“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Monday, October 10, 2011

သမ္မတ ဦးသိန်းစိန်အား စိန်ခေါ်နေတဲ့ မြစ်ဆုံ

ပို့ လာသူ - အိမ်မက်မဟုတ်ပါ
http://photayokeking.org/hot-news/743-2011-10-05-15-31-50
ကချင်ပြည်နယ် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းအား တဖက်သတ်
ရပ်စဲလိုက်တဲ့အပေါ် သမ္မတ ဦးသိန်းစိန် တစ်ယောက် စိန်ခေါ်မှုတွေ ထပ်မံ
ကြုံတွေ့နိုင်ကြောင်း စစ်ဖက်နီးစပ်သူများက စည်းလုံးခြင်းရဲ့အင်အားသို့
သတင်းပေးလာပါတယ်။

မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး တပ်မတော် အရာရှိဟောင်းတဦးအား
စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်မှ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

''သမ္မတ ဦးသိန်းစိန် ယခုလို လုပ်လိုက်တာဟာ စွန့်စားပြီး လုပ်လိုက်တာ
ဖြစ်တယ်ဗျ။ ကျွန်တော်တို့ တပ်မှာက စစ်တပ်ဆိုရင် အထက်အရာရှိတွေရဲ့
ညွှန်ကြားချက်၊ စီမံချက်၊ စစ်ဆင်ရေး၊ လုပ်ငန်းစဉ်၊ နယ်ဘက်ဆိုရင်တော့
စီမံကိန်းတွေ ချမှတ်ထားပြီဆိုပါက လက်အောက် အရာရှိတွေက "ဟုတ်"၊ "ဟုတ်" နဲ့
ပုတ်သင်ညိုလိုမျိုး ခေါင်းညိတ်ရတာကိုးဗျ။ ယခုသူရဲ့ လုပ်ရပ်ဟာ
အဲဒီအစဉ်အလာကို ချိုးဖောက်တာနော်။ အဲဒီအစဉ်အလာဟာ မကောင်းတဲ့
အစဉ်အလာဆိုရင် မမှားဘူးပေါ့။ တနည်းအားဖြင့် မကောင်းတဲ့ ထုံးစံကို
ဆန့်ကျင်လိုက်တာဘဲ ဖြစ်တယ်။"

မြစ်ဆုံစီမံကိန်းဟာ ယခင် စစ်အစိုးရ (နအဖ) လက်ထက်က စတင်ခဲ့လို့ ဘယ်သူမဆို
မကောင်းဘူးလို့ မပြောရဲတဲ့ အခြေအနေမှ ယခုလို စီမံကိန်း
ရပ်ဆိုင်းလိုက်တာဟာ တပ်မတော် အရာရှိများ အတွင်း တအံ့တသြ
ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီး အဲဒီ အရာရှိဟောင်းဟာ သမ္မတ ဦးသိန်းစိန် တစ်ယောက်
မြစ်ဆုံရေအားလျှပ်စစ်နဲ့ စပ်လျဉ်းပြီး စိန်ခေါ်မှုတွေ ထပ်မံ
ကြုံနိုင်တယ်လို့ ဆိုလာပါတယ်။

''အဲဒီ စီမံကိန်း စတင်ခဲ့စဉ်က အတွင်းရေးမှူး (၁) ဖြစ်ခဲ့တဲ့ ဒုသမ္မတ (၈)
လုံး သီဟသူရ တင်အောင်မြင့်ဦးနှင့် မကင်းရာမကင်းကြောင်း ဖြစ်နေတဲ့
ဦးထွန်းမြင့်နိုင်ရဲ့ စတီဗင်လော ကုမ္ပဏီနဲ့ ပူးပေါင်း
ရိုက်စားဂွင်တွေဗျာ။ ဒီတော့ကာ ဒုသမ္မတ (၈) လုံးနဲ့ သမ္မတ ဦးသိန်းစိန်
ထိပ်တိုက်တွေ့နိုင်တယ်။ အနည်းဆုံး အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေး
ကောင်စီ အစည်းအဝေးမှာ စကား အချေအတင်များနိုင်တယ်။ နောက်တစ်ခုက
လွှတ်တော်အတွင်း ( ဦးဇော်မင်း ၀န်ကြီး - အမှတ်(၁) လျှပ်စစ်
စွမ်းအားဝန်ကြီးဌာနဟာ ကြံ့ဖွံ့ထိပ်ပိုင်း အမှုဆောင် ခေါင်းဆောင်တစ်ဦး
ဖြစ်တာနဲ့အညီ) မဲခွဲရင် စီမံကိန်း ဆက်လုပ်ဖို့ ကြံ့ဖွံ့တွေက
ထောက်ခံကြမှာမို့ ဦးသိန်းစိန်ကို သဘောတွေ့ကြမှာ မဟုတ်မှာ
သေချာတယ်။'ဘာလို့လဲ ဆိုတော့ ကြံ့ဖွံ့တွေက လွှတ်တော်မှာ မဲဖြင့်
အနိုင်ယူမယ်လို့ မှန်းနေကြလို့ဘဲဗျာ။''

စစ်ဖက်နီးစပ်သူများက ဝေဖန်ကြရာမှာ ယခင်က ကြံ့ဖွံ့ပါတီတွင် အထွေထွေ
အတွင်းရေးမှူး ရာထူးသာ ရှိခဲ့ပြီး သမ္မတပေးမဲ့သူအား ကြံ့ဖွံ့ဥက္ကဋ္ဌ ရာထူး
တီထွင်ပြီး ဖုတ်ပူမီးတိုက် လုပ်ခဲ့ရာ ရွေးကောက်ပွဲ ၀င်ခါနီးမှ
ဦးသိန်းစိန်ဟာ ကြံ့ဖွံ့ဥက္ကဋ္ဌအဖြစ် ကပ်ရောက်လာလို့ ကြံ့ဖွံ့နှင့်
ခပ်စိမ်းစိမ်း ဖြစ်နေတယ်။ အဆိုးဆုံး စိန်ခေါ်မှုက ဒုသမ္မတ (၈) လုံးက ယခင်
စစ်အာဏာရှင် ဦးသန်းရွှေ မိသားစုနဲ့ ဦးမောင်အေး မိသားစုတွေကို အဲဒီ
စီမံကိန်းမှ ရလာတဲ့ အကျိုးစီးပွားထဲမှ (ပံ့ပိုး) 'ဖား' နိုင်တယ်။
ဒါကြောင့် ဦးသိန်းစိန်ဟာ စစ်အာဏာရှင်ဟောင်းတွေရဲ့ ငြိုငြင်ကို
ခံရနိုင်တယ်။ ဦးသိန်းစိန်ဟာ အဂတိ လိုက်စားမှု အဲဒီ စီမံကိန်းနဲ့
ပတ်သက်ပြီး ခပ်ကင်းကင်း နေရဲသူမို့ ဒီအမိန့်ကို ထုတ်ရဲတာ ဖြစ်တယ်လို့
ဆိုပါတယ်။

အဲဒီ ဆုံးဖြတ်ချက်ကို နိုင်ငံတကာက ကြိုဆိုအားပေးနေချိန်မှာ
တရုတ်အစိုးရရဲ့ အမျက်တော်ရှမှုကို ဦးသိန်းစိန် ခံနေရပြီ ဖြစ်ပါတယ်။
ဦးသိန်းစိန်ရဲ့ ရှေ့ဆက်လျှောက်ရမဲ့ ခရီးလမ်းကတော့ ဒီမြစ်ဆုံကိစ္စကြောင့်
စိန်ခေါ်မှုများ ထပ်မံ ကြုံတွေ့နေရပြီး အစိုးရ အဖွဲ့အတွင်း
မကျေနပ်သူများရဲ့ အတိုက်အခံ ပြုမှုများကို ပိုမို ကြုံတွေ့နိုင်ကြောင်း
စစ်ဖက်နီးစပ်သူများက သုံးသပ်တင်ပြသွားပါတယ်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */