“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Friday, October 14, 2011

အင်းစိန် ဘုရင့်နောင် ကမ်းနား မီးလောင်

By ဧရာဝတီ on October 13, 2011 6:17 pm in သတင်းတို(ပေးပို့ သူ ဗမာ့သွေး)
အင်းစိန်မြို့နယ် ဘုရင့်နောင်ကမ်းနားရှိ ငါးလုပ်ငန်းဦးစီးဌာနပိုင် ၀င်းအတွင်း ယနေ့နေ့လယ် ၁၂နာရီခွဲခန့်မှ စတင်ပြီး မီးလောင် ကျွမ်းမှု ဖြစ်ပွားနေကြောင်း၊ စက်သုံးဆီသိုလှောင်ကန်ကို ကူးဆက်လောင်ကျွမ်းနေကြောင်း အဆိုပါဝင်းအတွင်းရှိ ဆန် ဂိုဒေါင်ပိုင် ရှင်တဦးက ပြောသည်။ မီးမှာ ဆက်လက်လောင်ကျွမ်းနေပြီး (ပေးပို့ သူ ဗမာ့သွေး)ငြိမ်းသတ်ရန် ကြိုးစားနေကြောင်း၊ အတည်မပြုနိုင်သေးသော သတင်း အရ မီးလောင်ကျွမ်းမှုကြောင့် လူတဦး သေဆုံးသွားကြောင်း သိရသည်။

မြေပုံမြို့နယ်၌ ဓားပြများလက်ချက်ဖြင့် လူတဦးသေဆုံး
By ဧရာဝတီ on October 13, 2011 6:17 pm in သတင်းတို
ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည့်ချောင်းကျေးရွာမှ အသက်(၅၃)နှစ်ရှိ ဦးကျော်သိန်း ဆိုသူသည် ဘင်္ဂါလီဓားပြများ၏ သတ်ဖြတ် ခြင်း ခံခဲ့ရကြောင်း သိရသည်။ ဓားပြများက ဦးကျော်သိန်းအား ဓားထိုးဒဏ်ရာ အများအပြားဖြင့် သစ်ပင်၌ ကြိုးတုပ် ချည်နှောင် ထားခဲ့ကြသည်ဟု ပြည့်ချောင်း ရွာသားတဦးက ပြောသည်။ ဦးကျော်သိန်းသည် သီတင်းကျွတ်လပြည့်နေ့ညက လယ်တဲအတွင်း ၌ တဦးတည်း ရှိနေစဉ် ထိုသို့ အသတ်ခံခဲ့ရခြင်းဖြစ်သည်။ တရားခံများ ဖမ်းဆီးရရှိရေးအတွက် အစိုးရစစ်တပ် ဒေသခံ ခြေလျင် တပ်ရင်း အမှတ်(၃၇၀)က စုံစမ်းရှာဖွေနေကြောင်း သိရသည်။
Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */