့  ခြင်း မှ ကင်း ဝေး ကာ မွေး ရာ ပါ လူ သား အ ခွင့် အ ရေး များ ဖြင့် စိတ် ချမ်း သာ မှု များ နှင့် ပြည့် ၀ နိုင် ကြ ပါ စေ ကြောင်း ဆု မွန် ကောင်း တောင်း အပ် ပါ တယ် ။

မေတ္တာ ဖြင့် ၊
အ ဘ ယ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */