“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Tuesday, July 22, 2008

ချမ်း သာ တဲ့ စိတ် မ ဖြစ် တာ ဘာ့ ကြောင့် လဲ ?လုပ် ဖို့  လို နေ တာ ဘာ လဲ ?


အ မြဲ ပဲ တွေး နေ မိ တဲ့ အ ကြောင်း လေး တစ် ခု ၊ အဲ ဒါ အ ခု တစ် လော မှာ စာ ရေး ချင် လာ တယ် ။ ဒါ နဲ့  ရေး ဖြစ် သွား တယ် ဆို ပါ တော့ ။

လူ့  လော က ကြီး တစ် ခု လုံး မှာ နေ ထိုင် နေ ကြ တဲ့ လူ သား တွေ အ ချင်း ချင်း ဘာ ကြောင့် အ ဆင်မပြေ တာ လဲ ။ ဥာဏ် ရည် မ တူ လို့  ဆို တာ က ပဲ အ ဓိ က အ ချက် အ နေ နဲ့  ထွက် လာ တယ် ။ ဘု ရား ဟော အ ဘိ ဓမ္မာ ထဲ မှာ “ ၀ိ ပါက် အ မှန် ၊ ဇော အ ပြန်”ဆို တာ လည်း ရှိ တာ ပဲ ။ ၀ိ ပါက် တိုင်း က အ တိတ် ကံ နဲ့  ဆိုင် လို့  အ မှန် တွေ ချည်း ဖြစ် ပေ မဲ့ ၊ မိ မိ ထံ ကို ရောက် လာ တဲ့ အာ ရုံ ကို တော့ လက်ခံရာမှာ နှ လုံး သွင်း မ တူ ကြ လို့  ဇော အ မျိုး မျိုး ပြန် ကြ တော့ တာ ပါ ပဲ။

အာ ရုံ တစ် ခု တည်း ကို ပဲ ပြိုင် တူ ရ ကြ စေ ဦး တော့ ၊ လက် ခံ တဲ့ အ ချိန် မှာ နှ လုံး သွင်း လိုက် တာ က တစ် ဦး စီ ရဲ့ မ တူ ညီ တဲ့ အ သိ ဥာဏ် ပ ညာ ကြောင့် မ တူ ညီ တဲ့ ဇော အ မျိုး မျိုး စော ကုန် ကြ တော့ တာ ။ ပြ ဿ နာ က အဲ ဒီ က စ တာ ပဲ ။ မိ မိ တို့  ကိုယ် စီ ရဲ့ အ ခံ ဓါတ် တွေ က မ တူ ကြ တာ ဟာ အ ရင်း ခံ အ ကြောင်း တရား ဖြစ် နေ တယ် ။ အ ခံ ဓါ တ် ဆို တဲ့ ဥ ပါ ဒါန် တွေ က လည်း ၊ ယ ခု နေ ထိုင် ရ ရှိ နေ တဲ့ ဘ ၀ သာ မ က ပဲ ၊ သံ သ ရာ တစ် လျောက် လုံး က ပါ လာ ခဲ့ တဲ့ အား ကြီး သော ကိ လေ သာ (အ နု သ ယ) တွေ နဲ့  ပါ ဆိုင် နေ လေ တော့ ဘယ် လို မှ ကို မ တူ ညီ နိုင် ကြ တာ ဟာ သ ဘာ ၀ တ ရား တစ် ခု ဖြစ် နေ တယ်။ မ တူ ညီ ကြ တဲ့ ( သ ညာ ဥ ပါ ဒါန် ) အ ကြောင်း ကို သံ သ ရာ အ ထိ မ တွေး သေး ပဲ ၊ ယ ခု ဘ ၀ လေး တစ် ခု နဲ့  ပဲ တွေး ကြ ရ အောင် ။

ဥ ပ မာ တစ် ခု ပြော ရ ရင် --- တ နင်္သာ ရီ တိုင်း ( မြိတ် ) မှာ မွေး ဖွား ကြီး ပြင်း လာ တဲ့ လူတစ်ယောက်နဲ့  ရန် ကုန် မှာ မွေး ဖွား ကြီး ပြင်း လာ သူ တစ် ယောက် ကို ပဲ စံ တစ် ခု ထား ပြီး ပြော ကြ ရ အောင် ။ နေ ရာ ဒေ သ ကွဲ လွဲ လို့  မွေး က တည်း က သိမ်း ဆည်း လာ တဲ့ ( သ ညာ ) က ကွဲ လွဲ မယ် ။ ထို နည်း တူ ( ဥ ပါ ဒါန် ) ဆို တဲ့ အ ရိုး စွဲ နေ တဲ့ အ ကျင့် စ ရိုက် က လည်း တူ မှာ မ ဟုတ် ပါ ဘူး ။ ဒါ သေ ခြာ ပါ တယ် ။ အဲ ဒီ မှာ စ တွေ့  ကြ တော့ တာ ပဲ ။

မြိတ် သား သူ ငယ် ချင်း ဆီ ကို အ လည် သွား တဲ့ ရန် ကုန် သား ကို သူ့  အိမ် ရောက် တော့ ထ မင်း စား နေ ခိုက် ကြုံ ကြိုက် တုန်း ၊ သူ ငယ် ချင်း ( ငတ် ရင် တစ် ခါ ထည်း ၀င် စား သွား ) လို့  ထ မင်း စား ခေါ် လိုက် တော့ ၊ ရန် ကုန် သား စိတ် ဆိုး သွား တယ် ။ ဘာ ငတ် တာ လဲ ။ ငါ က ဘာ လို့  ငတ် ရ မှာ လဲ ။ မ စား နိုင် မ သောက် နိုင် လို့  မင်း က ထင် နေ လို့  လား ။ မင်း ဘာ စ ကား ပြော တာ လဲ ပေါ့ ။ မြိတ် မှာ က-- ဆာ ရင် စား သွား ဆို တဲ့ ရန် ကုန် က ပြော တဲ့ စ ကား လုံး အ သုံး အ နှုန်း ကို သူ တို့  က ( ငတ် ရင် လာ စား ) လို့  ပြော တာ ကိုး ။ ကြား လိုက် တဲ့ သူ က လည်း ဥာဏ် အ သုံး ပြု တာ အား နည်း တော့ ( သ တိ လက် လွတ် ) ချက် ချင်း ပဲ စိတ် ဆိုး မာန် ဆိုး တွေ ဖြစ် ပြီး ( ငါ့ ကို ဘာ ထင် တုန်း ) ပေါ့ လေ ။

တစ် ယောက် က ယူ တဲ့ အ ယူ ထဲ မှာ ရိုင်း ရိုင်း စိုင်း စိုင်း ပြော တယ် ပေါ့ ။ တစ် ယောက် ရဲ့ အ ယူကတော့ ရိုင်း စိုင်း တာ မ ပြော ဘူး ပေါ့ ။ ပြော တယ် ။မ ပြော ဘူး ။ အဲ ဒီ ပြ ဿ နာ က စ တင် လာ တော့ တာ ပေါ့ ။ ဥ ပါ ဒါန် မ တူ တာ ၊ ဥာဏ် မ တူ တာ ရဲ့ အ ကျိုး ဆက် တွေ လို့  ပဲ ကောက် ချက် ချ ရ မှာ ပါ ။ အဲ ဒီ မ တူ ညီ မှု တွေ က ဒီ လူ နှစ် ယောက် ကို ချိတ် ဆက် လို့  မ ရ အောင် ( misconduct) ဖြစ် စေ ခဲ့ ပါ တယ် ။ မ သင့် လျှော် တဲ့ ၊ ကိုယ် နဲ့  လိုက် လျှော ညီ ထွေ မ ရှိ တဲ့ အ ပြု အ မူ တွေ ကို ပြု မိ ခဲ့ စေ တာ ပေါ့ ။ စိတ် ကို ဆင်း ရဲ စေ တယ် ။

နောက် တစ် ခု က ပြိုင် တဲ့ ၊ နှိုင်း ယှဉ် တဲ့ အ ကျင့် ပဲ ။ (comparison) တူ ညီ မှု ဖြစ် အောင်သရုပ် ဖေါ်ဥ ပမာ ပြု တတ် တဲ့ အ ကျင့် ပါ ပဲ ။ မ တူ ညီတာ တွေ ကို ကြည့် ၊ ကိုယ့် မှာ မ ရှိ တာ တွေ နဲ့  နှိုင်း ယှဉ် ပြီး ၊ မ တူ တူ အောင် လုပ် ကြည့် ၊ မ ရ တော့ (jealous) မ နာ လို မ ရှု စိမ့် ဖြစ် လာ တယ် ။ ပြိုင် ရုံ တင် မ က နိုင် ချင် လာ တယ် ။ မ နိုင် ဘူး လို့  ထင် တဲ့ အား ငယ် တဲ့ စိတ် (depression) အ လွန် အ မင်း ၀မ်း နည်း ခြင်း ဖြစ် ရာ က နေ ပြီး တော့ ၊ ( ကျ ဒေါ သ )ဘက် ကို စိတ် က ရောက် လာ တယ် ။ အဲ ဒါ ဟာ အ ဆိုး ဆုံး လ က္ခ ဏာ ပဲ ။

အဲ ဒီ စိတ် က ဖျက် ဆီး မှု ကို စ တော့ တာ ပဲ ။ ကိုယ် က ပြိုင် ပြီး မ နိုင် လိုက် ရ ဘူး လို့  ယူ ဆ လိုက် တဲ့ သူ ကို တ ရား နည်း လမ်း မ ကျ တဲ့ နည်း နဲ့  ၊ နိုင် အောင် လုပ် ပြီ ။ အဲ ဒီ မှာ မ တ ရား တဲ့ မိစ္ဆာ သင်္ကပ္ပ က နေ ရာ ယူ သွား ပြီ ။ မ တ ရား တဲ့ အ ဓမ္မ ( မ နော ကံ ၊ ၀ စီ ကံ ၊ ကာ ယ ကံ) တွေ ကို ဆက် တိုက် လုပ် တော့ တာ ပဲ ။( အ ၀ိဇ္ဖာ ပစ္စယာ သင်္ခါ ရာ ) ဆို တဲ့ အ တိုင်း အ မှန် မ သိ မှု က အ စ ပြု ပြီး ၊ အတွေး မှား ၊ အ ပြော မှား ၊ အ လုပ် မှား ၊ တွေ ကို ဆက် ခါ ဆက် ခါ လုပ် တော့ မှာ ပါ ပဲ ။ ကိုယ် ပြိုင် နေ တဲ့ ပြိုင် ဘက် ကို လူ ဆိုး လူ ယုတ် မာ လို့  အ များ မြင် အောင် လုပ် ကြံ ပုံ ဖေါ် ကြ တော့ တာ ပဲ ။ ဥာဏ် နဲ တဲ့ (ဘာ လာ နံ) တွေ က ယုံ ကြ ထောက် ခံ ကြ တယ် ။ တ ချို့  က အ ကျိုး စီး ပွါး မျှော် ပြီး အ လိုက် သင့် ၊ ပေး တာ ယူ ၊ ကျွေး တာ စား ပြီး ၊ အား ပေး ကြ တယ် ။ ဒါ နဲ့  ပဲ အ မှန် ကို ကြာ လေ မ မြင် လေ ဖြစ် လာ ပြီ ။ လော က မှာ က အဲ ဒီ လူ အ မျိုး အ စား က ပို ပြီး တော့ များ တယ် ။ သူ တော် အ ချင်း ချင်း သ တင်း လွေ့  လွေ့  ပေါင်း ဖက် ကြ ၊ တူ ရာ စု ကြ တာ ပေါ့ ။ အ ကောင်း နဲ့  အ ဆိုး နှစ် ခု မှာ ၊ အ ဆိုး က ပို များ တာ က နိ ယ မ တစ် ခု ပဲ ။ ဒီ တော့ လူ မိုက် အုပ် စု က ပို အင် အား ကောင်း နေ မှာ က တော့ မြေ ကြီး လက် ခတ် မ လွဲ သေ ခြာ နေ ပါ တယ် ။ ဒီ နေ ရာ ကို ထပ် ပြော ချင် တယ် ။ ( လူ မိုက် တွေ က အ မြဲ အင် အား ပို ကြီး တယ် ) ။

အုပ် စု ဖွဲ့  တာ ကို က စိတ် အင် အား နဲ တဲ့ လက္ခ ဏာ ။ တစ် ယောက် ထဲ မ ရပ် တည် နိုင် တဲ့ သူ က ၊ တစ် ယောက် ထဲ နေ ရ တာ စိတ် မ လုံ ခြုံ ဘူး ။ ကြောက် နေ တတ် တယ် ။ အဲ ဒီ သ ဘာ ၀ ရှိ သူ တွေ အ ချင်း ချင်း အုပ် စု ဖွဲ့  နေ တဲ့ သ ဘော က ကြောက် စိတ် ကို အ ပြန် အ လှန် ဖြေ ဖျောက် ကြ တာ ပဲ ။ အ တွင်း မှာ အ မှန် တ ကယ် မ ရှိ တဲ့ စိတ် အ င် အား ကို အုပ် စု ဖွဲ့  ခြင်း ဆို တာ နဲ့  မိ မိ စိတ် ကို လှည့် စား ပေး လိုက် တာ ။ အား မ ရှိ ပေ မဲ့ ခဏ တော့ မေ့ တယ် ။ တစ် ယောက် ထဲ ရှိ နေ ရင် တော့ လည်း ကြောက် စိတ် က သူ တို့  မှာ စိုး မိုး နေ တတ် တာ ပဲ ။ ဘယ် တော့ မှ စိတ် မ ချမ်း သာ ကြ ဘူး ။ လူ တိုင်း ဟာ အ သက် ရှင် နေ ချိန် မှာ ပြု နေ သ မျှ အ မှု အား လုံး ( ကာ ယ ကံ ၊ ၀ စီ ကံ ၊ မ နော ကံ ) တို့  ဟာ ၊ စိတ် ချမ်း သာ ဖို့  ရည် ရွယ် ပြီး လုပ် နေ ကြ တာ ချည်း ပါ ပဲ ။ မိ မိ ဥာဏ် အား ရှိ သ လောက် ၊ ကိုယ့် ဥာဏ် နဲ့  ကိုယ် တန် သ လောက် စိတ် ချမ်း သာ မယ် ထင် တာ တွေ ကို လုပ် နေ ကြ တာပဲ ။

ဓ မ္မ နည်း လမ်း မ ကျ တဲ့ ၊ မိ စ္ဆာ ဇီ ၀ တွေ နဲ့  စိတ် ချမ်း သာ ဖို့  အား ထုတ် ကြ တယ် ။ အုပ် စု နဲ့  အ သွင် တူ သူ တွေ ကြား မှာ လည်း အ ချင်း ချင်း ၊ မာ ယာ တွေ သုံး ပြီး အ ပြန် အ လှန် အ ကျိုး မျှော် ဆက် ဆံ ပြီး ၊ ဟန် ပြ သ ဘော ရီ ကြ မော ကြ နဲ့  စိတ် ချမ်း သာ ယောင် ပြ ကြ တယ် ။

အ တု အ ယောင် စိတ် ချမ်း သာ မှု တွေ က ထာ ၀ ရ မ ဟုတ် ဘူး ။ တစ် ယောက် ထဲ ရှိ နေ တဲ့ အ ချိန် မျိုး မှာ ထင် ရှား လာ တယ် ။ တ ကယ် စိတ် မ ချမ်း သာ ဘူး ။ကြောက် နေ တယ် ။ ဘာ ဖြစ် လို့  လဲ ဆို တော့ ၊ လူ တိုင်း ရဲ့  ပင် ကိုယ် မူ လ စိတ် ( မ နော ၀ိ ညာဉ်) က အ လွန် သန့်  ပါ တယ် ။ သူ ချည်း သက် သက် ဆို ရင် အ ဖြူ ထည် သန့်  သန့်  ပဲ ။ စေ တ သိက် ဆိုး တွေ ဖြစ် တဲ့ ( လောဘ ၊ ဒေါ သ ၊ မော ဟ ) တွေ ရဲ့ ၊ ချယ် လှယ် တာ ကို ခံ ရ တော့ မှ ညစ် နွမ်း သွား တာ။

အဲ ဒီ စေ တ သိက် ဆိုး တွေ ကင်း နေ ချိန် မှာ ၊ အ ဖြူ ထည် သက် သက် မ နော ၀ိ ညာဉ် စိတ် က ၊ အ မှား လုပ် ခဲ့ သ မျှ ကို သိ လည်း သိ တယ် ၊ ချမ်း လည်း မ ချမ်း သာ ဘူး ။ မှား ခဲ့ တာ မှန် သ မျှ ကို ပြန် တွေး ပြီး စိတ် ကို ဆင်း ရဲ စေ တယ် ။ခြောက် လှန့်  နေ တယ် ။ ကြောက် စေ တယ် ။

ဒါ နဲ့  ပဲ အာ ရုံ ရှာ ၊ အုပ် စု ဖွဲ့  ၊ ကိ လေ သာ အာ ရုံ နဲ့  ပြန် ပြီး နေ ၊ လော ဘ ၊ ဒေါ သ ၊ မော ဟ ၊ တွေကြား ထဲ ပြန် သွား ၊ ဒါ နဲ့  ပဲ သံ သ ရာ လည် ကြ ရ တယ် ။

အဲ ဒီ လူ အား လုံး မှာ ကြောက် စိတ် ရှိ တယ် ။ (depression) စိတ် ကျ ရော ဂါ ရှိ နေ တယ်။ ဒီ လို သညာ မ တူ ၊ ဥ ပါ ဒါန် မ တူ ကြ တဲ့ အ တွက် အ ဆင် မ ပြေ မှု တွေ က တော့ အ သက် ရှင် နေ သ မျှ တွေ့  နေ ရ မှာ ပါ ။ ဒီ လို ဆို ရင် မေး စ ရာ ရှိ နေ မယ် ။ ဒီ လူ့  လော က ကြီး မှာ အ ဆင် ပြေ အောင် နေ လို့  မ ရ တော့ ဘူး လား ဆို တဲ့ မေး ခွန်း ပေါ့ ။

ဒါ က မေး ရ မဲ့ မေး ခွန်း ပါ ပဲ ။ အ ဆင် ပြေ အောင် နေ လို့  ရ ပါ တယ် ။
ဒီ နေ ရာ မှာ ဥာဏ် ကိစ္စ ပါ လာ ရ ပြီ ။ ဥာဏ် နဲ့  နေ နိုင် ရင် အ ဆင် ပြေ ပါ လိမ္မယ် ။
ဥာဏ် ဆို တာ က ( အ မော ဟ ) တ နည်း ( ပ ညာ ) ကို ဆို ပါ တယ် ။ ပညာ ဆို တဲ့ ဥာဏ် ဟာ -- သ တိ ကင်း မဲ့ သူ အ တွက် မ ဖြစ် နိုင် ပါ ဘူး ။ သတိ ရှိ သူ တွေ မှ သာ သ တိ နောက် က ထပ် ပြီး တော့ ဥာဏ် ဆို တဲ့ ဆင် ခြင် မှု ပါ လာ နိုင် မယ် ။ သ တိ နောက် က ဥာဏ် သ မ္ပဇည ယှဉ် တွဲ နိုင် ပါ လျှင် အာ ရုံ ဟူ သ မျှ ကို အ မှန် မြင် တတ် လာ မည် ။

ဒါ က လော က ကြီး အ တွင်း အ ဆင် ပြေ အောင် နေ ဖို့  ဘု ရား ပေး ထား သော နည်း ဖြစ် သည် ။ လော က ကြီး အ တွင်း ဥာဏ် ရည် မ တူ သူ များ ကြား တွင် အ ဆင် ပြေ အောင် နေ ထိုင် နိုင် ရန် အ တွက် ( သ တိ ) အ လုပ် ၊ သတိ ပဌာန် တရား တစ် ခု ခု ကို ပူး တွဲ ကျင့် ကြံ အား ထုတ် နေ မှ ဖြစ် ပေ လိမ္မည် ။ ဘယ် အ ဆင့် ၊ ဘယ် နေ ရာ မှ ဘာ ပု ဂ္ဂိုလ် ဆို တာ မ ကျန် နှင့် ဆိုင်သည်။
ယ နေ့  ကမ္ဘာ ကြီး တွင် ဒီ မို က ရေ စီ ကို စည်း ကမ်း ရှိ မှု မ ရှိ မှု ပေ တံ ဖြင့် မ တိုင်း တာ တော့ ။

လူ အ များ ဘယ် လောက် စိတ် ချမ်း သာ သည် ၊ မ သာ သည် နှင့် တိုင်း တာ နေ ကြ သည် ကို ပ ညာ ရှိ သူ အ များ လက် လှမ်း မီ သိ ရှိ နေ ပါ ပြီ ။ စ ကား လုံး ( ပ ညတ် ) ဒီ မို က ရေ စီ မ ဟုတ် ၊ အ နှစ် သာ ရ က လူ တွေ ဘယ် လောက် စိတ် ချမ်း သာ သ လဲ ။ စိတ် ချမ်း သာ မှု များ လေ ၊ ဒီ မို က ရေ စီ စစ် မှန် လေ ပါ ပဲ ။ စိတ် ချမ်း သာ မှု တစ် ခု မျှ မ ရှိ ပါ လျှင် အ ယောင် ဆောင် ဒီ မို က ရေ စီ ၊ စ ကား လုံး ဒီ မို က ရေ စီ ၊ မိစ္ဆာ ဒီ မို က ရေ စီ ၊ သာ ဖြစ် ပါ မည် ။

( စိတ် ချမ်း သာ မှု ပြည့် ၀ သော ဒီ မို က ရေ စီ ) ဖြစ် ရန် ဒီ မို က ရေ စီ ကို တည် ဆောက် မည့် သူ များ ၊ သီ လ ရှိ ရန် အ ဓိ က ဖြစ် သည် ။ ပြီး လျှင် သ မာ ဓိ ရှိ ရ မည် ။ နောက် ပ ညာ ဆို သော လမ်း ကို လျှောက် လှမ်း ဖို့  သ တိ ပ ဌာန် တစ် ခု ခု ကို အ မြဲ အား ထုတ် နေ ဖို့  လို သည် ။

သ ညာ ဥ ပါ ဒါန် တွေ ဘယ် လောက် ကွဲ ကွဲ ။ သီ လ ဖြင့် ညှိ ရ မည် ။
ဇော တွေ မ ပြန် ဖို့  သ မ္မာ သ မာ ဓိ ဖြင့် သိ ရ မည် ။
စိတ် ချမ်း သာ မှု တွေ ရှိ ဖို့  က တော့ သတိ ပ ဌာန် တစ် ပါး ပါး အား ထုတ် ရ မည် ။
စည်း ကမ်း ကို ပါး စပ် နဲ့  ရှိ ပြ မ နေ နဲ့  ။ သီ လ ကို မြဲ အောင် ကိုယ် တိုင် အ ရင် စောင့် ကြည့် လိုက်၊
မ ညီ တာ အား လုံး ကို သီ လ နဲ့  ညှိ လိုက် ။ လူ ကို လူ လို သိ သွား မယ် ။ လူ စိတ် ပေါက်သွား မယ်။

(စိတ် ချမ်း သာ မှု ပြည့် ၀ သော ဒီ မို က ရေ စီ နိုင် ငံ တော် သစ် ကို ရောက် ရှိ ချင် ရင် ၊ ပါး စပ် က ပြော နေ တဲ့ စည်း ကမ်း ပြည့် ၀ သော ကို ၊ ခဏ ဘေး ဖယ် လိုက် ၊ သီ လ ကို သာ မြဲ အောင် အ ရင် စောင့် လိုက် ကြ ပါ လို့  ။ ထေ ရ ၀ါ ဒ ဗု ဒ္ဓဘာ သာ ၀င် အ မည် ခံ သီ လ မ ရှိ သူ အား လုံး ကို အ ကြံ ပြု လိုက် ပါ တယ်)

အ မုန်း မ ပါ (မေတ္တာဖြင့်)
( အ ဘ ယ )

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */