“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, October 09, 2011

ဓါးပြများက ကျေးရွာ အုပ်ချုပ်ရေးမှူးတစ်ဦး၏ လက်ကိုဖြတ်

ခိုင်သိန်း News Date:10/6/2011 နိရဉ္ဇရာ သတင်းဌာန(ပေးပို့ သူ ဗမာ့သွေး)
ရခိုင်ပြည်နယ် အနောက်ဖက် နယ်စပ် မောင်တောမြို့နယ်တွင် မွတ်ဆလင် ဓါးပြများက ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦး၏ လက်ကို လက်ကောက်ဝတ်မှ နေပြီး ဓါးဖြင့် ဖြတ်ပစ်ခဲ့ဟု သိရသည်။

လက်ဖြတ်ပစ်ခဲ့သော ကျေးရွာအုပ်ချုပ်ရေးမှူးမှာ မောင်တောမြို့နယ် မြောက်ပိုင်း ဖက်ဝပ်ချောင်း အောက်ကုလား ကျေးရွာမှ ယာဆိန်းဖြစ်သည်။ သူ့ကို ယခုအခါ မောင်တော ဆေးရုံတွင် အတွင်းလူနာ အဖြစ် တင်ထားရသည်။

" ဒီလ ၃ ရက်နေ့ ညဥ့်အချိန်မှာ ဓါးပြတွေက ကျေးရွာ အုပ်ချုပ်ရေးမှူး ယာဆိန်းအိမ်ကို ဓါးပြ တိုက်ပါတယ်။ ဓါးပြတွေက သူ့အိမ်က ရွှေ ၂ ကျပ်၊ ငွေသုံးသိန်းကို ယူသွားတဲ့ အပြင် အိမ်က အထွက်မှာ အုပ်ချုပ်ရေးမှူး ယာဆိန်းရဲ့လက်ကိုပါ ဖြတ်ပစ်ခဲ့ပါတယ်" ဟု ကျေးရွာသား တစ်ဦးက ပြောသည်။

အုပ်ချုပ်ရေးမှူး ယာဆိန်းမှာ ဖါးဝပ်ချောင်း နစကမှူး ကြည်ဝင်းနှင့်ပူးပေါင်းပြီး ကျေးရွာများ အတွင်း ဒေသခံ မွတ်ဆလင်များကို အနိုင်ကျင့်ပြီး လာဘ်စားမှုများ ပြုလုပ်နေသဖြင့် ကျေးရွာသားများ မျက်မုန်း ကျိုးနေသူ တစ်ဦး ဖြစ်သည်ဟု ကျေးရွာသားများက ပြောသည်။

" သူက သူ့ရဲ့ ကိုယ်ကျိုးအတွက် ငွေတွေကို မတရားကောက်ခံတယ်။ နစက အရာရှိကြီးတွေနဲ့ ပေါင်းပြီး ဝေစားမျှစား လုပ်နေပါတယ်။ ဒါကြောင့် ဒီသတင်းကို ရထားတဲ့ ဓါးပြတွေက သူ့လက်ကို ဖြတ်ပစ်ခဲ့တာ ဖြစ်ပါတယ်" ဟု သူက ဆက်ပြောသည်။

ဓါးပြများမှာ ဘင်္ဂလာဒေခ်ျ့ဘက်ခြမ်းမှ လှေဖြင့် နတ်မြစ်ကို ဖြတ်ကျော် ၀င်တိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ဓါးပြတိုက်အပြီး အပြန်တွင် သတင်းအရ ဘင်္ဂလာနယ်ခြား စောင့်တပ်က လိုက်လံရှာဖွေ ဖမ်းဆီးရာ စက်လှေ တစီးနှင့် ဓါးပြ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကျန်လူများမှာ မြန်မာပြည်ဘက်သို့ ထွက်ပြေး လွှတ်မြောက် သွားခဲ့ကြသည်ဟု သိရသည်။

ဓါပြတိုက်မူကြောင့် မြန်မာဘက်ခြမ်းတွင် နယ်စပ်တလျှောက် ပိတ်ဆို့မူ လုပ်ထားသဖြင့် အဆိုပါ ပတ်ဝန်းကျင် အနီးတ၀ိုက်ရှိ ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာ နိုင်ငံ အကြားတွင် အသွားအလာများ ရပ်တန့်နေကြောင်း သိရသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */