“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, October 10, 2011

စာသင်ခန်းအတွင်း ဦးခေါင်း အနှိပ်ပေးခြင်းဖြင့် သင်ယူမှုကို အထောက်အကူပြုနိုင်

Sunday, 09 October 2011 09:35 administrator(ပေးပို့ သူ ဗမာ့သွေး)
စိတ်၏ တည်ငြိမ်မှုကို ပေးစွမ်းနိုင်စွမ်းရှိသော နေ့စဉ်ကျင့်ထုံး တစ်ခုအနေဖြင့် ဗြိတိန် မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသူကျောင်းသားများအား ဦးခေါင်းအနှိပ် ပညာကို လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။

အသက် ငါးနှစ်အရွယ် ကလေးငယ်များလည်း လေ့လာလျက်ရှိသည်။ နေ့လည်စာချိန်အပြီးတွင် အတန်းဖော် သူငယ်ချင်းများကို အလှည့်ကျ ဦးခေါင်း အနှိပ် လေ့ကျင့်စေခြင်းဖြစ်သည်။


Worcestershire နယ်ရှိ Franche community မူလတန်းကျောင်းမှ ဆရာဆရာမများက ဤသို့ဆိုပါသည်။ `နေ့တိုင်း ဦးခေါင်းနှိပ်နယ်ပေးခြင်းဟာ တပည့်ကလေးတွေရဲ့ အပြုအမူအပေါ်မှာ အပေါင်းလက္ခဏာဆောင်တဲ့ သက်ရောက်မှု ရှိနေပါတယ်။ နေ့လည်ပိုင်းအချိန်တွေ မစတင်ခင်မှာ သူတို့ စိတ်နှလုံး တည်ငြိမ်အေးချမ်းမှုကို ပေးစွမ်းနိုင်လို့ပါ။´

လွန်ခဲ့သော ၂ နှစ်ခန့်က ပထမတန်း စာသင်ခန်းထဲတွင် ဆရာမ Tabitha Smith က ရှေးဦး စမ်းသပ်မှု အနေဖြင့် စတင် လုပ်ဆောင်ခဲ့သည်။ ရလဒ်မှာ အောင်မြင်မှုကို ပြနေသည့်အတွက် ကလေးအချင်းချင်း နှိပ်ပေးခြင်းကို နောက်ပိုင်းတွင် တစ်ကျောင်းလုံး၌ ကျင့်သုံးလာခြင်းဖြစ်သည်။

နေ့လည်စာ စားသုံးပြီးချိန်၊ ကစားပြီးချိန်တွင် အတန်းဖော် အချင်းချင်း ဦးခေါင်းအနှိပ် နည်းလမ်းများဖြင့် ၁၀ မိနစ်ခန့် နှိပ်နယ်ပေးကြခြင်းပင်။

ဆရာမ Smith က ဤသို့ဆိုပါသည်။ `ဒီအစီအစဉ်ရဲ့ သက်ရောက်မှု ရလဒ်ကတော့ ကျောင်းသားတွေ အတွက် အင်မတန်မှ အံ့မခန်းပါပဲ။ မိမိကိုယ်ကိုယုံကြည်မှု အများကြီး တိုးပွားလာတာပါ။ သူတို့ရဲ့ သင်ယူမှုအပေါ်မှာလည်း ထိခိုက်နစ်နာမှု မရှိဘူးလေ။ တစ်ရက်ကို ၁၀ မိနစ်ပဲ အချိန်ယူတာပါ။´

`စနစ်တကျ နှိပ်နယ်ပေးတဲ့ နည်းစနစ် ရုပ်ပုံတွေကို ကြည့်ပြီး၊ မှတ်သားထားပြီးတော့ ကလေးငယ်တွေ သင်ယူလေ့လာကြပါတယ်။ နှိပ်တဲ့ နည်းစနစ်တစ်ခုကိုတော့ -နှလုံးသားများ- လို့ အမည်ပေးထားတယ်။ အင်မတန် ချစ်စရာကောင်းတဲ့ နည်းလေးပါ။ တစ်ယောက်နဲ့ တစ်ယောက် ကရုဏာစိတ်နဲ့ ကြင်ကြင်နာနာ ကူညီလိုစိတ်ကို တိုးမြှင့်ပေးလို့ပါပဲ။´ ဆရာမက ရှင်းပြခဲ့သည်။ `အပြုအမူ ပြဿနာကို ဖြေရှင်းဖို့အတွက်တော့ ဒီ ဦးခေါင်းအနှိပ်ပညာကို မိတ်ဆက် သင်ကြားပေးခဲ့တာ မဟုတ်ရပါဘူး။ ကျမတို့ စာသင်ခန်းမှာက အဲဒီ ပြဿနာမျိုးမှ မရှိတာ။´


Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */