“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, October 17, 2011

ထောင်တကာလှည့်​ပြီး​ နိုင်ငံ​ရေး​အကျဉ်း​သား​ အား​ပေး​မည့်​အလုပ် ဒီ​နေ့​စလုပ်ပြီဟု ဇာဂနာ​ပြော

Published on October 14, 2011 by ရွှေအာင် · DVB Burmese(ပေးပို့ သူ - ဗမာ့သွေး )
အကျဉ်း ​ထောင်အသီး​သီး​မှာကျန်​နေ​သေး​တဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိတ်​ဆွေ​တွေကို လိုက်လံအား​ပေး​တဲ့​အလုပ်ကို ဒီ​နေ့​ပဲ စလုပ်​နေပြီလို့ ကိုဇာဂနာက ​ပြောပါတယ်။ပြီး​ခဲ့​တဲ့​ သီတင်း​ကျွတ်လပြည့်နေ့ မှာ မြစ်ကြီး​နား​ထောင်က ပြန်လွတ်လာတဲ့​ နိုင်ငံ​ကျော် ဟာသသရုပ်​ဆောင် ကိုဇာဂနာက ​ထောင်ကလွတ်ပြီး​တဲ့​နောက် အခုလို ​ထောင်အသီး​သီး​ကိုလှည့်​ပြီး​ အား​ပေး​တာ​တွေ လုပ်မယ့်​အ​ကြောင်း​နဲ့​ အခု ပစ္စည်း​တွေ လာ​ရောက်လှူဒါန်း​ထား​တာ​တွေ ရှိ​နေပြီ လို့ ​ပြောပါတယ်။

“ကျ​နော်ကိုယ်တိုင် လှူမယ့်​ ပစ္စည်း​တွေယူပြီး​ လား​ရှိုး​၊​ ​တောင်ကြီး​ စသည်ဖြင့်​ သွား​ပါမယ်။ ​ထောင်ဝင်စာက​တော့​ ​တွေ့ ​လို့​မရ​ပေမယ့်​ ပါဆယ်​ပေး​လို့​ရပါတယ်။ သူတို့​ကို အား​ပေး​တဲ့​သ​ဘောပါ။ သူတို့​နောက်မှာ အမြဲ ရှိတယ်ဆိုတာ သိ​စေချင်လို့ အား​ပေး​တဲ့​သ​ဘောပါ။ သူတို့​စိတ်အား​ငယ်သွား​မှာစိုး​တာလည်း​ပါတယ်။

”သူစည်း​ရုံး​ဦး​ဆောင်လုပ်မယ့်​ ဒီအလုပ်မှာ အနုပညာရှင်တချို့​ ပါဝင်တယ်လို့​ ​ပြောပါတယ်။“အခုလည်း​ ကျ​နော့်​အနား​မှာ ကိုအရိုင်း​၊​ ကိုမုန်း​ခက်၊​ ကိုဇင်ဝိုင်း​၊​ မင်း​မော်ကွန်း​လေး​တို့​ကိုလည်း​ ​ပြောထား​တယ်။ စိုင်း​စိုင်း​ခမ်း​လှိုင် တို့​ကိုလည်း​ ညကကျ​နော် ​ပြောထား​ပါတယ်။ သူလည်း​သ​ဘောတူထား​တယ်။ အခု ကျ​နော်က အင်တာဗျုး​တွေလည်း​ အများ​ကြီး​ ​ဖြေ​နေရ​တော့​ တချို့တွေကို အ​ကြောင်း​မကြား​ နိုင်​သေး​ဘူး​။

အ​ကြောင်းကြား​ရင်​တော့​ ကျန်တဲ့​အနုပညာရှင် ​တွေလည်း​ ကျ​နော်နဲ့ အတူ ဝိုင်း​ဝန်း​ ပါဝင်မယ်လို့​ ယုံကြည်ပါတယ်။”အောက်တိုဘာ ၁၈ ရက် ၈၈ မျိုး​ဆက်​ခေါင်း​ဆောင်တဦး​ဖြစ်တဲ့​ ကိုမင်း​ကိုနိုင်ရဲ့​ ​မွေး​နေ့အပြီး​မှာ ​ထောင်​တွေမှာ လှည့်​လည်အား​ပေး​မယ့်​ အစီအစဉ်ကို စတင်မှာ ဖြစ်တဲ့​အ​ကြောင်း​နဲ့​ ပထမဆုံး​ ​တောင်ကြီး​ထောင်ကို သွား​မယ်လို့​ ​ပြောပါတယ်။အခုလို အကျဉ်း​ထောင်​တွေလှည့်​ပြီး​ လိုက်လံ အား​ပေး​တဲ့​အလုပ်ကို ​ဇောက်ချ လုပ်နိုင်ဖို့​အတွက် အနုပညာအလုပ်​တွေလုပ်ဖို့ အချိန်မ​ပေး​နိုင်​သေး​ဘူး​လို့​လည်း​ ဆိုပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */