“၂၀၁၀ ကမ္ဘာ့ လူအခွင့်အရေး၏ တိုက်ပွဲနှစ်” မြန်မာ့သွေးအနီရောင် မညစ်စေနဲ့ ။ စစ်ကျွန်ဘ၀လွှတ်မြောက်ကြဖို့  တော်လှနှ်ရေးသို့ အသင့်ပြင်

Sunday, October 02, 2011

ယနေ့ နေ့လည်၁၂ ခွဲ ၀န်းကျင်တွင် ပြည်မြန်မာကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွား၊၂ဦးဖမ်းဆီးထား

by Myit Makha Mediagroup on Sunday, October 2, 2011 at 5:51pmကျော်ဇင်မန်း(မြစ်မခ)
အောက်တိုဘာလ ၂၊ ရန်ကုန်မြို့။(ပေးပို့ သူ-ဗမာ့သွေး)
၂၀၁၁ ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့ နေ့လည် ၁၂ ခွဲ ၀န်းကျင်တွင် လှည်းတန်းပြည်မြန်မာ ကုန်တိုက် အနီးတွင် လူဦးရေ (၂၀) ၀န်းကျင်ခန့် ဆန္ဒပြမှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ပြည်မြန်မာအဆောက်အအုံအား လေလံအောင်ပြီးနောက် ပြည်မြန်မာကုန်တိုက် အတွင်းနှင့်ဘေးပတ်ဝန်းကျင်ရှိ ဆိုင်ခန်းများအား နစ်နာကြေးတစုံတရာမှ ပေးခြင်းမရှိဘဲ ဖယ်ရှားခိုင်းခဲ့သောကြောင့်၊ ဖယ်ရှားပေးရသူများမှာ ဆိုင်ခန်းများအစား သင့်တော်သော နေရာတစ်နေရာတွင် ဆိုင်ခန်းပြန်ဖွင့်နိုင်ရန် စီစဉ်ပေးနိုင်ရေးအတွက် ဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။



`အဓိကကတော့ ကျွန်တော်တို့ ငှားရမ်းဝယ်ယူထားတဲ့ဆိုင်ခန်းတွေကို သိမ်းဆည်းသွားတဲ့အတွက် သင့်တော်တဲ့နေရာမှာ ပြန်လည်စီစဉ်ပေးဖို့တောင်းဆိုတာပါ။ ဒီနေရာလေးမှာလဲ ၁၀ နှစ်မကလုပ်လာတာပါ။

သိန်းကိုဆယ်နဲ့ချီပြီးဝယ်ထားရတဲ့သူတွေပါ။ အချို့ဆိုင်ခန်းတွေဆို သိန်း ၁၅၀ ကျော်ထိ ပေးခဲ့ရတယ်၊ အဲဒါကိုဖယ်ခိုင်းတယ်၊ နေရာပေးတာမျိုး၊ တစုံတရာ ဆောင်ရွက်ညှိုနိုင်းပေးတာမျိုးလည်း မရှိဘူး။ ချက်ခြင်းကြီးမောင်းချတာ ´ ဟု ဆန္ဒပြသူများထဲတွင်ပါဝင်သူတစ်ဦးကပြောသည်။



ပြည်မြန်မာကုန်တိုက်အတွင်းတွင် ဆိုင်ခန်းပေါင်း (၉၈)ခန်းရှိပြီး၊ အလုပ်သမားဝန်ထမ်းပေါင်း ၂၀၀ ၀န်းကျင်ခန့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်းသိရှိရသည်။ ထိုထဲမှ အချို့ဆိုင်ခန်းရှင်များမှာ အရောင်းအ၀ယ်စာချုပ်ဖြင့် ဆိုင်ခန်းများအား ၀ယ်ယူထားသူများလည်း ပါဝင်နေကြောင်း သိရှိရသည်။



လေလံအောင်ပြီးနောက် ပြောင်းရွှေ့ပေးရ သည့်အချိန်မှစ၍ ငါးလကျော်ကြာသည်အထိ သက်ဆိုင်ရာမှ စီစဉ်ပေးမှုတစ်စုံတစ်ရာမရှိမှုကြောင့် ယခုလိုဆန္ဒပြရခြင်း ဖြစ်ကြောင်း ပြောဆိုချက်များကြောင့် သိရသည်။

အဆိုပါ ဆိုင်းခန်းများအား ငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နိုင်ငံတော်သမ္မတကြီးထံသို့ ၂၀၁၁ ခုနှစ် မေလ တွင် အသနားခံစာတင်ထားခဲ့ကြောင်းသိရှိရသည်။



ယနေ့ ဆန္ဒုပြရခြင်းမှာ ဆိုင်ခန်းငှားရမ်းလုပ်ကိုင်ခဲ့သူများအနေဖြင့် နစ်နာနေသောကြောင့် စာနာထောက်ထားသော အားဖြင့် တစုံတရာဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်းဖြစ်ကြောင်း အဆိုပါ ဆန္ဒပြနေသူ တစ်ဦးက ပြောသည်။



ထိုဆန္ဒပြခြင်းသည် ၁၂ နာရီခွဲဝန်းကျင်မှစ၍ နာရီဝက်ခန့်ကြာမြင့်ပြီး လူဦးရေ (၂၀)၀န်းကျင် ပါဝင်ကြောင်းသိရသည်။

`ကျွန်တော်တို့ ဆန္ဒပြကြတဲ့အထဲက အမျိုးသမီး(၂) ဦးကို ဖမ်းသွားတယ်။ သူတို့က ဆိုင်းဘုတ် အကြီးတွေ ကိုင်ပြီးဆန္ဒပြကြတဲ့သူတွေပါ ´ ဟု ပြည်မြန်မာကုန်တိုက်အတွင်းတွင် မိုးကျော်နာရီပြင်ဆိုင် ဖွင့်ခဲ့သူ ကိုလှိုင်မိုးကပြောသည်။



ဖမ်းဆီးခံရသူ နှစ်ဦး၏အမည်များမှ မခင်မျိုးလွင်နှင့် မသီတာတို့ဖြစ်ပြီး အသက်(၃၀)၀န်းကျင်ရှိကြောင်းသိရသည်။ ၎င်းတို့ကိုင်ဆောင်ထားသောဆိုင်းဘုတ်များတွင် `ပြည်မြန်မာကုန်တိုက်မှ ဆိုင်ခန်းပိုင်ရှင်များ နစ်နာဆုံးရှုံးမှုများအတွက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုသည်´ ဟုရေးထားကြောင်း သိရသည်။



ထိုဖမ်းဆီးထိန်းသိမ်းခံထားရသူ(၂)ဦးနှင့်ပတ်သတ်၍ ဖမ်းဆီးခေါ်ဆောင်သွားသော ကမာရွတ်မြို့နယ် မ.ယ.က ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ထိုဖမ်းဆီးခြင်းခံထားရသူများအားပြန်လည် လွှတ်ပေး လိုက်ပြီဖြစ်ကြောင်း မ.ယ.က ရုံးမှတာဝန်ရှိသူတစ်ဦးကပြောသည်။



သို့သော် မ.ယ.က ရုံးအနီးတွင် စောင့်ဆိုင်းနေသော ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရသူ မခင်မျိုးလွင်၏အမဖြစ်သူ မစိုးက မခင်မျိုးလွင်တို့အား ပြန်လွှတ်ပေးခြင်းမရှိသေးကြောင်း ၎င်းတို့ကိုလည်း ရုံးအတွင်းသို့ဝင်ခွင့်မပြုကြောင်း ပြောသည်။



`သူတို့ပြန်လွှတ်မပေးသေးပါဘူး။ ကျွန်မက ကျွန်မညီမလေးကိုခေါ်သွားကတည်းက ဒီရုံးနားမှာ ထိုင်စောင့်နေတာပါ။ ရုံးထဲကိုလဲ ၀င်ခွင့်မပေးပါဘူး။ ကျွန်မညီမလေးကိုစိတ်ပူလို့ပါ ´ဟု ဖမ်းဆီးထိန်းသိမ်ခြင်းခံထားရသူ မခင်မျိုးလွင်၏အမ မစိုးကပြောသည်။



ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏ လေလံစာရင်းထဲတွင်ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ ၁ရက်နေ့တွင် ဆိုင်ခန်းများအား အပြီးပြောင်းရွှေ့ပေးရမည်ဟု ၂၀၁၁ ခုနှစ် မေလနောက်ဆုံးပတ်တွင် ကြော်ငြာချက်ထုတ်ပြန်ခဲ့ကြောင်း ဆိုင်ရှင်များထံမှ သိရသည်။

`ဒီပြည်မြန်မာကုန်တိုက်ကို လေလံအောင်တာက အေအေ အင်တာပရိုက်ကပါ၊ သူတို့က အရင်စီးပွားကူးသန်းကနေ အရောင်းအ၀ယ်စာချုပ်တွေနဲ့ ချုပ်ပြီးရောင်းခဲ့တဲ့ သူတွေကို ကျေနပ်အောင် တစုံတရာ ဆောင်ရွက်ပေးထာမျိုး ညှိုနှိုင်ဆောင်ရွက်ပေးတာမျိုး လုပ်ပေးမယ်ဆိုရင်တော့ ခုလောက်ထိ မဖြစ်နိုင်ပါဘူး၊ ညှိုနှိုင်ဆောင်ရွက်ပေးသင့်တယ်`ဟု လှည်တန်းဈေးအနီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။Rest of your post

0 comments:

 
----------------------------------------- */ /* EOT ----------------------------------------- */