“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, October 07, 2011

ဗိုလ်ချုပ်ပုံပါ တဆယ်တန်​ငွေစက္ကူတရွက် ကျပ်တ​သောင်း​ပေး​ လိုက်ဝယ်​နေ

Published on October 5, 2011 by ရွှေအောင် · (ပေးပို့ သူ ဗမာ့သွေး)
မန္တလေး ​၊​ မုံရွာ၊​ ​ရွှေဘို စတဲ့​မြို့​နယ်​တွေဘက်မှာ ဗိုလ်ချုပ်ပုံပါ တဆယ်တန်​တွေ လိုက်ဝယ်​နေပါတယ်။ဗိုလ်ချုပ်​အောင်ဆန်း​ပုံပါ တဆယ်တန်တရွက်ကို ကျပ်တ​သောင်း​ပေး​မယ်ဆိုပြီး​ လိုက်ဝယ်​နေတယ်လို့​ ​ရွှေဘိုမြို့က နည်း​ပညာတက္ကသိုလ်​ကျောင်း​ပြီး​ထား​တဲ့​ လူငယ်တဦး​က ​ပြောပါတယ်။

ရွှေဘိုမှာ အခုသုံး​လေး​ရက်အ​တောအတွင်း​ အိမ်တိုင်ရာ​ရောက် လာ​ရောက်​မေး​မြန်း​ လိုက်လံဝယ်ယူ​နေတာဖြစ်ပြီး​ လာဝယ်တဲ့​သူ​တွေက မြို့​ခံမဟုတ်ဘူး​လို့​လည်း​ ဆိုပါတယ်။“အရင်က ပိုက်ဆံ​ငွေတဆယ်တန်​တွေ လိုက်ဝယ်​နေတာ၊​ ဘာကိစ္စမှန်း​မသိဘူး​။ ကျ​နော်ကြား​နေတာ အဲဒီပိုက်ဆံ​တွေနဲ့​ နိုင်ငံခြား​က ဘဏ်တခုမှာ ဗိုလ်ချုပ်က အပ်ထား​တဲ့​ရွှေချောင်း​တွေကို အဲဒီပိုက်ဆံနဲ့​ ထုတ်ယူလို့​ ရတယ်လို့​ကြား​နေတာ။

အဲဒါ​ကြောင့်​ တဆယ်တန်တရွက်ဆိုရင် တ​သောင်း​လောက်​ပေး​ပြီး​ ဝယ်​နေကြတာ။”မန္တ​လေး​နဲ့​ မုံရွာမြို့တွေဘက်မှာလည်း​ အခုရက်ပိုင်း​ ဗိုလ်ချုပ်ပုံပါ တဆယ်တန်​တွေ လိုက်ဝယ်​နေကြတယ်လို့​ မြို့​ခံ​တွေက ​ပြောပါတယ်။လိုက်ဝယ်​နေတယ်ဆိုတဲ့​ တဆယ်တန်က ဗိုလ်ချုပ်ပုံပါပြီး​ ​ငွေစက္ကူ​ပေါ်မှာ ဒီ​ငွေစက္ကူကို ​ငွေစက္ကူထုတ်ရာ ဌာနတိုင်း​၌ လဲလှယ်ခွင့်​ရှိ​ကြောင်း​ အာမခံပါသည်ဟု ​ရေး​သား​ထား​ပြီး​ စံလင်း​ဆိုသူက လက်မှတ်​ရေး​ထိုး​ထား​တဲ့​ တဆယ်တန်ဖြစ်ပါတယ်။

ဒီကိစ္စနဲ့​ပတ်သက်ပြီး​ မန္တ​လေး​မှာ​နေတဲ့​ စာ​ရေး​ဆရာ သတင်း​စာဆရာ ဆရာ​ကျော်ရင်မြင့်​က ​ငွေစက္ကူလိုက်ဝယ်​နေတာ ဟုတ်မှန်​ကြောင်း​၊​ အဲ့​ဒီ​ငွေစက္ကူ​တွေ အ​မြောက်အများ လက်ဝယ်ရှိထား​သူ တဦး​ဦး​က​သော်လည်း​ကောင်း​၊​ တဖွဲ့ဖွဲ့က​သော်လည်း​ကောင်း​ မဟုတ်မမှန် သတင်း​လွှင့်​ပြီး​ သူတို့​လက်ထဲရှိတဲ့​ အဲ့​ဒီ​ငွေစက္ကူကို ထုတ်​ရောင်း​တာ ဖြစ်နိုင်တယ်လို့​ မှတ်ချက်​ပေး​ပြောဆိုပါတယ်Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */