“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Saturday, October 01, 2011

အာစီယံနိုင်ငံများကဲ့သို့ ယာဉ်လိုင်းများ၏ ယာဉ်စီးခပေးချေမှုစနစ်ကို i pay card ဖြင့် ပေးချေနိုင်တော့မည်

ဥာဏ်ဥာဏ်(မြစ်မခ) စက်တင်ဘာ ၃၀။ ရန်ကုန်မြို့။(ပေးပို့ သူ-ဗမာ့သွေး)
ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရီးသည်တင် ယာဉ်လိုင်းများ၏ ယာဉ်စီးခ ပေးချေမှုစနစ်ကို အာဆီယံနိုင်ငံ များကဲ့သို့ i pay card ဖြင့် ယခုနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း Kispa Nadi Express Ltd ကုမ္ပဏီမှ စုံစမ်း သိရှိရသည်။

“လောလောဆယ်မှာ ပြင်ဆင်စရာ အသေးစိတ် အချက်အလက်တွေနဲ့ ဆော့ဖ်ဝဲပိုင်းတွေ လုပ်နေပါတယ်။ အကြမ်းဖျင်းလောက်ပဲ ရှိသေးတယ် ဒီနှစ်တွင်းမှာတော့ အကောင်အထည် ဖော်သွားနိုင်ဖို့ သေချာပါတယ်” ဟု Kispa Nadi Express Ltd ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။



(MD)i pay card စနစ်သည် Digital Electronic စနစ်ဖြစ်ပြီး ယာဉ်လိုင်းများပေါ်တွင် ခရီးသည်များက ကတ်တစ်ခုလျှင် ကျပ် ၅၀၀ တန်မှစ၍ ဝယ်ယူ ထားရှိပြီး အဆိုပါကဒ်ကို အလွယ်တကူ ၀ယ်ယူရရှိနိုင်ရန်အတွက်လည်း မြို့နယ်များရှိ စတိုးဆိုင်များနှင့် စူပါမားကတ်များတွင် ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သိရသည်။



“ ကဒ်တစ်ခုကို ငွေကျပ် ၂၀၀ တန် ကနေပြီးတော့ ၅၀၀ လောက်အထိ ၀ယ်လို့ရတယ် အဲ့ငွေဖြည့်ကဒ်ကိုလည်း အလွယ်တကူ ၀ယ်နိုင်အောင်လို့ ကားဂိတ်တွေ ၊ ကားမှတ်တိုင်၊ ယာဉ်အကူတွေဆီကလည်း ၀ယ်လို့ရအောင်လို့လဲ အစီအစဉ်ရှိတယ် ပြီးတော့ ယာဉ်လိုင်းဌာနခွဲ၊ မီးရထားဘူတာရုံ ၊ အဝေးပြေးဂိတ်၊ သင်္ဘောဆိပ်၊ ကုန်စုံဆိုင်တွေနဲ့ စူပါမားကတ်တွေမှာ ဖြန့်ဖြူးထားဖို့ အစီအစဉ်ရှိတယ်” ဟု Kispa Nadi Express Ltd ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



အဆိုပါစနစ် အသုံးပြုရာတွင် ခရီးသွား ပြည်သူများ၏ ငွေအကြွေ ပြန်အမ်းငွေ မရရှိခြင်း၊ ယာဉ်ပိုင်ရှင်များမှ နေ့စဉ် ရရှိငွေကို အတိအကျ မသိရှိရခြင်းများ ပပျောက်သွားမည် ဖြစ်ပြီး စက်အတွင်း၌ ၇ ရက်စာ Data အချက်အလက်များ မှတ်သား ထားနိုင်ကြောင်း၊ ယင်းစက်အား ထုတ်လုပ်စမ်းသပ်သည့် ကုမ္ပဏီမှ တစ်နှစ်အာမခံ ထားပေး၍ စက်ချွတ်ယွင်းမှု ဖြစ်ပေါ်လာပါက စက်တန်ဖိုးနှင့် ပြင်ဆင်စရိတ်များအား အခမဲ့ ပြုပြင်ပေးမည်ဖြစ်ပြီး သတ်မှတ်ကာလ ကျော်လွန်သည့် အချိန်တွင်အခမဲ့ပြုပြင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။



“ အကြွေပြန်အမ်းတဲ့ ကိစ္စနဲ့ စကား မများရတော့ဘူးပေါ့။ အထူးကားတွေက ပိုအဆင်ပြေမယ် ထင်တယ်။ ၅၀ တန်၊ ၁၀၀ တန် ပေးစီးရတဲ့ ကားတွေဆိုရင် လူကျပ်လို့ အဆင်ပြေမှာ မဟုတ်ဘူး။ အဲဒီစနစ်ကို သေချာ သုံးပြီဆိုရင် ယာဉ်နောက်လိုက်က ပိုက်ဆံခိုးလို့ ရတော့မှာ မဟုတ်ဘူး” ဟု ယာဉ်မောင်းတစ်ဦးက ဆိုသည်။



အဆိုပါ ငွေပေးချေမှုစနစ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သည့် အခါ၌ တပ်ဆင်လိုသည့် ကားတစ်စီးလျှင် ငွေဖြတ်စက်

တစ်လုံးကို ၂ လအတွင်း အစမ်း ထားရှိပေးမည်ဖြစ်ပြီး စက်တပ်ဆင်ထားမှု မရှိသော ယာဉ်များတွင်လည်း ယခုအချိန်ကဲ့သို့ ငွေသားဖြင့် သွားလာခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။



စမ်းသပ်ကာလတွင် ယာဉ်ပိုင်ရှင်များထံမှ ရင်းနှီးကုန်ကျငွေ မတောင်းဆိုဘဲ စတင်ရောင်းချသည့် ကာလမှ ၂ လကျော်သည့် အခါ ကျပ် ၃၀၀၀ တန်ကတ်အား ကျပ် ၂၀၀ ဖြင့် ရောင်းချပေးမည် ဖြစ်ကြောင်း ယင်းကတ်၏ တန်ဖိုးမှာ အာဆီယံနိုင်ငံများ၌၅ဒေါ်လာတန်ဖိုးရှိကြောင်းသိရသည်။



i pay card သည် လူတစ်ဦးတွင် ၁ ကတ်ရှိလျှင် လုံလောက်စွာ အသုံးပြုနိုင်မည် ဖြစ်ပြီး ယာဉ်ပေါ်သို့ တက်လာသည့်အခါ ကတ်အား ငွေဖြတ်စက်ဖြင့် အချိန် ၀.၁ စက္ကန့်ထိရုံဖြင့် ငွေပေးချေနိုင်ကြောင်း၊ ကတ်တစ်ကတ်တည်းမှ ငွေပမာဏ လောက်ငပါက အခြားသူများ၏ ယာဉ်စီးခကိုလည်း ထပ်မံ ပေးချေနိုင်ကာ ငွေလက်ကျန် ပမာဏနှင့် ပေးချေလိုက်ရသည့် ငွေပမာဏကိုပါ တစ်ခါတည်း သိရှိနိုင်ရန် LED စနစ်နှင့် Entryption Key Security Technology နည်းပညာကို အသုံးပြုထားကြောင်း သိရသည်။



အဆိုပါ i pay card အသုံးပြုမှုနှင့် ပတ်သက်၍ လည်းတန်းနေ တစ်ဦးက “ကိုရီးယား ကားတွေမှာ လုပ်တာတော့ တွေ့တယ်။ ဘာပဲဖြစ်ဖြစ် စပယ်ယာနဲ့ စကား မပြောရတော့ဘူးပေါ့။ ခရီးသည်အားလုံး အဆင်ပြေမယ် ထင်ပါတယ်။ ကတ်မရှိတဲ့ သူကလည်း ပိုက်ဆံပေးစီးလို့ ရသေးတယ်ဆိုတော့ ပိုကောင်းတာပေါ့” ဟု ဆိုသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */