“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 30, 2008

စေ တ နာ မ မှန် သော တံ ခါး ပိတ် ခြင်း ။

( ပြည် ပ အား ကိုး ပု ဆိန် ရိုး ။ အ ဆိုး မြင် ၀ါ ဒီ များ ကို ဆန့်  ကျင် ကြ ) ။

နေ့  တိုင်း ကြား နေ ရ သော ဒီ အ သံ ။ ရေ ဒီ ယို ပဲ ဖွင့် ဖွင့် ၊ တီ ဗီ ပဲ ဖွင့် ဖွင့် ၊ မ ကြား ချင် လို့  မ ရ အောင် ဒီ အ သံ က နေ ရာ တိုင်း မှာ ရှိ နေ သည် ။ နာ ဂစ် ကိစ္စ ဖြစ် လိုက် တော့ လည်း ပြည် ပ ကို အား မ ကိုး ချင် လို့  ဘယ် သူ့  ကို မှ အ ၀င် မ ခံ ပဲ ကိုယ့် ပြည် သူ ကို အ သေ ခံ စေ ခဲ့ သည် ။ ဒါ လား မျိုး ချစ် စိတ် ။ လူ သာ အ ၀င် မ ခံ တာ ။ ဒေါ် လာ နဲ့  ကယ် ဆယ် ရေး ပစ္စည်း တွေ ကို တော့ အဲ ဒီ မျိုး ချစ် ကြီး တွေ က သူ တို့  ကို တိုက် ရိုက် ပေး ဖို့  တောင်း ခဲ့ တယ် ။ တောင်း သ လောက် မ ပေး လို့  တောင် စိတ် ကောက် ပြီး ၊ မ ပေး ချင် နေ ပေါ့ ၊ ဒို့  ဗ မာ တွေ က မြက် စား ပြီး ပဲ အ သက် ရှင် နေ နိုင် သ လို လို နှုတ် ခမ်း တစ် လန် ပန်း တ လန် နဲ့  ရန် တွေ့  လိုက် သေး တယ် လေ ။ ပြည် ပ အား ကိုး ပု ဆိန် ရိုး ကြီး တွေ ။ အ မြဲ ရန် သူ လို ဆက် ဆံ နေ တဲ့ အ မေ ရိ ကန် အ စိုး ရ ရဲ့  အ ကူ အ ညီ ကယ် ဆယ် ရေး ပစ္စည်း တွေ c130 လေ ယာဉ် ကြီး တွေ နဲ့  အပြည့် အ စီး ပေါင်း ရာ ချီ ပြီး ယူ ခဲ့ သေး တယ် ။

ပြည် ပ အား ကိုး ပု ဆိန် ရိုး ကြီး တွေ ။ ကြံ့ ဖွတ် တွေ က ဒါ မျိုး ကို ဘာ ကြောင့် ဘော လုံး ကွင်း ကြီး တွေ ထဲ မှာ စု ဝေး ပြီး ဆန္ဒ မ ပြ တာ ပါ လိမ့် ။ ဒါ ဆို ကျေ နပ် လို့  ပေါ့ ။ ပြည် ပ အာ ကိုး ပု ဆိန် ရိုး ကြံ့ ဖွတ် တွေ ။ လို တ မျိုး မ လို တ မျိုး လုပ် နေ တာ သ ဘော ထား မ မှန် တာ ကို ပြ နေ တာ ပဲ ။

ကိုယ် ကျိုး အ တွက် ပဲ ကြည့် နေ ကြ တဲ့ လူ ယုတ် မာ တွေ က အ ကျိုး အ မြတ် တွေ ကြောင့် ညီ ညွတ် နေ ကြ တယ် ။ မျှ စား ရင်း ညီ ညွတ် နေ ကြ တယ် ။ အ မျိုး သား နိုင် ငံ ရေး လို့  အ သံ ကောင်း ဟစ် ပြီး( ကိုယ် ဆွေ ကိုယ် မျိုး) နိုင် ငံ ရေး လုပ် နေ ကြ တယ် ။


ဒီ နေ ရာ မှာ တံ ခါး ပိတ် တာ နဲ့  ပတ် သက် လို့  ပြော ချင် တယ် ။ ဘင်္ဂါလီ စာ ဆို ကြီး ဖြစ် တဲ့( တ ဂိုး ) ရဲ့  စာ ပိုဒ် တစ် ခု ဖတ် ဖူး တယ် ။( အ ပုတ် နံ့  တွေ ၀င် လာ မှာ စိုး လို့  တံ ခါး တွေ ပိတ် ပြီး ထား မယ် ဆို ရင် လေ ပြေ လေ ညှင်း နဲ့  အ တူ ၀င် ရောက် လာ နိုင် တဲ့ ရ နံ့  သင်း တဲ့ ပန်း ရ နံ့  တွေ ကို လည်း ခံ စား ရှူ ရှိုက် ခွင့် ဘယ် မှာ ရ တော့ မှာ လဲ ) ။

စစ် ခေါင်း ဆောင် တွေ က မြန် မာ လူ မျိုး ကို အ နောက် မုန်း ၊ ၀ါ ဒ ရိုက် သွင်း ပြီး ၊ အ နောက် က စီး ၀င် လာ မဲ့ ခေတ် ရေ စီး ကြောင်း ကြီး ကို အ ပုတ် နံ့  တွေ လှိုင် နေ တဲ့ ၊ အ သေ ကောင် ပုတ် က စီး ၀င် လာ မဲ့ ၊ အ နိ ဋ္ဌာ ရုံ တွေ လို ပြည် သူ ကို ၀ါ ဒ ဖြန့်  ထား တယ် ။ ဘော လုံး ကွင်း တွေ မှာ စု ပြီး ၊ အ င်္ဂ လိပ် ၊ အ မေ ရိ ကန် မ ကောင်း ကြောင်း တွေ ကို အား ရ ပါး ရ အ ပုတ် ချ ပြီး ( ပါ တာ ကို ဖတ် ) စိတ် မ ပါ ပဲ လက် သီး လက် မောင်း တန်း ပြီး ကြွေး ကြော် ကြ ။ ဒါ တွေ လုပ် ဖို့  နိုင် ငံ ရဲ့  ငွေ တွေ ကို ရေ လို အ သုံး ပြု နေ ကြ တယ် ။ ဒါ က တော့ အ ချိန် ကုန် ၊ လူ ပန်း ၊ ငွေ ကုန် အ မျိုး သား နိုင် ငံ ရေး ပါ ပဲ ။

ပြည် သူ ကို သာ တံ ခါး ပိတ် နေ ။ အ ပုတ် နံ့  တွေ ၀င် လာ မယ် လို့  ပြော နေ တာ ၊ အဲ ဒီ စေ တနာ ရှင် ကြီး တွေ က တော့ ဗြောင် ကျ ကျ တံ ခါး ဖွင့် ပြီး ပန်း ရ နံ့  လေး တွေ ရှူ ရှိုက် နေ ကြ လေ ရဲ့  ။ အ နောက် က ထွက် သ မျှ ဇိမ် ခံ ကား ၊ အ စား အ သောက် ၊ GSM PHONE ၊ က အ စ မ စင် စွန့်  တဲ့ အိမ် သာ ရေ ဆွဲ အိုး ၊ ကန် တော့ ပါ ရဲ့  ဗျာ ၊ ချီး ပါ ပြီး ရင် တောင် ဖင် ဆေး ဖို့  ဖင် ဆေး အိုး က အ ဆုံး ၊ အ နောက် က ပစ္စည်း ကို ပဲ မက် တယ် ။ American standard ဆို လား ဗျာ ။ ဒေါ် လာ မက် တာ က တော့ မ ပြော ချင် တော့ ပါ ဘူး ။ သူ တို့  က မြန် မာ ငွေ တောင် မ ကိုင် ကြ ဘူး ။ ဒေါ် လာ နဲ့  ရွှေ ပဲ ကိုင် တာ လေ ။ နှာ စေး တဲ့ ဝေ ဒ နာ လောက် ကို တောင် နိုင် ငံ ခြား မှာ ဆေး သွား ကု တယ် ။ ဈေး ၀ယ် မယ် ဆို ရင် လေ ယာဉ် အ စီး လိုက် နဲ့  Singapore , Bangkok တို့  လို နေ ရာ သွား ပြီး ဈေး ၀ယ် ကြ တယ် ။ ပြည် ပ အား ကိုး ပု ဆိန် ရိုး စစ် စစ် တွေ က သူ တို့  တွေ ပဲ ။

မြန် မာ တိုင်း ရင်း သား တောင် သူ လယ် သ မား တွေ ၊ အ ခြေ ခံ လူ တန်း စား တွေ ၊ အ ဆင့် မြင့် ပ ညာ တွေ မ သင် ကြား နိုင် သူ တွေ ၊ ပြည် ပ နိုင် ငံ တွေ ကို မ ရောက် ဖူး တဲ့ သူ တွေ ဟာ အဲ ဒီ ပိတ် ထား တဲ့ တံ ခါး ရဲ့  အ ပြင် မှာ အ ပုတ် နံ့  တွေ ချည်း ပဲ လို့  ထင် နေ ကြ တဲ့ သူ တွေ တော် တော် များ များ ရှိ နေ ပါ တယ် ။ သင်း ပျံ့  တဲ့ ပန်း ရ နံ့  နဲ့  တူ တဲ့ ။ ပညာ ရေး ။ကျန်း မာ ရေး ။ လူ့  အ ခွင့် အ ရေး ။ နည်း ပညာ ။ စ တဲ့ ကမ္ဘာ့  လူ သား တွေ ထိ တွေ့  ခံ စား ရှူ ရှိုက် နေ ရ တဲ့ လူ သား တို့  အ တွက် ရှိ နေ တဲ့ ခံ စား နိုင် သ မျှ ကို လူ သား တွေ ဖြစ် နေ ပါ လျှက် နဲ့  ၊ ခံ စား သိ ရှိ ခွင့် မ ရ ကြ ပဲ ၊ လူ့  ဘ ၀ ကြီး ကို အ ဆုံး သတ် သွား နေ ကြ ရ တယ် ။ မွေး ပြီး သေ သွား ကြ တယ် ။ ဘာ မှ သိ ခွင့် မ ရ ခဲ့ ကြ ဘူး ။ သူ တို့  ပြော တာ ယုံ ၊ သူ တို့  ကို ကယ် တင် ရှင် လို ထင် ၊ သူ တို့  ခိုင်း တာ လုပ် ပြီး သူ တို့  ပေး တဲ့ မ သေ ရုံ လူ့  အ ခွင့် အ ရေး လေး နဲ့  ပဲ လူ့  ဘ ၀ ကို ဒါ ကံ ပေး တဲ့ ဘ ၀ ပါ ပဲ ဆို ပြီး နေ ထိုင် ရင်း လူ မှု ဒုက္ခ အသီး သီး ကို ဆိုး ၀ါး စွာ ခံ စား ရင်း ဘ ၀ ကို အ ဆုံး သတ် နေ ကြ ရ တယ် ။

အဲ ဒီ ထဲ မှာ brainwash အ လုပ် ခံ ထား ရ တဲ့ အောက် ခြေ တပ် မ တော် သား တွေ ပါ ၊ အ ပါ အ ၀င် ပေါ့ ။ အင်္ဂ လိပ် ၊ အ မေ ရိ ကန် ကို မုန်း နေ ရ မယ် ။ ရန် သူ လို့  သတ် မှတ် ထား ရ မယ် ။ တိုင်း ပြည် ကို ဖျက် မဲ့ သူ တွေ လို့  အ ရိုး စွဲ နေ ရ မယ် ။ ကိုယ့် ကိုယ် ကိုယ် တော့ တိုင်း ပြည် ကို ကယ် တင် နေ တဲ့ ကယ် တင် ရှင် တွေ လို သွေး နား ထင် ရောက် အောင် လုပ် ပေး ထား တယ် လေ ။ ဒါ မှ သေ ခိုင်း လို့  ရ မှာ ကိုး ။ သ နား စ ရာပါ ပဲ ။ ခြေ ပြတ် လက် ပြတ် ဖြစ် တော့  သူ တောင်း စား ဖြစ် ကြ ရ ပြန် တယ် လေ ။

အ ဆိုး ဆုံး က ၊ တ နွယ် ငင် တ စင် ပါ လုပ် ရပ် ပဲ ။ အင်္ဂလိပ် ၊ အ မေ ရိ ကန် မုန်း အောင် ရိုက် သွင်း ထား တဲ့ ၀ါ ဒ နဲ့ တွဲ စပ် ပြီး ၊ ကျ နော် တို့  ရဲ့  အ မေ ဒေါ် အောင် ဆန်း စု ကြည် ကို ၊ ရိုင်း ပြ တဲ့ ၊ ( ကု လား မ ၊ ကု လား မ ယား ) ၊ ဆို တဲ့ အ သုံး အ နှုံး တွေ နဲ့  ဆိုင်း ဘုတ် အ မဲ တပ် ပြီး ၊ သင်း ပျံ့  တဲ့ အ မေ စု ရဲ့  အ ရည် အ ချင်း တွေ ကို မျှ ဝေ ရှူ ရှိုက် ခွင့် မ ရ အောင် တံ ခါး ပိတ် လိုက် တာ ပဲ ။ မ ဖွင့် နဲ့  ဒီ ( ကု လား မ ) ဆီ က အ ပုတ် နံ့  တွေ ရှူ မိ နေ မယ် ဆို သ လို မျိုး ပေါ့ ဗျာ ။ ၀မ်း နည်း စ ရာ ကောင်း ပါ တယ် ။ တိုင်း ပြည် ကို အ ဆင့် မြင့် အောင် မြှင့် တင် ပေး နိုင် တဲ့ သင်း ပျံ့  တဲ့ အ တတ် ပညာ တွေ ၊ နိုင် ငံ တ ကာ ဆက် ဆံ ရေး တွေ ၊ ကမ္ဘာ က လေး စား ရ တဲ့ နို ဘယ် ဆု ရှင် ဆို တဲ့ ဂုဏ် သိ က္ခာ တွေ ၊ စ တဲ့ တန် ဖိုး ကြီး မား တဲ့ နတ် ပန်း ရဲ့  ရ နံ့  ကို မ ရှူ ရှိုက် ရ လေ အောင် တံ ခါး ပိတ် ထား တာ ပဲ ။ ကြောက် စိတ် နဲ့  ပိတ် ထား တဲ့ တံ ခါး ရဲ့  အ တွင်း မှာ မြန် မာ ပြည် သူ ပြည် သား တွေ အ သက် ရှူ ကြပ် ပြီး သေ လု ဆဲ ဆဲ ဖြစ် နေ ကြ ရ ပြီ ။ တ ချို့  က တော့ သေ ကုန် ကြ ပါ ပြီ ။ ကျန် တဲ့ သူ တွေ ကို ကျ နော် တို့  ဒီ အ တိုင်း ကြည့် နေ ရ မှာ လား ။

ဒီ နေ ရာ မှာ ယ နေ့  ပညာ တတ် အာ ဇာ နည် တို့  ရဲ့  အ ခန်း က ဏ္ဍ က ပါ ၀င် မှ ရ တော့ မှာပါ ။တိုင်း ပြည် ၊ လူ မျိုး အ တွက် ၊ မ ဖြစ် မ နေ အ ရေး တ ကြီး လုပ် ဖို့  လို ပါ တယ် ။

အ သိ အ မြင် နည်း ပါး နေ တဲ့ ကျ နော် တို့  ပြည် သူ တွေ ကို မျက် စိ ဖွင့် ပေး ရ မယ် ။ ပိတ် ထား တဲ့ တံ ခါး ကို ဖွင့် ပေး ရ မယ် ။ တ မျိုး သား လုံး မျက် စိ မ ပွင့် ရင် ကျ နော် တို့  မ အောင် မြင် နိုင် ဘူး ။ မီ ဒီ ယာ ရဲ့  အ ခန်း ကဏ္ဍ က အ ရေး တ ကြီး ပါ ၀င် လာ ရ ပါ ပြီ ။

ရှင်း အောင် တစ် ခု ပြော ပါ ရ စေ ။ မီ ဒီ ယာ ဆို ရာ မှာ စာ ပေ ဖတ် မှ ၊ ရုပ် သံ ကြည့် ရ မှ ဆို ရင် လည်း အ လွန် အောင် မြင် ဖို့  နှေး ကွေး နေ မှာ ပါ ။ စာ ဖတ် နိုင် သူ တွေ ၊ ရုပ် သံ တွေ ၊ အင် တာ နက် တွေ ကို လက် လှမ်း မီ သူ တွေ က ၊ လက် လှမ်း မ မီ သူ တွေ ကို နိုင် သ လောက် တာ ၀န် ယူ ပြီး ၊ ပြော တဲ့ အ လုပ် ( စ ကား ပြော ခြင်း အ လုပ် ) ကို လုပ် ကြ ရ မှာပါ ။ လုပ် မှ ကို ဖြစ် မှာ ပါ ။

ကိုယ့် အ ချင်း ချင်း လေ့ လာ ဆက် သွယ် ရ ယူ ထား တဲ့ information ကို manual သ ဘော မျိုး နဲ့  စ ကား ပြော ဖြန့်  ချိ ရ မှာ ပါ ။ တ နေ့  ကုန် သွား တိုင်း ဘယ် နှစ် ယောက် ကို ဘယ် လောက် မျက် စိ ဖွင့် ပေး နိုင် ခဲ့ သ လဲ ။ ဒီ မေး ခွန်း ကို လည်း နေ့  တိုင်း ပြန် မေး ဖို့  လို ပါ လိမ့် မယ် ။ မြန် မာ့ နည်း မြန် မာ့ ဟန် နဲ့  ချီ တက် ရ မဲ့ ( I T ) စံ နစ် လို့  ပဲ ဆို ကြ ရ အောင် ။ ယုံ ယုံ ကြည် ကြည် ဇွဲ ရှိ ရှိ လုပ် ပါ ။ အ ခက် အ ခဲ တွေ အ များ ကြီး တွေ့  ပါ လိမ့် မယ် ။ အ တွေ့  အ ကြုံ က အာ ဇာ နည် တို့  ကို ရင့် ကျက် စေ ပါ လိမ့် မယ် ။ အ သိ အ မြင် နည်း ပါး သူ များ နဲ့  စံ နစ် ကောင်း တစ် ခု ကို အ တူ ချီ တက် ဖို့  မှာ အ တော် ခက် ပါ တယ် ။ အ မျိုး ကို ချစ် သော အာ ဇာ နည် အ ပေါင်း ရဲ့  ပံ့ ပိုး ပါ ၀င် မှု လို အပ် ပါ တယ် ။ ပိတ် ထား တဲ့ တံ ခါး အ ပြင် က သင်း ပျံ့  တဲ့ ပန်း ရ နံ့  လေး တွေ ကို နည်း ပေါင်း စုံ နဲ့  အ တွင်း က လူ တွေ သိ ရှိ ရှူ ရှိုက် ခွင့် ရ အောင် အ မျိုး သား ရေး တာ ၀န် တစ် ရပ် အ နေ နဲ့  တံ ခါး ဖွင့် တဲ့ အ လုပ် လုပ် ကြ ရ အောင် ။

စိတ် ရှည် ပါ ၊ သည်း ခံ ပါ ၊ ဇွဲ ရှိ ပါ ။ တ နေ့  မှာ ကျ နော် တို့  မြန် မာ ပြည် သူ တွေ ၊ အ မေ ဒေါ် အောင် ဆန်း စု ကြည် ရဲ့  သင်း ပျံ့  တဲ့ စစ် မှန် သော ရ နံ့  ကို ရှူ ရှိုက် ခွင့် ရ ကို ရ ရ မယ် ဆို တဲ့ ယုံ ကြည် ချက် ၊ စေ တ နာ နဲ့  နိုင် သ လောက် တာ ၀န် ကို အာ ဇာ နည် တိုင်း က ယူ လိုက် ကြ မယ် ဆို ရင် မ ဝေး သော အ နာ ဂါတ် တွေ မှာ ယဉ် ကျေး သော လူ့ အ ဖွဲ့  အ စည်း ကြီး တစ် ခု မြန် မာ ပြည် မှာ မ လွဲ မ သွေ ပေါ် ပေါက် မ လာ နိုင် ဘူး လို့  ဘယ် သူ ပြော နိုင် မှာ လဲ ခင် ဗျာ ။ ( စိတ် ဓါတ် မ ကျ တဲ့ အ နာ ဂတ် တိုင်း မှာ အောင် မြင် မှု ရှိ တယ် ) ( တစ် ယောက် မှ သည် အ များ ဆီ သို့  manual မီ ဒီ ယာ ဖြင့် တွဲ စပ် ကြ ပါ စို့  )

( မြန် မာ့ နည်း မြန် မာ့ ဟန် မြန် မာ့ မီ ဒီ ယာ ဖြင့် မြန် မာ ပြည် ကို ကယ် ကြ ပါ စို့  )

အ ဘ ယ

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */