“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, October 03, 2011

UWSA နဲ့ အစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့

BBC News ။ 02-10-2011(ပေးပို့ သူ-ဗမာ့သွေး)
UWSA ဝပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်နဲ့ မြန်မာ အစိုးရ ကိုယ်စားလှယ် တွေ စနေနေ့က လားရှိုးမြို့မှာ ဒုတိယ အကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲ အကြောင်း အသေးစိတ်ကို ခုချိန်ထိ ထုတ်ဖေါ် ပြောဆိုမှု မရှိသေးပါဘူး။

ဒါပေမဲ့ စက်တင်ဘာ ၆ရက်နေ့ ပထမအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့စဉ်တုန်းက နှစ်ဖက် သဘောတူခဲ့တဲ့ အချက် ၄ချက်အကြောင်း အသေးစိတ် ပြန်ဆွေးနွေးခဲ့ကြပုံ ရတယ်လို့ တရုတ်မြန်မာ နယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။

နှစ်ဖက်အကြား အပစ်အခတ် ရပ်စဲထားမှုကို ဆက်လက် ထိန်းသိမ်းထားရေး၊ ပိုင်နက် နယ်မြေ တခုနဲ့ တခု ဖြတ်သန်း သွားလာတဲ့အခါ အသိပေး အကြောင်းကြားရေး၊ အပြန်အလှန် ဆက်ဆံရေး ရုံးတွေ ပြန်ဖွင့်ရေးနဲ့ နယ်စပ် ဖွံ့ဖြိုးရေးအတွက် မူလထားရှိခဲ့တဲ့ ကျန်းမာရေး၊ ပညာရေး၊လယ်ယာ စိုက်ပျိုးရေး ဝန်ထမ်းတွေ ပြန်လည် ခန့်ထားရေး စတဲ့ အချက်တွေကို ပထမအကြိမ် နှစ်ဖက် တွေ့ဆုံစဉ်တုန်းက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြ ပါတယ်။

ဒါပေမဲ့ ဒီသဘောတူချက်တွေဟာ ရေရှည် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မဲ့ သဘောတူချက် မျိုးတွေ မဟုတ်ဘူးလို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

တိုင်းရင်းသား ပြဿနာ အရေး ဖြေရှင်းနေတယ်လို့ အစိုးရက ပြောနေပေမဲ့ လက်တွေ့မှာ ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေကို ဖိနှိပ် စစ်ဆင်နေပြီး နိုင်ငံရေး အရ သိပ်အရေးမပါတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်လို တပ်ဖွဲ့တွေကိုတော့ မြှောက်ပေးနေတဲ့ ပေါ်လစီကို ကျင့်သုံးနေတာ တွေ့ရတယ်လို့လည်း ဦးအောင်ကျော်ဇောက ဝေဖန် ပြောဆိုသွားပါတယ်။


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */