
အာဇာနည်အပေါင်းတို့ ခင်ဗျား
ကျွန်တော်တို့ ဟာ ဗမာပြည် လွတ်မြောက်ရေးအတွက် နည်းမျိုးစုံ ဖြင့်စွမ်းဆောင်နေကြတဲ့ အာဇာ နည်လူငယ်များဖြစ်ပါတယ် ။ ကျွန်တော်တို့  ရဲ့ အာဇာနည် ရဲဘော် သုံး ဦးဟာခုဆိုရင် မိုင်၃၀၀၀ လျှောက် နေတာ ၅လနီးပါး ရှိသွားပြီဖြစ်ပြီး မိုင်ပေါင်း ၂၈၀၀ ကျော်ကို ခက်ခဲတဲ့ နှင်းတော၊ မုန် တိုင်း၊ မိုးပြင်း၊ နှင့် ကျယ်ပြောရှည်လျား လှသော ကန္တာရ ခရီးကြားမှ နေ့ စဉ် ၂၅ မိုင် မှ ၃၀ မိုင်နှုန်း လျှောက် လှမ်း ခဲ့ပြီး ဖြစ်ပါတယ်။
မကြာမီ အချိန်အတွင်း နယူးယောက်မြို့ ရှိ ရုံးတော်ဆိုက်တည်ရာ ဖြစ်သော အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး သို့ နံနက် ၀၈ စက္ကန့်  ၀၈ မိနစ် ၀၈ နာရီ ၀၈ ရက် ၀၈ သြဂုတ်လ ၂၀၀၈ အရောက်ချီတက်ပြီး ပြည်သူလူထုထံမှ ၅လကျော်ကောက်ခံရရှိသော ပြည် သူ့ ဆန္ဒ စာတမ်း ကို ကိုအေသင်၊ကိုဇော်မင်းထွေးနှင့် ကိုဥက္ကာ တို့  မှသွားရောက်ပို့ ဆောင်မည်ဖြစ်သောကြောင့် ကျန်ရှိ နေသေးသော ရက်အတွင်း ၃၀၀၀ မိုင်ခရီးရှည် ချီတက်နေခြင်း နှင့် ပတ်သက်၍ မသိရှိသေး သူများသော်၎င်း သိရှိပေမယ့်လည်း အချိန်အခါ မအား လပ် မကြုံကြိုက်၍ လက်မှတ်မထိုးနိုင် သောသူ များအား၎င်း တိုင်တည်လျက် ကမကထပြု၍ မိမိတို့ ရင်တွင်း ဆန္ဒအတိုင်း လက်မှတ် များ ထိုးပေးကြပါရန် ကျွန်တော့ အနေနှင့် ရင်းနှီးစွာ အာဇာနည် အပေါင်းအား တောင်းဆိုလိုက်ပါသည် ခင်ဗျား။
ဗမာဘာသာဖြင့် ၃၀၀၀ မိုင် ခရီးရှည်ဘလော်ခ် သို့ လည်ပတ်လိုပါက
http://88portland.blogspot.com/
အင်္ဂလိပ် ဘာသာဖြင့် ၃၀၀၀ မိုင် ခရီးရှည် မှတ်တမ်းတင်ဓါတ်ပုံနှင့် သတင်း ဖတ်ရှုလိုပါက http://88portland.wordpress.com/
လက်မှတ်ထိုးပေးရန်လိပ်စာက တော့
http://www.petitiononline.com/walkfree/petition.html
ညီအကို အာဇာနည် အပေါင်းကို ကျေးဇူး အထူးတင်ရှိပါကြောင်း
ဒေါင်းတမာန်
ညီအကို အာဇာနည် အပေါင်းကို ကျေးဇူး အထူးတင်ရှိပါကြောင်း
ဒေါင်းတမာန်

0 comments:
Post a Comment