“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, July 27, 2008

တ နေ့  ခွဲ ကြ ရ မှာ ပါ ။

ခွဲ ရ မှာ ခြင်း တူ တူ ၊ ရန် သူ ဖြစ် ပြီး ၊ မုန်း ကွဲ မ ကွဲ ကြ စေ ချင် ။

ချစ် ခင် လေး စား အပ် သော တစ် လှေ တည်း စီး အာ ဇာ နည် မိတ် ဆွေ အ ပေါင်း တို့  ခင် ဗျား ။ ချစ် ခင် လေး စား မှု များ စွာ ဖြင့် ညီ ညွတ် ရေး စ ကား လေး ပြော ခွင့် ပြု ပါ ။

သဗ္ဗေ သင်္ခါ ရာ အ နိစ္စာ ။ အ လုံး စုံ သော ပြု စီ ရင် အပ် သည့် သင်္ခါ ရ တ ရား တို့  သည် မ မြဲ သော သ ဘော ရှိ ကြ ကုန် ၏ လို့  ဘု ရား ဟော ရှိ ပါ တယ် ။ အ လုပ် ဟူ သ မျှ မ မြဲ ဘူး လို့  တိ တိ ကျ ကျ ကို ဟော ထား တာ ပါ ။ လူ နဲ့  လူ့  ပတ် ၀န်း ကျင် ကြီး ထဲ မှာ ၊
လူ တစ် ဦး နဲ့  တစ် ဦး ရဲ့  ခင် မင် ရင်း နှီး မှု တွေ ၊ ချစ် ချင်း တွေ ၊ ပူး တွဲ လုပ် ဆောင် နေ ကြ ရ တဲ့ အ လုပ် တွေ အား လုံး က လည်း ၊ ဘု ရား ရှင် ဟော ကြား ခဲ့ တဲ့ ဒေ သ နာ အ ရ သင်္ခါ ရ တ ရား တွေ ပဲ ဖြစ် တာ မို့  မ မြဲ သော သ ဘော လည်း ရှိ ပါ တယ် ။ အ ကြောင်း ရှိ သ လောက် အ တူ ရှိ နေ ၊ ဆက် ဆံ နေ ရ ပေ မဲ့ ၊ အ ကြောင်း ကုန် သွား ရင် တော့ ဆက် ဆံ ခွင့် မ ရ နိုင် တော့ ပါ ဘူး ။ ဒါ ကြောင့် ပဲ စာ ရေး ဆ ရာ တွေ က ရေး ကြ တယ် လေ ။
ချစ် ခင် ပေါင်း သင်း ဆက် ဆံ ခြင်း က ကွေ ကွင်း နောက် ဆုံး ရှိ ရ လေ သည် တဲ့ ။
အဲ ဒါ က နိ ယာ မ ပါ ပဲ ။ အား လုံး က အ နိ စ္စ တ ရား တွေ ပဲ မ ဟုတ် ပါ လား ခင် ဗျာ ။
ဘယ် မှာ မြဲ နိုင် ပါ့ မ လဲ ။ သေ ကွဲ ၊ ရှင် ကွဲ ၊ ချစ် လျက် ခင် လျက် နဲ့  ကွဲ ၊ မုန်း ပြီး ကွဲ ။
ကွဲ ကြ မှာ က သေ ခြာ နေ တယ် ။ အ ခု ချစ် တုန်း ခ ဏ တာ ပါ ပဲ ။ သေ ခြာ အောင် ပြော ရ ရင် ၊ မ ကွဲ ခင် ခ ဏ လေး ။ အဲ ဒီ ထဲ က မုန်း ပြီး ကွဲ တာ မ ဖြစ် အောင် ဆု တောင်း ပါ တယ် ။ ကွဲ တတ် တယ် ဆို တဲ့ အ သိ လေး နဲ့  လူ တွေ ကို ကျွန် တော် ပေါင်း ပါ တယ် ။ ဒါ မှ ကွဲ ရ ရင် လည်း ၀မ်း မ နည်း ၊ ဒေါ သ မ ဖြစ် ရ ဘူး ပေါ့ ။ မိ ဘ နဲ့  သား သ မီး တွေ ၊ ညီ အ ကို မောင် နှစ် မ တွေ ၊ သွေး သောက် ရောင်း ရင်း တွေ နဲ့  ခွဲ ရ လည်း ဒီ လို အ သိ လေး နဲ့  ဆက် ဆံ နေ ခဲ့ ရင် ၊ ကွဲ မယ် ဆို တဲ့ အ သိ က ရှိ နေ ပြီး သား မို့  ဆင်း ရဲ ကြောင်း သက် သာ ပါ တယ် ။ ဒေါ သ လည်း မ ဖြစ် ရ တော့ ဘူး ။ အော် x ကွဲ တတ် သော သ ဘော ကြောင့် ကွဲ သွား တာ ပါ လား ပေါ့ ။ ဖြစ် ကြော လည်း မ ရှည် တော့ ဘူး ။ ဒို့  တွေ တစ် နေ့  ကွဲ ရ မယ် ။ ရန် သူ ဖြစ် ပြီး မုန်း ကွဲ မ ဖြစ် ဖို့  သ တိ ရှိ ရ မယ် ။

ဂုဏ် ကြောင့် ငွေ ကြောင့် ရာ ထူး ကြောင့် အာ ဏာ ကြောင့် ၊ ဘာ ကြောင့် ညာ ကြောင့် တွေ နဲ့  လူ တွေ ဟာ ပျာ ယာ ခတ် နေ ကြ တယ် ။ သူ တ ပါး အ ထင် ကြီး မှု ကို လည်း ခံ ချင် ကြ တယ် ။တောင့် တ ကြ တယ် ။ အ ထင် သေး ခံ ရ မှာ ကို စိုး ရိမ် တဲ့ အ တွက် အ ကာ အ ကွယ် ယူ ပြီး စ ကား ပြော တတ် ကြ တယ် ။ ရာ ထူး ဂုဏ် သိန် ၊ အာ ဏာ စည်း စိမ် ၊ စ တဲ့ ခွန်အား တွေ ကို တန် ဖိုး ထား ပြီး ခွန် အား တွေ ရဲ့ ရှေ့ မှောက် မှာ လူ စိတ် ပျောက် ပြီး ဦး ညွတ် တတ် ကြ တယ် ။လော က ကြီး မှာ ခွန် အား ရှိ ချင် လို့  ၊ အဲ ဒီ ခွန် အား တွေ ရဲ့ ရှေ့ မှာ ဒူး ထောက် နေ တဲ့ သူ တွေ များ နေ တယ် ။ သစ္စာ ဖေါက် လောက် ကောင် တွေ က ၊ တိ ရ စ္ဆာ န် ဆန် တဲ့ အ ပြု အ မူ တွေ နဲ့  ခွန် အား ရှိ ဖို့  အဲ ဒီ လို မ ရှက် မ ကြောက် ပြု မူ နေ ကြ တယ် ။တော် လှန် ရေး ကာ လ မှာ ရန် သူ က နှ ဖူး မှာ စာ မ ရေး ထား ဘူး ။ အဲ ဒါ ကို အ မြဲ သ တိ ရှိ နေ ဖို့  လို ပါ တယ် ။ ဘာ ပဲ ဖြစ် ဖြစ် အ ရေး ကြီး တာ က ရဲ ဘော် ရဲ ဘက် အ ချင်း ချင်း တွေ ရဲ့ အ တွင်း မှာ ၊ ကိုယ့် ရဲ့ ယုံ ကြည် ချက် တွေ ၊ ကိုယ့် အ ရေး တွေ ကို ရှေ့ တန်း တင် ပြီး အား ပြိုင် တတ် တဲ့ အ တ္တ ကို သ တိ ထား ကြ ရ မယ် ။ သွေး ခွဲ မဲ့ သူ ယုတ် မာ တွေ ကို သ တိ နဲ့  ရှောင် ကြ ရ မယ် ။ သူ တို့  က ညီ ညွတ် မှု တွေ ပြို ကွဲ အောင် အ မြဲ ပဲ စံ နစ် တ ကျ အင် နဲ့  အား နဲ့  အ ကြံ အ စည် များ များ နဲ့  အ ချိန် တိုင်း သွေး ခွဲ ဖို့  ငွေ ကြေး တွေ ၊ အ ခွင့် အာ ဏာ တွေ နဲ့  ဖျား ယောင်း နေ ကြ တယ် ။ ဒါ့ ကြောင့် ပ ညာ ရှိ တဲ့ အာ ဇာ နည် ရောင်း ရင်း အ ပေါင်း တို့ ၊ ပန်း တိုင် မ ရောက် မီ ၊ အ သက် ရှင် နေ ချိန် ၊ မ ကွဲ ကွာ ကြ ရ သေး ခင် လေး မှာ သ ဘော ထား မှန် မှန် လေး နဲ့  မေတ္တာ ရှေ့ ထား ပြီး ၊ ချစ် ချစ် ခင် ခင် အ ပြု သ ဘော ဆောင် တဲ့ ဆက် ဆံ ရေး များ နဲ့  ၊ လူ့  အ ဖွဲ့  အ စည်း ကို အ တူ တ ကွ ၀ိုင်း ၀န်း လက် တွဲ ပြီး ၊ အ ကျိုး ပြု မြှင့် တင် ဖို့ ၊ မျှ ဝေ ခံ စား ကြ ဖို့  ကို ပဲ ၊ စိတ် ဓါတ် ခိုင် မာ စွာ ဖြင့် ၊ အ စဉ် ထာ ၀ ရ အာ ရုံ ပြု ပြီး ၊ အ သံ ပြု သည် ပဲ ဖြစ် ဖြစ် ၊ အ လုပ် လုပ် သည် ပဲ ဖြစ် ဖြစ် ၊ တစ် သံ ထည်း ထွက် ပြီး ၊ ညီ ညီ ညွတ် ညွတ် လုပ် ဆောင် နိုင် ဖို့  ကို သာ အ မြဲ သ တိ ချပ် စေ ချင် ပါ တယ် ။ အ န္တ ရယ် ရှိ နေ တာ ကို မြင် နေ ရင် လည်း သ တိ ပေး ကြ ၊ ကယ် တင် ကြ ၊အ ချင်း ချင်း ဖေး မ စောင့် ရှောက် ပေး ကြ ပါ ။၊

တိုင်း တ ပါး နယ် ချဲ့  ထက် ဆိုး ၀ါး လှ တဲ့ ၊ အာ ဏာ ရူး သူ ယုတ် မာ ၊ အ မျိုး ဖျက် ၊ ဘာ သာ ဖျက် ၊ သာ သ နာ ဖျက် ၊ တိုင်း ပြည် ဖျက် ၊ မိစ္ဆာ ဒိ ဋ္ဌိ စစ် အုပ် စု လက် အောက် မှ ၊ တိုင်း ရင်း သား ပြည် သူ အ ပေါင်း လွတ် မြောက် ရေး ရ ရှိ ပြီး ၊ စစ် မှန် သော လွတ် လပ် ရေး တိုက် ပွဲ ကြီး ၊ ပြီး မြောက် အောင် မြင် သည် အ ထိ ၊ဆက် လက် ပြီး လုပ် ဆောင် ကြ ရ အောင် လား ခင် ဗျာ လို့  တော် လှန် ရေး သ တိ ပေး ပါ ရ စေ ။ ( အာ ဇာ နည် အား လုံး ကို လေး စား ဦး ညွတ် ပါ တယ် ။ ပန်း တိုင် ရောက် သည် အ ထိ လက် တွဲ မ ဖြုတ် ပါ ၀င် စေ ချင် ပါ တယ် )

ရ တောင့် ရ ခဲ သော လူ့  ဘ ၀ ခ ဏ တာ လေး အ တွင်း ၊ လူ ပီ သ သော စိတ် တို့  ဖြင့် လူ သား တို့  ချမ်း သာ ရေး ကို ရှေး ရှု သော သ မိုင်း ကောင်း များ ကို ရေး ရင်း ၊ တစ် ဦး စီ ၊ တစ် နေ ရာ စီ နေ ပြီး ၊ ကိုယ် ကျိုး မ ပါ ၊ ဘ၀ ကို ပေး ဆပ် နေ ကြ သော ကိုယ် ကျိုး စွန့်  အာ ဇာ နည် အ ပေါင်း ၏ ၊ ညီ ညွတ် ရေး ၊ လုံ ခြုံ ရေး ၊ ကို ဦး တည် ကာ အ မြဲ သ တိ ရှိ ကြ စေ ရန် ရည် သန် လျက် ။ ဆု တောင်းx ( ရန် သူ ဖြစ် ပြီး ၊ မုန်း ကွဲ မ ကွဲ ကြ ပါ စေ နဲ့ )
(အ ဘ ယ)

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */