“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, October 14, 2011

တရုတ်သင်္ဘောများ မဲခေါင်မြစ် သွားလာမှု ရပ်ဆိုင်း

By သန်းထိုက်ဦး on October 13, 2011 10:21 am in သတင်း ဧရာဝတီ(ပေးပို့ သူ ဗမာ့သွေး)
ရွှေတြိဂံဒေသ မဲခေါင်မြစ်တွင် သွားလာနေသည့် တရုတ်ကုန်တင် သင်္ဘောများ ယာယီ ရပ်ဆိုင်းထားသောကြောင့် ထိုင်းနှင့်တရုတ် နှစ်နိုင်ငံ စီးပွားရေး ထိခိုက်နိုင်ဖွယ်ရှိကြောင်း ချင်းရိုင် စီးပွားရေးနှင့် ရင်းနှီး မြှုပ်နှံသူများက ပြောသည်။

ထိုင်းစစ်တပ်က ဖမ်းဆီး ထိန်းသိမ်းထားသည့် ချင်ရိုင်ခရိုင် ချင်းစန် မြို့နယ် မဲခေါင်မြစ်အတွင်းမှ တရုတ်နိုင်ငံ အလံတပ်ဆင်ထားသော သင်္ဘော ၂ စီး (ဓာတ်ပုံ - ဘန်ကောက်ပို့စ်)

အဆိုပါ တရုတ် သင်္ဘောများသည် ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် ချင်းစန် မြို့နယ်မှ တရုတ်နိုင်ငံ ယူနန် ဆိပ်ကမ်းအထိ ကုန်ပစ္စည်းများ အပြန်အလှန် သယ်ယူပို့ဆောင်ကြောင်း ချင်းရိုင် ခရိုင် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ချဝလစ် စူထ၀ုန်းက ဧရာဝတီသို့ ပြော သည်။

ထိုင်းနိုင်ငံ အနေနှင့် တရုတ်နိုင်ငံသို့ ကြက်သား၊ သကြား၊ ဆီ၊ ကားတို့တင်ပို့ပြီး တရုတ်နိုင်ငံက ပန်းသီး၊ လိမ္မော်သီး၊ စပြစ်သီး စသည့် သစ်သီးဝလံများကို ထိုင်းနိုင်ငံသို့ ပြန်လည် တင်သွင်းကြောင်း ၎င်းက ဆိုသည်။

“သင်္ဘောတွေ ရပ်ထားတော့ ထိုင်းကို ပို့မယ့် သစ်သီးဝလံတွေ မတင်သွင်းနိုင်ဘူး၊ တရုတ်ကိုလည်း မပို့နိုင်ဘူးဆိုတော့ နှစ်နှိင်ငံ စလုံး စီးပွားရေး ထိခိုက်နိုင်ပါတယ်”ဟု ချဝလစ် စူထ၀ုန်းက ဆက်ပြောသည်။

ထိုင်းနိုင်ငံမှ တင်ပို့သည့် ကုန်ပစ္စည်း၏ တန်းဖိုမှာ တလတွင် ဘတ် သန်း ၈၆၀ ကျော်ရှိပြီး တရုတ်နိုင်ငံက ၆၉ သန်းခန့် ရှိကြောင်း သိရသည်။

Hua Ping နှင့် Yu Xing 8 Hao အမည်ရှိ တရုတ် ကုန်တင်သဘောင်္၂ စီး ပြီးခဲ့သည့်အပတ် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းက အမည်မသိ လက်နက်ကိုင်တစု၏ တိုက်ခိုက်မှုကို ခံရပြီးနောက် တရုတ်အာဏာပိုင်များက ယင်းသို့ ရပ်ဆိုင်ထားခြင်း ဖြစ်သည်။

ထို တိုက်ခိုက်ခံရမှုကြောင့် တရုတ် နိုင်ငံသား ၁၂ ဦးသေဆုံးခဲ့ပြီး တဦး ပျောက်ဆုံးနေကြောင်း သိရသည်။ ယင်း တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ထိုင်းအာဏာပိုင်များက စုံစမ်း စစ်ဆေးနေဆဲ ဖြစ်ကြောင်း ဆိုသည်။

သို့သော် တိုက်ခိုက်သူများမှာ ယင်းဒေသတွင် လှုပ်ရှားနေသည့် မူးယစ်ရာဇာ နော်ခမ်း၏ အဖွဲ့များ ဖြစ်နိုင်သည်ဟု ထိုင်းနှင့် မြန်မာ ဒေသခံ အာဏာပိုင်များက သုံးသပ်နေကြသည်။

ရှမ်းတိုင်းရင်းသား တဦးဖြစ်သည့် နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ်ဆေးကုန်ကူးနေသူဟု ကျော်ကြားပြီး မြန်မာ၊ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများက အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

နော်ခမ်းသည် ၁၉၉၆ ခုနှစ်တွင် လက်နက်ချခဲ့သော ဦးခွန်ဆာ ခေါင်းဆာင်သည့် မော်ထိုင်း တပ်မတော်(MTA) တပ်ဖွဲ့ဝင်ဟောင်း ဖြစ် သည်။

၂၀၀၆ ခုနှစ်မှ စတင်၍ လက်နက်ကိုင်ပြီး ရွှေတြိဂံနယ်မြေ၌ ပြန်လည် လှုပ်ရှားခဲ့ကြောင်း သိရသည်။ သူ၏တပ်ဖွဲ့ကို လားဟူ၊ ရှမ်း တိုင်းရင်းသားတို့နှင့် ဖွဲ့စည်းထားသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */