ဂမ်ဘာရ်ီလာပြန်ပြီတဲ့…
ဘန်ကီမွန်း အမြန်ဝင်တွန်းမတဲ့
ရေတပ်တွေနဲ့  အသေနှက်လေမတဲ့။
NLD ပြန်တွယ်မည်တဲ့
CRPP ညီညာညာချီပြီတဲ့
ပြည်ပကလူတွေလည်း ခြေကြွခမယူပဲလာဦးမတဲ့လေ။
မျှော်လိုက်ရတာလည်ပင်းတွေခမျာ
အီဖယ်မျှော်စင်ကြီးလို…
နေပြည်တော်ရောက်သွားတဲ့ သစ်ကုလားအုပ်ကြီးလို…
တကယ်တော့ ရွှေဥထွက်တဲ့ငန်းလိုပါ.
ခေါင်းလေးတခါခါနဲ့ အလှီးခံဖို့ အဆင်သင့်။
ပြီးတော့လည်းလေ..
ဈေးဦးမပေါက်သေးတဲ့အပျက်မ အငတ်လေး
ဟိုဟိုဒီဒီငေးနေမိသလိုပေါ့
ကျွန်တော်တို့ ပြည်သူတွေခမျာမှာလေ...
နောက်ဆုံးတော့လည်းရေစိုဆန်စားဖို့ 
ဒီမုဒိမ်းသမားဆီပဲ ကော့ကော့ပေးလိုက်ရတာအမော
သူကလည်း ငေါ့ငေါ့ဆွဲတယ်ဟ
စိတ်ကြမ်းလူကြမ်းတပ်ချုပ်ကြီးဆိုတော့။
ဗိုလ်ချုပ်ရေ…အဖေရေ…
အဖေအောင်ဆန်းရေ…
သားတို့ သမီးတို့ မမြင်ဘူးလိုက်တဲ့အဖေရေ
အဖေပြောခဲ့တဲ့ဟိုနိုင်ငံကြီးလေ
သူတို့ တွေ အဖေ့စကားအတိုင်း
မဖြစ်ဖြစ်အောင် ၀ိုင်းကြိုးစားနေလိုက်ကြပုံများ
ထနိုင်ရင် ထကြည့်ပါဦးလားအဖေရယ်။
အဖေ့သားတွေသမီးတွေ…
ကန်သင်းရိုးပေါ်ပက်လက်ကလေးခွေလို့ ….
အမည်တောင် မဖော်ရဲသောယနေ့ ခေတ်စာဆို
“ဘယ်နှစ်နှစ်မြောက်မှန်းသေချာမသိတော့တဲ့…
အမေ့ကိုရဖို့  အဖေတို့ ကို ….အဖေ့ညီအကိုတွေဝိုင်းရှင်းလိုက်တဲ့နေ့ အတွက်ပေါ့”
မှတ်ချက်.။ ။ အမည်မသိစာဆို ပေးပို့ လာတာပါ. ကျနော်လည်းဝမ်းနည်းပါတယ်ဗျာ. ကျနော်တို့ရဲ့ ညံ့ချက်တွေ..ပျော့ချက်တွေ..မှန်ထဲမှာ ထင်းကနဲ တွေ့ လိုက်ရလို့ပါဘဲ။ တတ်အားသ၍ ဆက်လက် တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း..အဖေ့ ကို တိုင်တယ်ပြီး ပြောလိုက်ပါရစေ။ ကျနော်တို့  ကိုခွင့် လွှတ်ပေးပါအဖေ။
Friday, July 18, 2008
“ဖေဖေသို့ ”
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment