“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Wednesday, July 16, 2008

ရေများရင် ရေနိုင်..မီးများရင်မီးနိုင်..ငွေသာပေး ဘယ်သူတရားနိုင်?

မောင်ဝိတ်ကို ရုံးထုတ်

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 15:57 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မူးယစ်ဆေးဝါးသုံးစွဲ ဖြန့်ဖြူးမှုဖြင့် စွပ်စွဲခံထားရသော စီးပွားရေး လုပ်ငန်းရှင်ကြီး မောင်ဝိတ်ကို ယနေ့ တွင် အင်းစိန်ထောင်အတွင်း အထူးတရားရုံး၌ စတင်စစ်ဆေးခဲ့သည်။

ထောင်အနီးလုံခြုံရေးများ တိုးမြှင့်ချထားပြီး ယနေ့ နံနက် ၉ နာရီခွဲမှသည် ၂ နာရီကျော်ကြာ ပြုလုပ်သော တ ရားခွင် တွင် အစိုးရသက်သေ အချို့ကို မေးမြန်းမှုများ ပြုလုပ်သွားခဲ့သည်။

အမှုဆိုင်နေရသူ အသက် ၃၅ နှစ်အရွယ် မောင်ဝိတ်နှင့် မိသားစု ကုမ္ဗဏီလိမိတက်၏ မန်းနေးဂျင်း ဒါရိုက် တာနှင့်အတူ အမှုတွဲ ၆ ဦးတို့၏ ဆွေမျိုး မိတ်သင်္ဂဟအချို့လည်း ထောင်သို့ လာရောက်ကြရာ လင်ခရူဆာကား ချည်း ၄ စီးအပါအ၀င် ကားအကောင်းအစားများဖြင့် ထောင်အနီး ထူးခြား စည်ကားနေခဲ့သည်။

သို့သော် စိတ်ကြွဆေးပြားများ သုံးစွဲမှုဖြင့် အစောပိုင်းက ပတ်သက်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (အငြိမ်းစား)၏ သားဖြစ်သူ အောင်ဇော်ရဲမြင့်ကတော့ ၀က်ထီးကန် မူးယစ်ဆေးဖြတ်စခန်းမှသည် နေအိမ်သို့ ပြန်ရောက်လာပြီ ဖြစ်သည်ဟု သိရသည်။

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */