“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 15, 2011

လုပ်​ဖော်ကိုင်ဖက် နိုင်ငံ​ရေး​အကျဉ်း​သူ အကျဉ်း​သား​တွေကို စိုး​ရိမ်တယ်

http://burmese.dvb.no/archives/16525ပို့ လာသူ - အိမ်မက်မဟုတ်ပါ
စစ်ကိုင်း​တိုင်း​ ခန္တီး​ထောင်က​နေ ပြန်လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သူ
မစုစု​နွေး​ဟာ သူပြန်လွတ်လာ​ပေမယ့်​ ထောင်တွင်း​ကျန်​နေသူ​တွေအတွက် စိုး
ရိမ်ရတယ်လို့​ ပြောပါတယ်။

ခန္တီး​ထောင်မှာ သူ့​ကို သီး​သန့်​တဦး​တည်း​ ချုပ်​နှောင်ထား​ပြီး​ တခြား
အ​ဆောင်သူ အ​ဆောင်သား​တွေနဲ့​လည်း​ ဆက်သွယ်ခွင့်​မပြုခဲ့​ဘူး​လို့​ မစုစု
နွေး​က ပြောပါတယ်။

သတင်း​စာဂျာနယ်နဲ့​ စာအုပ်​တွေကို​တော့​ ဖတ်ခွင့်​ပေး​တယ်လို့
ပြောပါတယ်။ ဒါ​ကြောင့်​ သူလွတ်တာကို ထောင်အာဏာပိုင်​တွေက လာ​ပြော​ပေမယ့်
ပြစ်ဒဏ်​ကြွေး​ ကျန်ရှိ​ကြောင်း​ ခံဝန်ချက်လက်မှတ် ထိုး​ခိုင်း​ခဲ့
ပေမယ့်​ သူ့​အ​နေနဲ့​ မထိုး​ခဲ့​ဘဲ ငြင်း​ဆိုခဲ့​ပါတယ်။

နောက်ဆုံး​ မနက် ၉ နာရီခွဲ​လောက်မှ လက်မှတ်မထိုး​လည်း​ လွှတ်​ပေး​မယ်လို့
ပြောပြီး​ လွှတ်​ပေး​ခဲ့​တာလို့​ ဆိုပါတယ်။

ပြန်လည်လွတ်​မြောက်လာတဲ့​ မစုစု​နွေး​ကို မေး​မြန်း​ထား​ပါတယ်။

အခု ပြန်လွတ်လာလာချင်း​ ပထမဆုံး​ ဘာများ​ပြောချင်လဲ။

“ကျန်​နေခဲ့​တဲ့​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ အား​လုံး​ကို အမြန်ဆုံး
လွတ်​မြောက်​စေချင်ပါတယ်။ ပထမဆုံး​ အဲဒါ​ပြောချင်ပါတယ်။”

အခု ကျန်း​မာ​ရေး​အ​ခြေအ​နေ ဘယ်လို​နေလဲ။

“ကျန်း​မာ​ရေး​တော့​ ကောင်း​ပါတယ်။ အပြင်မှာလိုပဲ နှလုံး​ရောဂါနဲ့
သွေး​တိုး​ရောဂါက အမြဲတမ်း​ဆေး​စား​နေရတယ်။ တလတကြိမ်လည်း​ ထောင်ထဲမှာ
ဆေး​သွင်း​နေရတယ်။ အား​ဆေး​လည်း​ မနက်တလုံး​ ညတလုံး​ပုံမှန် သောက်ရတယ်။
ပုံမှန်​တော့​ အပြင်မှာ ဆေး

ချိတ်သလို ချိတ်​နေရတယ်။ အား​ဆေး​လည်း​ သောက်​နေရတယ်။ ထောင်ထဲမှာ
ဖြစ်တဲ့​ ငှက်ဖျား​တို့​ဘာတို့​တော့​ မဖြစ်ပါဘူး​။ ကျန်တဲ့​ သူ​တွေ​တော့
ငှက်ဖျား​ဖြစ်ကြတယ်။”

ထောင်ထဲမှာ ခန္တီး​ထောင်ဟာ တော်​တော်ဆိုး​တယ်လို့​ ကြား​တယ်။ ထောင်တွင်း
စောင့်​ရှောက်မှု အ​ခြေအ​နေကလည်း​ ဘယ်လိုရှိလဲ။

“​ထောင်တွင်း​အ​ခြေအ​နေရ​တော့​ ကျမကို တ​ယောက်တည်း​ထား​တာ​လေ။ ဘယ်သူနဲ့
မှလည်း​ မပတ်သက်ရဘူး​။ လုပ်​ဖော်ကိုင်ဖက် ယောကျာ်း​လေး​တွေနဲ့​လည်း
ပတ်သက်လို့​မရဘူး​။ ဒီဘက်က အကျဉ်း​သူ​တွေနဲ့​လည်း​ ပတ်သက်လို့​ မရဘူး​။
အထဲမှာ ဝန်ထမ်း​တွေ

ချထား​တယ်ဆို​ပေမယ့်​လည်း​ ရင်း​ရင်း​နှီး​နှီး​ ဆက်ဆံခွင့်​မရှိဘူး​။ တ
ယောက်တည်း​ထား​တာဆို​တော့​ ထောင်ထဲက အချက်အလက်​တွေကို​တောင် သိပ်မသိဘူး
။”

သူတို့​က ဘာလို့​ တ​ယောက်တည်း​ထား​တာလဲ။

“တ​ယောက်တည်း​ကို ဘယ်သူနဲ့​မှ မဆက်သွယ်ရဘူး​။ ဟိုဘက်ဒီဘက် တံခါး​ပိတ်ထား
တယ်။ ထမင်း​ပို့​တဲ့​အချိန် ပစ္စည်း​ပို့​တဲ့​အချိန်​လောက်ပဲ ဆရာမ​တွေ
သူတို့​ဘာသူတို့​ ဖွင့်​ပြီး​သွား​ယူတယ်။”

မစုစု​နွေး​အ​နေနဲ့​ ထောင်ထဲမှာလည်း​ မကြာခနဆိုသလို ဆန္ဒပြတယ်လို့​ ကြား
တယ်။ ဟုတ်ပါသလား​။

“ဆန္ဒပြတာ​တော့​မဟုတ်ဘူး​။ ယောကျာ်း​လေး​တွေဘက်က သူတို့​အခွင့်​အ​ရေး
သူတို့​တိုက်တာ​တွေပါ။ မောင်​လေး​တွေနဲ့​တွေ့​တော့​ သူတို့​ပြန်
ပြောပြတာ သိရတယ်။ ဒါ​ပေမယ့်​ ကျမတ​ယောက်တည်း​နေတဲ့​အချိန်မှာ​တော့
သူတို့​ဘက်က ဖြစ်​နေတာ​တွေ အား​လုံး​ကို ကျမ

မေး​လို့​လည်း​ မရဘူး​။ သူတို့​ကို မေး​ရင်လည်း​မသိဘူး​လို့​ ပြောတယ်။
ဟိုဘက်က ပါဆယ်ပို့​ပေး​လို့​ မရဘူး​။ ဟိုဘက်က အမကို ပို့​ပေး​ခိုင်း
လိုက်ရင် ဘယ်သူဘယ်ဝါ မောင်ဖြူ၊​ မောင်နီ ပို့​ခိုင်း​တယ်လို့​ မ
ပြောဘူး​။ ဟိုဘက်နဲ့​ အဆက်အသွယ်လုပ်မှာကို ကြောက်ကြတယ်။

ဒီဘက်က​နေ မောင်နီဆီကို ပို့​ခိုင်း​ရင်​တော့​ မစုစု​နွေး​ပို့​ခိုင်း
တယ်လို့​ ပြောတယ်။ ဆန္ဒပြတာ​တော့​ မဟုတ်ဘူး​။ ကိုယ့်​အခွင့်​အ​ရေး​ကို
ကိုယ်တိုက်ယူတာ။ ဆန္ဒပြတယ်ဆိုတာက အ​ကြောင်း​အရာတခုကို ဒါကိုမရရင် ဘယ်​နေ့
ထိ မဖြုတ်ဘူး​။ ဒါကိုရမှဖြုတ်မယ်ဆိုပြီး

အဲဒီလိုလုပ်တာမျိုး​ မဟုတ်ဘူး​။ ကိုယ့်​အခွင့်​အ​ရေး​ကို တောင်း​ဆိုတယ်။
တောင်း​ဆိုလို့​ မရရင် မစား​ဘူး​ ဘာညာလုပ်တယ်။ သူတို့​ဘက်က ချက်ချင်း
ဖြေရှင်း​ပေး​တာ ရှိပါတယ်။”

အခုအပြင်ထွက်လာ​တော့​ ဘယ်လိုခံစား​ရလဲ။

“လွှတ်တယ်ဆိုတာ​တောင် လွှတ်တယ်လို့​ပြောပြီး​ ချက်ချင်း​လွှတ်တာ မဟုတ်ဘူး
လေ။ လက်မှတ် ထိုး​ခိုင်း​သေး​တာ​လေ။”

ထိုး​ခိုင်း​တဲ့​နေရာမှာ ဘာ​တွေပါလဲ။

“သူတို့​ဖတ်ပြတာ​တော့​ သူတို့​ဘက်က​နေ အကျင့်​စာရိတ္တ​ကောင်း​တဲ့​လူ​တွေ
အကုန်လုံး​ကို လွှတ်​ပေး​တယ်။ မစုကိုလည်း​ သူတို့​ဘက်က​နေပြီး​တော့
နောက်တခါ ဒီအပြစ်ကိုကျူး​လွန်ခဲ့​ရင် အခုလွှတ်​ပေး​တာကို ခံဝန်ချုပ်သ
ဘောမျိုး​ပေါ့​၊​ အဲလိုမျိုး​ဖတ်ပြတယ်။ အဲဒါကို

ဖတ်ပြ​တော့​ မစုက မထိုး​နိုင်ဘူး​လို့​ ပြောလိုက်တယ်။ လက်မှတ်ထိုး​မှ
လွှတ်မယ်ဆိုရင်​တော့​ မထွက်ဘူး​။ နောက် ၁၀ နှစ်တိုး​ပါ။ ၁၀ နှစ်ထပ်ပြည့်
သွား​လို့​ လက်မှတ်ထိုး​ခိုင်း​ရင်လည်း​ မထွက်နိုင်ဘူး​။ အဲဒီလို
ပြောလိုက်​တော့​ ပြန်သွား​တယ်။ ပြန်သွား​ပြီး​တော့​ နောက် ၉ နာရီ

၄၅ မိနစ်​လောက်ကျမှ လက်မှတ်မထိုး​လည်း​ လွှတ်​ပေး​ပါတယ်ဆိုပြီး​ လာ​ပြောတယ်။”

ထောင်တွင်း​မှာ သတင်း​တွေဘာ​တွေ​ကော ဖတ်လို့​ ကြား​ရတာမျိုး​ ရှိလား​။
ဂျာနယ်​တွေဘာ​တွေ ရောက်လား​။

“ဂျာနယ်​တွေဘာ​တွေ​ပေး​ဖတ်တယ်။ သတင်း​စာလည်း​ ပုံမှန်​ပေး​ဖတ်တယ်။ သတင်း
က​တော့​ မပြတ်ပါဘူး​။ စာအုပ်​တွေဘာ​တွေလည်း​ ပေး​ဖတ်တယ်။ တ​ယောက်တည်း
ထား​ပေမယ့်​ စာဖတ်ခွင့်​တော့​ ရှိပါတယ်။ ဟိုဘက်​တွေနဲ့​ ဆက်သွယ်ခွင့်
မရှိတာ။ ဆက်သွယ်ခွင့်

စကား​ပြောခွင့်​ အဲဒါ​တော့​ ပိတ်ထား​တယ်။”

တီဗွီ​တွေဘာ​တွေ​ကော ကြည့်​ခွင့်​ရှိလား​။

“တီဗွီက​တော့​ ကြည့်​လို့​မရဘူး​။”

အခုဂျာနယ်​တွေလည်း​ တချို့​ဟာ​တွေ ရေး​လာတာ​တွေရှိလာ​တော့​ အစ်မအ​နေနဲ့
ဦး​သိန်း​စိန် အစိုး​ရလက်ထက်က ပြောင်း​လဲလာတဲ့​ နိုင်ငံ​ရေး​အ​ပေါ်မှာ
ကော ဘယ်လိုမြင်ပါလဲ။

“နိုင်ငံ​ရေး​က​တော့​ ကျမတို့​ သတင်း​စာနဲ့​ ဂျာနယ်နဲ့​ ဖတ်​နေတဲ့​အ
ပေါ်မှာ ကျမတို့​ဘက်က ထင်မြင်ချက်က​တော့​ လွှတ်​တော်နိုင်ငံ​ရေး​ပုံစံဖြစ်
နေတယ်လို့​ ထင်ပါတယ်။”

ဒီအ​ပေါ်မှာ​ကော​ ဘယ်လိုမျိုး​ ပြောချင်လဲ။

“အခုချိန်မှာ​တော့​ ဘာမှ​တော့​ မ​ပြောချင်ပါဘူး​။ ကျမတို့​လည်း
ထောင်ကလွတ်လာတာ အခုရန်ကုန်လည်း​ မ​ရောက်​သေး​ဘူး​။ ခန္တီး​မှာပဲ ရှိ​သေး
တာဆို​တော့​ အပြင်ရဲ့​ လုပ်​ဆောင်​နေတာကို ဘာမှလည်း​ သေ​သေချာချာ မသိရ
သေး​ဘူး​။ ဂျာနယ်​တွေနဲ့​ သတင်း​စာ​ပေါ်မှာ

ကြည့်​ပြီး​တော့​ ကောင်း​တယ်၊​ ဆိုး​တယ် ဘာမှမ​ပြောချင်ပါဘူး​။”

ရန်ကုန်ကို ဘယ်​တော့​ပြန်မလဲ။

“တနင်္ဂ​နွေ​နေ့​မှာ ပြန်မယ်။”

တခြား​ ဘာများ​ပြောချင်တာ ရှိဦး​မလဲ။

“ကျန်​နေခဲ့​တဲ့​ အကျဉ်း​သူ အကျဉ်း​သား​တွေအ​ပေါ်မှာ စိုး​ရိမ်တယ်။ နေခဲ့
ရတဲ့​ ထောင်တွင်း​အ​ခြေအ​နေ​တွေနဲ့​ ကျမတို့​ပြန်လွတ်လာတဲ့​အချိန်မှာ
ကျန်​နေခဲ့​တဲ့​ ဘဝတူ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ အကျဉ်း​သူ​တွေ လွတ်
စေချင်တယ်။ ကျမတို့​ထောင်ထဲမှာ တော်​တော်ခါး​ခါး

သီး​သီး​နဲ့​ ဖြတ်သန်း​ခဲ့​ရတယ်။ တိုက်ခိုက်မှုမျိုး​စုံ​တွေနဲ့​ ဖြတ်သန်း
ခဲ့​ရတယ်။ အဲဒါ​ကြောင့်​ ကျမတို့​ လွတ်လာတဲ့​အခါမှာ ကျမတို့​နောက်မှာ
ကျန်​နေခဲ့​တဲ့​ လုပ်​ဖော်ကိုင်ဖက် နိုင်ငံ​ရေး​အကျဉ်း​သူ အကျဉ်း​သား
တွေကို စိုး​ရိမ်တယ်။”

ပြန်လွတ်လာပြီဆို​တော့​ ရှေ့​ဆက်ဘာ​တွေ လုပ်​ဆောင်ဖို့​ စိတ်ကူး​ထား​လဲ။

“ဒီအချိန်မှာ စောပါ​သေး​တယ်ရှင်။”

မစုစု​နွေး​ဟာ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်(အန်အယ်လ်ဒီ) အဖွဲ့​ဝင်
တဦး​ဖြစ်ပြီး​ လူ့​အခွင့်​အ​ရေး​အတွက် လှုပ်ရှား​နေသူပါ။

၂၀၀၇ ခု စက်တင်ဘာ သံဃာ့​အ​ရေး​အခင်း​နဲ့​ပတ်သက်ပြီး​ စစ်အာဏာပိုင်​တွေက
သူ့​ကို ဖမ်း​ဆီး​ပြီး​ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့​တာပါ။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */