ဘုရား..ဘုရား..သန်းရွှေ ရဲ့ မြေးမျောက်မုးလဲ..ခြေယားနေပြီထင်တယ်။ ဘော ကန်ချင်နေတယ်။ ကောင်းကောင်း မကောင်း ကောင်း တော် တော် မတော်တော်..သူ ခြေချည်းဘဲ။ .ရံပုံငွေ..ဘမ်းပြ..အမှန်က..သူမြေး..နံမည်ရချင်တဲ့ပွဲ..
နာဂစ်ရန်ပုံငွေ အာဆီယံ-မြန်မာ ဘောလုံးပွဲ မြန်မာနိုင်ငံ၌ ကျင်းပရန်စီစဉ်
ကိုသက် ဇူလိုင် ၃၊ ၂၀၀၈
နာဂစ်မုန်တိုင်းရန်ပုံငွေ အာဆီယံ-မြန်မာ ဘောလုံးပွဲများကို လာမည့် အောက်တိုဘာလ၌ ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သည့် တနင်္ဂနွေနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ပြုလုပ်သည့် အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကောင်စီ အစည်းအဝေးတွင် မြန်မာဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က နာဂစ် ရန်ပုံငွေဘောလုံးပွဲများပြုလုပ်ရန် ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အစည်းအဝေးတက်ရောက်သည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် သဘောတူညီမှုရကာ အစီအစဉ်များကို ဇူလိုင်လအတွင်း အတည်ပြုဆုံးဖြတ် သွားမည်ဟု ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ ၎င်းအစည်းအဝေး၌ ဦးဇော်ဇော်က နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘောလုံးအဆောက်အဦများနှင့် စပ်လျင်း၍လည်း တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု မြန်မာ့အလင်းသတင်းစာက ဆိုသည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီကလည်း ကောင်စီအဖွဲ့ဝင်နိုင်ငံများရှိ ဘောလုံးသမား အနည်းဆုံး တဦး (သို့မဟုတ်) ၂ ဦးစီ ရန်ကုန်သို့စေလွှတ်ကာ မြန်မာ့လက်ရွေးစဉ်ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးပွဲစဉ်များ ကစားရန် အကြံပြုခဲ့သည်။
အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီ ဥက္ကဌ က “ရန်ပုံငွေ သီခြားထောက်ပံ့မှုတွေကိုလည်း ကျနော်တို့ရဲ့ ချစ်ကြည်ရေးပွဲတွေ မစခင်မှာ အတည်ပြုနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု အစည်းအဝေး၌ ပြောဆိုသည်။
အာရှဘောလုံးအဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ နှစ်သိန်းခွဲ၊ အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီက ဒေါ်လာ ငါးသောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ကိုပံ့ပိုးကူညီရန် စီစဉ်ထားကြောင်း သိရသည်။
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဘောလုံးကွင်းများနှင့် အဆောက်အဦများပြုပြင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က အမေရိကန်ဒေါ်လာ တသိန်း၊ တောင်ကိုးရီးယားဘောလုံးအဖွဲ့ချုပ်က ဒေါ်လာ သုံးသောင်း မြန်မာဘောလုံးအဖွဲ့ချုပ်ကို လှူဒါန်းမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
Friday, July 04, 2008
သူရဲ့ ရွေမြေးကလေးကို ပွဲထုတ်ချင်နေတဲ့ပွဲ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment